မြဝတီမြို့ ​သောင်​ရင်းမြစ်​ကမ်း​ဘေးတွင်​ ရှစ်​လခန့်​သ​န္ဓေသား ​မွေးကင်းစ​ယောင်္ကျား​လေး​အ​လောင်း ​တွေ့ရှိ


မြဝတီ - ​မေ ၁၁

ကရင်​ပြည်​နယ်​၊ မြဝတီမြို့၊​ သောင်​ရင်းမြစ်​ကမ်း​ဘေးတွင်​ ​မေလ ၁၀ ရက်​​နေ့နံနက်​ပိုင်းက ရှစ်​လခန့်​ ​သ​န္ဓေသား​ ​မွေးကင်းစ​ယောင်္ကျား​လေးအ​လောင်း​ စွန့်​ပစ်​ထားခဲ့သည့်​ဖြစ်​စဉ်​ ဖြစ်​ပွားခဲ့​ကြောင်း သတင်းရရှိသည်​။

မေလ ၁၀ ရက်​​နေ့ နံနက်​ ၁၁နာရီအချိန်​ခန့်​ မြဝတီမြို့၊အမှတ်​(၂)ရပ်​ကွက်​၊ ခွန်​ဆာဝင်း​အောက်​ချိုင့် ၊ ကျောက်​တန်းဂိတ်​အနီး၊ ​သောင်​ရင်းမြစ်​ကမ်း​ဘေး၌ခန့်​ မှန်းရှစ်​လသားခန့်​သ​န္ဓေသား ​မွေးကင်းစ​ယောင်္ကျား​လေး(ချက်​ကြိုးပါ) အ​လောင်းတစ်​​လောင်း​တွေ့ရှိ​ကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​ ​အောင်​ချမ်းမွန်​၊ တာဝန်​မှူး ဒုရဲအုပ်​ ​ကျော်​သူ​အောင်​တို့ဦးစီးအဖွဲ့ သည်​သက်​​သေများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးရာ​ ရှစ်​လခန့်​သ​န္ဓေသား ​မွေးကင်းစ​ယောင်္ကျား​လေးအ​လောင်းအား​တွေ့ရှိရပြီး အ​လောင်းတွင်​ပြင်​ပဒဏ်​ရာတစ်​စုံတစ်​ရာ မ​တွေ့ရှိဘဲ​သေဆုံး​နေသည်​ကို စစ်​​ဆေး​တွေ့ရှိ၍အ​လောင်းကို ရဲ​ဆေးစာဖြင့်​ မြဝတီ​ဆေးရုံကြီးသို့ ပို့​ဆောင်​ထား​ကြောင်းသိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ရဲအုပ်​ ​အောင်​ချမ်းမွန်​နှင့်​အဖွဲ့မှ စုံစမ်းရာ ရာအိမ်​မှူး၊ ဆယ်​အိမ်​မှူးများ၏ ​ပြောပြချက်​အရ ယင်း​နေ့ နံနက်​ပိုင်းက မြဝတီမြို့၊ အမှတ်​(၁)ရပ်​ကွက်​၊ ​သောင်​ရင်းမြစ်​ကမ်းစပ်​ဘက်​မှ ​ခွေးတစ်​​ကောင်​ ကိုက်​ချီလာပြီး ချထားခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

ထို့​ကြောင့်​ ရဲအုပ်​ ​အောင်​ချမ်းမွန်​က တရားလိုပြုလုပ်​ကာ ရှစ်​လခန့်​သ​န္ဓေသား ​မွေးကင်းစ​ယောင်္ကျား​လေးအ​လောင်းစွန့်​ပစ်​ထားသူအား ​ဖော်​ထုတ်​အ​ရေးယူ​ဆောင်​ရွက်​နိုင်​​ရေး မြဝတီမြို့မရဲစခန်းတွင်​ (ပ) ၃၆၄/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၁၈ ဖြင့်​အမှု​ရေးဖွင့်​ပြီး ဆက်​လက်​စုံစမ်းလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
မြဝတီမြို့ ​သောင်​ရင်းမြစ်​ကမ်း​ဘေးတွင်​ ရှစ်​လခန့်​သ​န္ဓေသား ​မွေးကင်းစ​ယောင်္ကျား​လေး​အ​လောင်း ​တွေ့ရှိ မြဝတီမြို့ ​သောင်​ရင်းမြစ်​ကမ်း​ဘေးတွင်​ ရှစ်​လခန့်​သ​န္ဓေသား ​မွေးကင်းစ​ယောင်္ကျား​လေး​အ​လောင်း ​တွေ့ရှိ Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.