အမ်းမြို့နယ်တွင် ကားတစ်စီးတိမ်းမှောက်ရာမှ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ


နိရဉ္စရာ၊ မေလ ၁၂

ရခိုင်ပြည်နယ် အမ်းမြို့နယ် သံပရာကျေးရွာအနီးတွင် ရမ်းဗြဲမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ ကားမောင်းသူမှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်တွင် အတူလိုက်ပါ လာသူ ၃ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၎င်းကားသည် ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် မိုင်တိုင်အမှတ် (၁၅)မိုင် (၂) ဖာလုံ နှင့်(၃)ဖာလုံကြားတွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ရာမှ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ ပြောသည်။


သေဆုံးသွားသူမှာ မန္တလေးမြို့တွင်နေထိုင်သူ မိုးကျော်သိန်း (၄၄) နှစ် (ဘ) ဦးမောင်ချေ ဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူများမှာ ဦးလုံးတင် (၄၄)နှစ် ဖြစ်ပြီး လက်ကျိုးသွားကြောင်း၊ ကျော်ဇောဝင်း (၂၃)နှစ်နှင့် ကောင်းမြတ် (၁၈)နှစ်တို့ တွင် သာမန်ပွန်းပဲ့ဒဏ်ရာ အသီးသီး ရရှိ သွားကြောင်း၊ ယခုအခါ အမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒုရဲမှူး သောင်းလွှင်ကပြောသည်။

ကားအမျိုးအစားမှာ လင်ခရူဇာ အိမ်စီးကားဖြစ်ပြီး ကားပေါ်တွင်ပါလာသူ လူ ၄ ဦးစလုံးမှာ မန္တလေးမြို့ နေထိုင်သူ ဖြစ်ကြသည်ဟု သိရသည်။

ဒေသခံများမှ သတင်းပေးပို့သဖြင့် အမ်းမီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဌေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးဖြင့် ကူညီကယ်ဆယ်ခဲ့ကြောင်းသိရသည်။

ကျော်ဝင်းနှင့် မဘုကေ
(Photo by Tone Tone)
Narinjara
https://www.facebook.com/Narinjara
အမ်းမြို့နယ်တွင် ကားတစ်စီးတိမ်းမှောက်ရာမှ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ အမ်းမြို့နယ်တွင် ကားတစ်စီးတိမ်းမှောက်ရာမှ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.