မီးတိုက်ရွာ ကင်းစခန်းကို ARSA အစွန်းရောက်အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်


စက်တင်ဘာ ၄ ၊၂၀၁၇

မောင်တော မြို့နယ် မီးတိုက်ရွာ ကင်းစခန်းကို စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့် တွင် ARSA အစွန်းရောက်အကြမ်းဖက်သမား ၂၀ ခန့်က စခန်းအနောက်ဘက် ကိုက် ၅၀ ခန့်အကွာမှ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့်အကြာတွင် အကြမ်းဖက်သမားများ ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။

ဖြစ်စဉ်တွင် အစွန်းရောက်အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ပြီး တူမီးသေနတ် ၁ လက်၊ ခဲသီး ၈ လုံး၊ ယမ်းဗူး ၂ ဗူး၊ ဓားကောက် ၁ လက်၊ ဓာတ်မီး ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ (၉) သင်္ဘောကွေ့ကျေးရွာ အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၀) ဦးခန့် ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုပ်သေနတ် ၁ လက်နှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁ လောင်း ရရှိခဲ့သည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
မီးတိုက်ရွာ ကင်းစခန်းကို ARSA အစွန်းရောက်အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ် မီးတိုက်ရွာ ကင်းစခန်းကို ARSA အစွန်းရောက်အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ် Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.