လူသတ်မှုကို ခေါင်းဖြတ်စီရင်မယ့် ဥပဒေပြဌာန်းဖို့ အာချေးပြည်နယ်မှာ ကြိုးပမ်းနေ


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လူသတ်မှုကျူးလွန်တဲ့ ရာဇဝတ်သားကို သေဒဏ်စီရင်တဲ့အခါ ခေါင်းဖြတ်စီရင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ လူ့အခွင့်အရေးနဲ့ ရှရီယာဥပဒေရုံးအကြီး အကဲက ပြောလိုက်ပါတယ်။

အခုလိုပြဌာန်းနိုင်ဖို့ လိုအပ်တဲ့လူထုသဘောထားတွေ၊ အစ္စလာမ်မစ်ဥပဒေတွေလေ့လာဖို့ အာချေးပြည်နယ်အစိုးရက သူ့ကိုတာဝန်ပေးလာတယ်လို့ ဥပဒေရုံးအကြီးအကဲ ရှူကရီ ယူဆွတ် က ပြောပါတယ်။

ခေါင်းဖြတ်တာဟာ အစ္စလာမ်မစ်ဥပဒေနဲ့ ပိုကိုက်ညီပြီး၊ ပြစ်မှုကျူးလွန်မယ့်သူတွေကို တားမြစ်နိုင်မယ့် အကျိုးသက်ရောက်မှုလဲရှိတယ်၊ ပြင်းထန်တဲ့အရေးယူမှုဟာ လူသားတွေကိုလည်း ကယ်တင်နိုင်တယ်၊ ဒါကြောင့် ပညာရှင်တွေလေ့လာပြီး သုတေသနလုပ်ပြီးတဲ့အခါ ဒီဥပဒေကြမ်းရေးဆွဲမယ်လို့ ယူဆွတ်ကပြောပါတယ်။

အင်ဒိုနီးရှားမှာ အာချေးပြည်နယ်ဟာ မွတ်စလင်အများစုနေထိုင်ပြီး၊ ဘာသာရေးကိုအခြေခံရှရီယာ ဥပဒေကိုကျင့်သုံးတဲ့ တခုတည်းသောပြည်နယ်ဖြစ်ပါတယ်။ အဲဒီမှာ လိင်တူချစ်သူတွေ၊ လောင်းကစားသမားတွေ၊ ကြာကူလီခိုသူတွေ၊ မယားငယ်ထားသူတွေကို ကြိမ်ဒဏ်ပေးတဲ့ဥပဒေ ပြဌာန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လူသတ်မှုကို ခေါင်းဖြတ်စီရင်မယ့် ဥပဒေပြဌာန်းဖို့ အာချေးပြည်နယ်မှာ ကြိုးပမ်းနေ လူသတ်မှုကို ခေါင်းဖြတ်စီရင်မယ့် ဥပဒေပြဌာန်းဖို့ အာချေးပြည်နယ်မှာ ကြိုးပမ်းနေ Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.