မဒေါက်မြို့၌ စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်နေ၍ ရေမြုပ်နေအိမ် ၂၀၀ ကျော် ထိတိုးလာ


မဒေါက် ဇူလိုင် ၂၇

မိုးများအဆက်မပျက်ရွာသွန်းနေမှုကြောင့် မဒေါက်မြို့စစ်တောင်းမြစ်ရေ သည် ယနေ့ နံနက် ၁၀ နာရီ ခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၂၄၁ စင်တီမီတာ သို့ဆက်လက်မြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ရေမြုပ်နေအိမ် ၂၀၀ ကျော်ထိ တိုးလာပြီး ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ပြောင်းရွှေ့ ပေးထား ကြောင်း ဒေသခံများထံမှ သိရသည်။


စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်မှုကြောင့် ဇူလိုင် ၂၅ ရက်နေ့ညက နေအိမ် ၂၉လုံး၊ ဇူလိုင်၂၆ ရက်နေ့တွင်နေအိမ် ၄၁လုံးနှင့် ဇူလိုင် ၂၇ ရက်နေ့တွင် နေအိမ် ၁၄၆ လုံး စုစုပေါင်း လူနေအိမ် ၂၁၆ လုံး ရေနစ်မြုပ်နေ၍ အိမ်ထောင်စု ၂၁၆ စု မှ ရေဘေးသင့်ပြည်သူ ၉၀၀ကျော်အား ယာယီကယ်ဆယ်ရေး စခန်းများထားရှိသည့် မြို့မ ၁ ရပ်ကွက် တိုင်တရာဘုန်းကြီးကျောင်း၊ မြို့မ ၂ရ ပ်ကွက် တံခွန်တိုင် ဘုန်းကြီးကျောင်းနှင့် သာသနာ့ဝံသဘုန်းကြီးကျောင်း များသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းနေရာ ချထားပေးလျက်ရှိသည်။


ရေဘေးသင့်ပြည်သူများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုအပြင် အလှူရှင် များနှင့် မဒေါက်မြို့ သဘာဝဘေးရန်ပုံငွေတို့မှ အလှူငွေ၊ ဆန် နှင့် လိုအပ်သည်များ ထောက်ပံ့ပေး လျက် ရှိသည်။

စစ်တောင်းမြစ်ရေမှာ ဆက်လက်မြင့်တက်နေပြီး မဒေါက်ဒေသအတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သော ကျေးရွာများ၌လည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေကာ ရေဘေး ထောက်ပံ့နိုင်ရန်အတွက် အလှူငွေနှင့်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းလိုပါက ဦးမျိုးကျော်၊မြို့မိမြို့ဖ ဖုန်းနံပါတ် ၀၉၅၃၀၀၅၇၄၊ ဦးနေဇာမျိုး၊ မြို့အုပ်ချုပ်ရေးမှူး ဖုန်းနံပါတ် ၀၉၇၈၀၀၅၀၆၆၊ ဒေါက်တာခင် ယမင်းစု၊စေတနာဆေးခန်း ဖုန်းနံပါတ် ၀၉၉၇၉၀၇၉၀၃၀ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ရဲမြန်မာ(ညောင်လေးပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မဒေါက်မြို့၌ စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်နေ၍ ရေမြုပ်နေအိမ် ၂၀၀ ကျော် ထိတိုးလာ မဒေါက်မြို့၌ စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်နေ၍ ရေမြုပ်နေအိမ် ၂၀၀ ကျော် ထိတိုးလာ Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.