ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် ပုပ်ပွနေသော အလောင်း(၁)လောင်းတွေ့


ညောင်လေးပင် မေ ၁၂

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၉၆/၃ နှင့် ၉၆/၄ အကြား အာလောကွေ့အနီးတွင် ပုတ်ပွနေသော လူသေအလောင်းကို မေ ၁၂ ရက်နံနက် ၁၀ နာရီခန့်က တွေ့ရှိကြောင်း သိရသည်။

ဇညောင်လေးပင်မြို့အဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း အာလောကွေ့အနီးရှိ ဓါတ်ဆီဆိုင်က အပုတ်နံ့ရ၍ လိုက်ရှာရာမှ တွေ့ရှိ၍ ရဲစခန်းသို့အကြောင်းကြားခြင်ဖြစ်ကြောင်းသိရပြီး သေဆုံးသူမှာ အမျိုးသားတစ်ဦးဖြစ်၍ အနီးတွင်ကျောပိုးအိတ်တစ်လုံးတွေ့ရှိရပြီး လည်းကောင်းအိတ်အတွင်း၌ ပုဆိုးတစ်ထည် စပို့ရှပ်လက်ရှည်တစ်ထည် ဂွမ်းစောင်အပါးတစ်ထည်နှင့် လောင်စာဆီ စာရင်းဟုယူဆရသော စာရင်းစာအုတ်တစ်အုပ် တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းမှ သေဆုံးအမျိုးသားအား စုံစမ်းခြင်း ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သူရ(ညောင်လေးပင်)
ပဲခူးသတင်းစုံ
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် ပုပ်ပွနေသော အလောင်း(၁)လောင်းတွေ့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် ပုပ်ပွနေသော အလောင်း(၁)လောင်းတွေ့ Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.