8 November 2022

လေယာဉ်ဗုံးအသုံးပြုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးဟုဆို

ပုံ - မြို့လှ KPDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

ကသာ - နိုဝင်ဘာ ၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ချောင်းဝကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က  မြို့လှ KPDF အဖွဲ့က စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း သိရသည်။

စစ်သည်အင်အား ၇၀ ကျော်ဝန်းကျင်ပါ တပ်မ ( ၇၇ ) စစ်ကောင်စီစစ်ကြောင်းအား လေယာဉ်ဗုံးတစ်လုံးနှင့် လက်လုပ်မိုင်း ၇ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ 

“ထွက်လာတုန်းက ၇၇ ယောက်ပါတာ။ အတိအကျရေထားတာ။ ရွာထဲဝင်တော့ ၇၀ အတိပဲ ဝင်လာတယ်။ ၇ ယောက်ပွဲချင်းပြီးသေတယ်” ဟုပြောသည်။

လေယာဉ်ဗုံးဆိုသည်မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ရာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးကို ပြန်လည်ပြင်ဆင်အသုံးပြုခြင်းဖြစ်ပြီး ၎င်းမိုင်းအမျိုးအစားမှာ သာမန်လက်လုပ်မိုင်းများထက် ပြင်းအားပိုမိုသာလွန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခြင်း ရှိ၊ မရှိကိုမူ The 74 Media က သီးခြားအတည်မပြုနိုင်သေးပါ။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း အဆိုပါ တပ်မ ( ၇၇ ) စစ်ကောင်စီစစ်ကြောင်းအား မြို့လှ KPDF အဖွဲ့က ကသာမြို့နယ် ချောင်းဝကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကြောင်း သိရသည်။


The 74 Media a

No comments:

Post a Comment