ကန် လုပ်ငန်းရှင်တွေကို မြောက်ကိုရီးယား အလုပ်သမား မခန့်ဖို့ သတိပေး

Photo: AFP
 အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လုပ်ငန်းရှင်တွေကို မြောက်ကိုရီးယား အလုပ်သမားတွေ ခန့်အပ်ခြင်းမပြုဖို့ သမ္မတ ထရမ့် အစိုးရက ဒီအပတ်အတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ရာမှာ မြောက်ကိုရီးယားတွေနဲ့ စီးပွားရေးအရ ပတ်သက်ဆက်ဆံရင် ဒဏ်ငွေအပြင် ရာဇဝတ်မှုနဲ့ တရားစွဲခံရမယ်လို့ ဖော်ပြထားကြောင်း မနေ့က သတင်းရပါတယ်။

ကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ မြောက်ကိုရီးယား အလုပ်သမားတွေ သွားရောက်လုပ်ကိုင်နေကြတဲ့ ကမ္ဘာ့နိုင်ငံ ၄ဝ ကျော်နဲ့ စက်မှုလုပ်ငန်းတွေကို ဖော်ပြထားပြီး အဲဒီ အလုပ်သမားတွေရဲ့ ရရှိငွေ ၇ဝ% ကို မြောက်ကိုရီးယားအစိုးရက အခွန်အဖြစ် သိမ်းယူနေတဲ့အတွက် ကုလသမဂ္ဂ ပိတ်ဆို့ပြဌာန်းချက်ကို ချိုးဖောက်ရာကျကြောင်း သတိပေးထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို တစ်ရက် နာရီ ၂ဝ လောက်အထိခိုင်းစေပြီး အားလပ်ရက်လည်း အနည်းငယ်လည်းရတယ်လို့ ဆိုပါတယ်။ ဒါဟာ လူကုန်ကူးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျုံးဝင်နေကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကန် လုပ်ငန်းရှင်တွေကို မြောက်ကိုရီးယား အလုပ်သမား မခန့်ဖို့ သတိပေး ကန် လုပ်ငန်းရှင်တွေကို မြောက်ကိုရီးယား အလုပ်သမား မခန့်ဖို့ သတိပေး Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.