အပူလှိုင်းဖြတ်သန်းမှုကြောင့် ကနေဒါတွင် ၃၃ ဦး သေဆုံး


တိုရွန်တို ဇူလိုင် ၆

ကနေဒါနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာတွင် ယနေ့အထိ သေဆုံးသူ ၃၃ ဦးရှိလာကြောင်း ကနေဒါသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစတင်ကာ ကနေဒါနိုင်ငံအတွင်း ၌ အပူလှိုင်းစတင်ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ပျမ်းမျှအပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း ကနေဒါမိုးလေဝသဦးစီးဌာနက အတည်ပြုခဲ့သည်။

 ဖြစ်ပေါ်နေသောပျမ်းမျှအပူချိန်မှာ ကနေဒါနိုင်ငံတွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသော အပူချိန်ထက် သိသိသာသာမြင့်မားနေသည့် အပြင် လေထုအတွင်း၌ ရေငွေ့ပါဝင်မှုနှုန်းမြင့်မားသည့် အခြေအနေများ ပါ ဖြစ်ပေါ်လာခြင်းကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 သေဆုံးသူ ၃၃ ဦးရှိခဲ့ရာတွင် အများဆုံးသေဆုံးသည့်အသက်အရွယ်မှာ အသက် ၅ဝ မှ အသက် ၈ဝ အရွယ်ကြားရှိသူများဖြစ်ကြောင်းလည်း ကနေဒါကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 အပူလှိုင်း ဖြတ်သန်းမှုကြောင့် ကြီးမားသည့်ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့် ပြည်နယ်များထဲ၌ နိုင်ငံတောင်ပိုင်းရှိ ကွီဘက်ပြည်နယ်သည် အခြေအနေ အဆိုးဆုံးဖြစ်ကြောင်းလည်း သိရသည်။

NG(Ref;AFP)
The Union Daily
https://www.facebook.com/uniondaily.net/
အပူလှိုင်းဖြတ်သန်းမှုကြောင့် ကနေဒါတွင် ၃၃ ဦး သေဆုံး အပူလှိုင်းဖြတ်သန်းမှုကြောင့် ကနေဒါတွင် ၃၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.