ရိခေါဒါရ်မြို့၌ ရေမြောင်းအတွင်း လူသေလောင်းတွေ့ရှိ


ချင်းပြည်နယ် ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဧမာနွေလဘုရားကျောင်းအနီး၊ ဧမာနွေလလမ်းဘေး ရေမြောင်း ကျောက်လိုဏ်ခေါင်းအတွင်း လူသေလောင်းတစ်လောင်းကို စက်တင်ဘာလ ၄ ရက်နေ့  ယနေ့နံနက် ၁၁ နာရီခွဲက တွေ့ရှိသည်။

အခင်းဖြစ်ရာနေရာသို့ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစိုးသီဟနှင့် တာဝန်ရှိသူတို့ သွားရောက်စစ်ဆေးရာ သေဆုံးသူသည် ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူ ဦးကာရ်ထွန် အသက်(၆၃)နှစ်ဖြစ်ပြီး ဒဏ်ရာတစ်စုံတစ်ရာ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အလောင်းကို ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားပြီး၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရိခေါဒါရ်မြို့ နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၆)ဖြင့် ရေးဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Iprd Falam
ရိခေါဒါရ်မြို့၌ ရေမြောင်းအတွင်း လူသေလောင်းတွေ့ရှိ ရိခေါဒါရ်မြို့၌ ရေမြောင်းအတွင်း လူသေလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.