တရုတ်နိုင်ငံတော်သီချင်း လှောင်ပြောင်သူ ထောင် ၃ နှစ်ကျမယ်


ဟောင်ကောင်မှာ တရုတ်နိုင်ငံတော်သီချင်းဖွင့်တဲ့အခါ လှောင်ပြောင်သရော်သူတွေကို ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးမယ့် ဥပဒေမူကြမ်းတခုကို ဟောင်ကောင် အာဏာရပါတီက ဥပဒေပြုကောင်စီ ကို မနေ့က အဆိုပြုတင်သွင်း လိုက်ပါတယ်။ ဟောင်ကောင်မှာ ဘောလုံးပွဲတွေကျင်းပတဲ့အခါ တရုတ်နိုင်ငံတော်သီချင်းကို ဖွင့်တိုင်း လူတွေက လှောင်ပြောင်ရယ်မောလေ့ရှိပါတယ်။

အခု အဆိုပြုတဲ့ ဥပဒေ အတည်ဖြစ်လာတဲ့အခါ သီချင်းနဲ့စာသား ပမာမခန့်ပြုသူတွေကို ထောင်ဒဏ်အပြင် ဒဏ်ငွေအဖြစ် ဟောင်ကောင်ဒေါ်လာ ၅ သောင်းချမှတ်နိုင်ပြီး ကျောင်းတွေမှာလည်း အဲဒီ နိုင်ငံတော်သီချင်းကို မသင်မနေရ သင်ကြားပေးရမယ်လို့ ဆိုပါတယ်။

ဒီဥပဒေ အသက်ဝင်လာရင် လူထုရဲ့ မွေးရာပါအခွင့်အရေးကို ထိခိုက်မယ်လို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်နိုင်ငံတော်သီချင်း လှောင်ပြောင်သူ ထောင် ၃ နှစ်ကျမယ် တရုတ်နိုင်ငံတော်သီချင်း လှောင်ပြောင်သူ ထောင် ၃ နှစ်ကျမယ် Reviewed by THITHTOOLWIN on 06:25 Rating: 5
Powered by Blogger.