ရွာအ​ခြေအ​နေပြန်​ကြည့်​သည့်​ စစ်​​ရှောင်​ ပန်​ကွတ်​ရွာသား ၅ဦး ​ပျောက်​ဆုံး​နေ


မတ်​လ ၁၆ရက်​၊မားနဂါး၊နမ္မတူ

ပြီးခဲ့သည့်​ မတ်​လ၁၄ရက်​​နေ့ နံနက်​၁၀နာရီအချိန်​ခန့်​တွင်​ နမ္မတူမြို့​ပေါ်သို့ထွက်​​ပြေးတိမ်း​ရှောင်​​နေရသည့်​ စစ်​​ပြေးဒုက္ခသည်​များထဲမှ ပန်​ကွတ်​ရွာသား ၅ဦးသည်​ ရွာအတွင်းရှိ အိမ်​​မွေးတိရိစ္ဆာန်​နှင့်​ အိုးအိမ်​များ ပျက်​စီးခြင်းရှိ၊မရှိ စစ်​​ဆေးရန်​သွားရာမှ ​ပျောက်​ဆုံးသွားခဲ့သည်​။

ပန်​ကွတ်​​ကျေးရွာ အတွင်း​ရေးမှူးဖြစ်​သူ ဦသန်း​အောင်​က "သူတို့က ရွာအ​ခြေအ​နေပြန်​ကြည့်​ရင်း မန်​စံဘက်​ပြန်​သွားတဲ့လမ်းမှာ ​ပျောက်​သွားတာပဲ။ မန်​စံနဲ့ ရွာနဲ့ ၃မိုင်းပဲ​ဝေးတာ​လေ။ အဲကြားထဲ​ပျောက်​သွားတာ။ အဲ၅​ယောက်​ထဲက အ​ဖေတစ်​​ယောက်​က ပြန်​မ​ရောက်​လာလို့ဆိုပြီး သွားရှာတာ ဘယ်​လိုမှမ​တွေ့ဘူး။ ဒီလိုမျိုး အရင်​တစ်​ခါကလည်း လူတစ်​ခါမှမ​ပျောက်​ဖူးဘူး​လေ။ အခုသူတို့မိဘ​တွေအားလုံး စိတ်​ပူ​နေကြပြီ"ဟု ​ပြောသည်​။

၎င်း​ပျောက်​ဆုံးသွားသည့်​ ရွာသား ၅ဦးမှာ ဦးအောင်ပန်း (၅၅)နှစ်​ ၊ဦးအိုက်ဆမ်(မောက်ဟိန်း) (၄၂)နှစ်​ ၊အိုက်ဆန် (၃၅)နှစ်၊ ​အောင်မြင့် (၃၀)နှစ် နှင့်​အိုက်လူ (၃၅)နှစ်တို့ဖြစ်​ကြပြီး ​ပျောက်​ဆုံးသွားသည့်အ​ကြောင်းကို မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​ ပါတီများထံသို့ တင်​ပြထားပြီဖြစ်​သည်​။

ပန်​ကွတ်​​ကျေးရွာအနီး ပြီးခဲ့သည့်​အပတ်​တွင်​ TNLAနှင့်​ RCSSတို့ တိုက်​ပွဲဖြစ်​ပွားခဲ့သည့်​အတွက်​ ပန်​ကွတ်​​ကျေးရွာနှင့်​ နားသီး​ကျေးရွာသား ၁၄၃ဦးသည်​ နမ္မတူမြို့ ဗုဗ္ဗာရုံ​ကျောင်းတွင်​ ထွက်​​ပြေးခုံလှုံ​နေကြရသည်​။

မိုင်းအနိုင်
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ရွာအ​ခြေအ​နေပြန်​ကြည့်​သည့်​ စစ်​​ရှောင်​ ပန်​ကွတ်​ရွာသား ၅ဦး ​ပျောက်​ဆုံး​နေ ရွာအ​ခြေအ​နေပြန်​ကြည့်​သည့်​ စစ်​​ရှောင်​ ပန်​ကွတ်​ရွာသား ၅ဦး ​ပျောက်​ဆုံး​နေ Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.