ရှင်ပြုအလှူသွားစဉ် ယာဉ်တိုက်မှုဖြစ် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ

အရှိန်မထိန်းနိုင်သည့်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ ယာဉ်အား တိုက်မိသဖြင့် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ
နေပြည်တော်၊ မတ် ၁၆

၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့် က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ်(၄၅/၅-၆)ကြား၌ လမိုင်းမြို့မှ ကျိုက်မရောမြို့ရှိ ရှင်ပြုအလှူသို့ ထွက်ခွာလာသောယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်အား တိုက်မိသဖြင့် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

 လမိုင်းမြို့၊ (၂)ရပ်ကွက်နေ ဦးဟဒိ(၅၀)နှစ် မောင်းနှင်လာသည့် 1N/×××× Nissan Pickup ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ၍ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်နေ ဦးသိန်းဝင်း(ခ)အဘိုင်(၅၄)နှစ် မောင်းနှင်လာသည့် ၉ဌ/×××× ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 Nissan Pickup ယာဉ်မှ ယာဉ်မောင်း ဦးဟဒိ ပါ(၃)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လမိုင်းမြို့၊ (၃)ရပ်ကွက်နေ ဦးမောင်ရှိ(၄၆)နှစ်ပါ(၉)ဦးနှင့် ထော်လာဂျီ ယာဉ်မောင်း ဦးသိန်းဝင်း(ခ)အဘိုင် ပါ(၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပါသည်။

 ဦးဟဒိ အား သံဖြူဇရပ်မြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/ ၂၇၉ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ရှင်ပြုအလှူသွားစဉ် ယာဉ်တိုက်မှုဖြစ် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ ရှင်ပြုအလှူသွားစဉ် ယာဉ်တိုက်မှုဖြစ် (၃) ဦးသေ၊ (၁၂)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:13 Rating: 5
Powered by Blogger.