လမ်း ၃၀ ဗထူးကွင်းတိုက်​တန်းတွင်​ အဲယားကွန်း ပြုပြင်စဉ်​ ပေါက်​ကွဲမှုဖြစ်​ပွား လူတစ်​ဦး ထိခိုက် ဒဏ်ရာရရှိ


မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ လမ်း၃၀၊ ၇၀×၇၁လမ်းကြားရှိ ဗထူးကွင်းတိုက်​တန်း၊ အမှတ်​(B-1)တွင်​ ​ဇွန်​လ ၃ရက်​​နေ့ ည ၇ နာရီ​ ၁၀မိနစ်​ အချိန်​ခန့်​က အဲယားကွန်းပြုပြင်​စဉ်​ ​ပေါက်​ကွဲမှုဖြစ်​ပွားပြီး လူတစ်​ဦး ထိခိုက်​ဒဏ်​ရရှိသည်​။


ဖြစ်​စဉ်​မှာ ဗထူးကွင်းတိုက်​တန်း၊ အခန်းအမှတ်​(B-1)၏ တိုက်ခန်း​တွင်​ တပ်​ဆင်​ထား​သော အဲယားကွန်းပျက်​​နေသဖြင့်​ (----) အဲယားကွန်းပြုပြင်​​ရေးလုပ်ငန်းမှ လုပ်​သားများဖြစ်​သည့်​ မျိုး​ကျော်နှင့်​ အောင်​​ကျော်​ဇင်​ အပါအဝင်​ ၄ ဦးသည်​ တိုက်​ခန်းအပြင်​ဘက်​ နံရံအမြင့်​ ၁၀ ပေခန့်တွင်​ တပ်​ဆင်​ထား​သော အဲယားကွန်း Out Door ကြေးပိုက်​အတွင်း ချေးများသန့်​ရှင်းရန်အတွက်​ ​​မျိုး​ကျော်​မှ သန့်​ရှင်း​ရေးပြုလုပ်​ရာ၌ အသုံး​ပြုသော ၁လီတာခန့်​ရှိ ​ စတီးရောင် ဆေးရည်​​ဘူးကို ​ပေါင်းကြားတွင်​ညှပ်​ထား၍ ပြုပြင်​​နေစဉ်​ ​အောင်​​ကျော်​ဇင်​ က အောက်​ဆီဂျင်လေအိုးထဲမှ​ လေကို စတီးရောင် ဆေးရည်​​ဘူးထဲသို့​ ဖြည့်​သွင်းရာ ဆေးဘူးမှ ဘားကို မဖွင့်​မိသဖြင့်​ ဘူးအတွင်း ​လေများ အဆမတန်ဝင်ရောက်​ ပေါက်​ကွဲခဲ့သည်​။


ဆေးဘူးပေါက်​ကွဲမှု​ကြောင့်​ အဲယားကွန်းပြင်​လုပ်​သား မျိုး​ကျော်​၏ ပေါင်​၊ လက်​နှင့်​ ​ဝှေး​စေ့တို့တွင်​ စုတ်​ပြဲဒဏ်​ရာ(မစိုးရိမ်​ရ)များ ရရှိခဲ့သဖြင့်​မန္တ​လေး ​ဆေးရုံကြီးသို့တင်​ပို့၍ အတွင်းလူနာအဖြစ်​ လိုအပ်​​သော ဆေးဝါးကုသမှုများ ခံယူလျက်​ရှိသည်​။


အခင်းဖြစ်​ပွားရာသို့ မန္တ​လေးခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုး​အောင်​၊ ​ခေတ္တမြို့နယ်​ရဲတပ်​ဖွဲ့မူး ဒုရဲမှူး ​ပြေဦးတို့နှင့်​ တာဝန်​ရှိသူများ ရောက်​ရှိစစ်​​ဆေးခဲ့ပြီး ​ပေါက်​ကွဲ​စေတတ်​​သောအရာဝတ္ထုကို ​ပေါ့​လျော့စွာအသုံးပြု၍ ​နာကျင်​ဒဏ်​ရာများရရှိ​စေခဲ့သူ မျိုး​ကျော်နှင့်​ ​အောင်​​ကျော်​ဇင်​တို့အား အ​ရေးယူ​ပေးရန်​ ဒုရဲအုပ်​​ကျော်​ထက်​မှ တရားလိုပြုလုပ်​တိုင်​တန်းသဖြင့်​ အမှတ်​ ၃ နယ်​​မြေရဲစခန်း(ပ)၃၃၂/၂၀၁၇၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​ ၂၈၆/၃၃၇ဖြင့်​ အမှုဖွင့်​အ​ရေးယူထားကြောင်း သိရသည်​။

( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal
လမ်း ၃၀ ဗထူးကွင်းတိုက်​တန်းတွင်​ အဲယားကွန်း ပြုပြင်စဉ်​ ပေါက်​ကွဲမှုဖြစ်​ပွား လူတစ်​ဦး ထိခိုက် ဒဏ်ရာရရှိ လမ်း ၃၀ ဗထူးကွင်းတိုက်​တန်းတွင်​ အဲယားကွန်း ပြုပြင်စဉ်​ ပေါက်​ကွဲမှုဖြစ်​ပွား လူတစ်​ဦး ထိခိုက် ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.