နမ္မတူမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူ ၂၆၀ ကျော်အတွက် အစားအစာများ လိုအပ်နေ


နမ္မတူ၊မေ ၁၂ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊နမ္မတူမြို့နယ်ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်း၌လက်နက်ကိုင်အဖွဲ့၎ဖွဲ့ကြားတွင်နေထိုင်သောဒေသခံများသည်စစ်မက်ဖြစ်ပွားမည်ကိုစိုးရိမ်ကြသဖြင့်မေလ၁၁ရက်နေ့နေ့လယ်ပိုင်းအချိန်မှစတင်၍နမ္မတူမြို့ပေါ်ရှိရွှေမြင်သာဘုန်းတော်ကြီးကျောင်းသို့ရွှေ့ပြောင်းတိမ်းရှောင်နေကြသည်မှာ၁၂ရက်ညနေပိုင်းအထိဖြစ်ကြောင်းနမ္မတူမြို့မရဲစခန်းမှရဲမှူးကြီးမြရွှေကAHNသို့ပြောသည်။

မေလ၁၁ရက်ညပိုင်းအထိဆိုက်ခေါင်ကျေးရွာအုပ်စု(၈)အုပ်စုရှိအိမ်ထောင်စုပေါင်း ၇၆စု မှ ကျား( ၈၃)ဦးနှင့် မ(၁၄၄)ဦးစုစုပေါင်း လူဦးရေ ၂၂၇ရောက်ရှိလာကြောင်း၊ မေလ ၁၂ရက်နေ့လယ်ပိုင်းတွင် နောက်ထပ် ၃၇ဦးထပ်မံရောက်ရှိလာကြောင်း၊ စစ်ရှောင်သူများမှာ (ယနေ့)မေလ ၁၂ရက်ည၉နာရီအထိနေရပ်ပြန်သူများမရှိသေးဘဲထပ်မံရောက်ရှိလာသူများသာရှိကြောင်း ၊စစ်ရှောင်သူများအတွက် ဆန်၊ဆီနှင့်စားသောက်စရာများအဓိကလိုအပ်လျက်ရှိကြောင်း နမ္မတူမြို့နယ်စစ်ရှောင်ပြည်သူများအားကူညီထောက်ပံ့ပေးရေးကော်မတီအတွင်းရေးမှူးနှင့် မိတ်ဆွေကောင်းပရဟိတအသင်း အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအောင်ဆန်းမြင့်ကပြောသည်။


ဆိုက်ခေါင်ကျေးရွာအုပ်စုသည်နမ္မတူမြို့၏အရှေ့ဘက်တစ်မိုင်ကျော်ခန့်အကွာတွင်တည်ရှိကြောင်း၊ဆိုက်ခေါင်ကျေးရွာအုပ်စု အတွင်းတွင်ကျေးရွာပေါင်း ၁၁ရွာပါရှိကြောင်းဒေသခံတစ်ဦးကပြောသည်။
“ မေလ ၁၀ရက်နေ့ညကရွာနားမှာ သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားရပါတယ်။ အသံတွေကြားလို့မနေရဲတော့တာနဲ့ဆိုက်ခေါင်ဘုန်းကြီးကျောင်းကို ထွက်လာခဲ့တာပါ။ ဒီကျောင်းကနေတစ်ဆင့်ကားတွေလာကြိုလို့ နမ္မတူဘုန်းကြီးကျောင်းကိုရောက်လာတာပါ။ အရမ်းကြောက်လို့မပြန်ရဲသေးပါဘူး”ဟု ဆိုက်ခေါင်ကျေးရွာအုပ်စုတွင်ပါဝင်သည့် ရထားသံလမ်းဟောင်း အောက်ဘက်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

မေလ၁၀ရက်ညက လက်နက်ကြီးသံအချို့ကြားရသော်လည်း နမ္မတူမြို့ပတ်ဝန်းကျင်တွင် မေလ ၁၂ ရက်ည ပိုင်းအထိတိုက်ပွဲများ ဖြစ်ပွားမှုမရှိကြောင်း နမ္မတူမြို့ရှိအစိုးရ၀န်ထမ်း တစ်ဦးကပြောသည်။

ချမ်းမြမြငြိမ်း
PHOTO - AHN
The Asia Heart News
နမ္မတူမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူ ၂၆၀ ကျော်အတွက် အစားအစာများ လိုအပ်နေ နမ္မတူမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူ ၂၆၀ ကျော်အတွက် အစားအစာများ လိုအပ်နေ Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.