8 November 2022

မုံရွာက ခမရ ၁၆ အရာရှိအိမ်ရာကို လက်နက်ကြီးနဲ့ ပစ်ခံရ

သတင်း - ဒိန်းဂျား၊ စာတည်း - ဇို

မုံရွာ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း မုံရွာမြို့  အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ ခမရ ၁၆ ထဲက အရာရှိအိမ်ရာကို မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး နိုဝင်ဘာ ၇ရက် မနေ့က ညပိုင်းမှာ ၄၀ မမ နဲ့ ပစ်ခဲ့တယ်လို့ Golden Trangl Force တပ်စိပ်မှူးဆီက သိရပါတယ်။

မနေ့ကည ၈ နာရီဝန်းကျင်လောက်မှာ အမှတ် ၁၆ ခြေမြန်တပ်ရင်းထဲက အရာရှိအိမ်ရာထဲကို ၄၀ မမ ၄ လုံးပစ်ခဲ့တာ ၂ လုံးပဲ ရိပ်သာထဲကျပြီး ကျန် ၂ လုံးက မပေါက်ကွဲခဲ့ဘူးလို့ Golden Trangl Force တပ်စိပ်မှူး က ပြောပါတယ်။

"၄ လုံးပစ်တာမှာ ၂ လုံးပဲ အောင်တယ်။ ၂ လုံးကတော့ အရာရှိရိပ်သာထဲကျတာ၊ သေဆုံးမှုကတော့ မသိရဘူး။ တယောက်ကတော့ ခြေထောက်ထိသွားလို့ ဆေးရုံကြီးကို လူနာတင်ကားနဲ့ ခေါ်သွားတယ်။ ပထမ ကြားရတာက မုံရွာမြို့  ပြည်သူ့ဆေးရုံလို့ ကြားတာ။ နောက်တော့ စစ်ဆေးရုံကို ပို့လိုက်တယ်" လို့ ပြောပါတယ်။

မနေ့ကညက  တိုက်ခိုက်မှုမှာ ရွှေတြိဂံ (GTF) Chindwin attact Force တပ်ရင်း ၂ တပ်ခွဲ ၄ နဲ့ Fight For People အဖွဲ့တို့ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း ယင်းမာပင်မြို့ က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

No comments:

Post a Comment