လွှတ်တော်အမတ်တွေကို မလေးမခန့် ပြောရင် ထောင်ဒဏ်ချနိုင်


အင်ဒိုနီးရှား နိုင်ငံ မှာ လွှတ်တော် ဒါမှမဟုတ် လွှတ်တော်အမတ်တွေကို မလေးမခန့် ပုတ်ခတ်ဝေဘန် ပြစ်တင်ရင် ထောင်ဒဏ်ချနိုင်တဲ့ ဥပဒေတရပ်ကို ပြည်သူ့လွှတ်တော်က တရားဝင် ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။

အမတ်ဦးရေ ၅၆၀ ရှိတဲ့ လွှတ်တော်မှာ အရင်လကထဲက ဒီကိစ္စကို ထောက်ခံခဲ့ကြပြီး သမ္မတ ဝီဒိုးဒိုးက သဘောမတူလို့ လက်မှတ် မထိုးပေမယ့်လဲ ဒီနေ့ တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဝီဒိုးဒိုးအနေနဲ့ ဗီတို အာဏာ မရှိတဲ့အတွက် ဒါကို မတားမြစ်နိုင်ဘဲ ဖွဲ့စည်းပုံဥပဒေခုံရုံးကို တင်ပြရမယ်လို့ သိရပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက် ရှင်းလင်းစွာ မရှိတဲ့အတွက် ဒီဥပဒေအရ အကျင့်ပျက်နေတဲ့ အစိုးရအဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေကို ဖေါ်ထုတ်အရေးယူဖို့ တော်တော်ခက်သွားပြီလို့ နိုင်ငံရေးအကဲခတ်တွေက ပြော ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လွှတ်တော်အမတ်တွေကို မလေးမခန့် ပြောရင် ထောင်ဒဏ်ချနိုင် လွှတ်တော်အမတ်တွေကို မလေးမခန့် ပြောရင် ထောင်ဒဏ်ချနိုင် Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.