ပေါင်မြို့နယ်တွင် လေပြင်းများတိုက်ခတ်မှုကြောင့် အိမ် ၄၄ လုံး အမိုးလန်ကာ ၂ လုံးပြို


ပေါင် ၊ ဇူလိုင် ၊ ၂၇

ဇူလိုင် ၂၆ ရက် ညနေပိုင်းကတိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ပေါင်မြို့ကဒါရပ်ကွက်မြို့သစ်ရှိ လမ်းများမှ အိမ်၄၂လုံး အမိုးပျက်ဆီးခြင်း အိမ်၂လုံးပြိုကျသွားခြင်း လမ်းမီးဓာတ်တိုင် ပျက်စီးခြင်းနှင့်အတူ ကဒုံစီးရပ်ကွက်ရှိ အိမ် ၂ လုံးအမိုးလန် မှုများ ဖြစ်ပွားခဲ့သည်။


လေဆင်နှာမောင်းတိုက်ခတ်ပျက်စီးရာနေရာသို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့များ ပေါင်မြို့နယ်လျှပ်စစ်မှူးနှင့်အဖွဲ့များ ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့်အဖွဲ့များ ပေါင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် တာဝန်ရှိသူများ ရောက်ရှိလာကြပြီး ရှင်းလင်းရေးများ ပူပေါင်း ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

Iprd Paung
ပေါင်မြို့နယ်တွင် လေပြင်းများတိုက်ခတ်မှုကြောင့် အိမ် ၄၄ လုံး အမိုးလန်ကာ ၂ လုံးပြို ပေါင်မြို့နယ်တွင် လေပြင်းများတိုက်ခတ်မှုကြောင့် အိမ် ၄၄ လုံး အမိုးလန်ကာ ၂ လုံးပြို Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.