မြန်မာ မူးယစ်ဆေးပြား ၁ သန်း ထိုင်းဖမ်းဆီး


ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မှာ မနေ့ညနေပိုင်းက ထိုင်းရဲတွေကင်းလှည့်စဉ်မှာ မြန်မာပြည်ဘက်က သယ်ယူလာတဲ့ မူးယစ်ဆေးပြား ၁ သန်းလောက်ကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးသယ်ဆောင်လာသူတွေ ဟာ မြန်မာပြည်ဘက်ကို ရေကူးထွက်ပြေးသွားတယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမယ်ဆိုင်ခရိုင် ချင်းရိုင်မြို့နယ်အတွင်းမှာ မယ်ဆိုင်မြစ်ထဲမှာ သောကြာနေ့ည ၁၀ နာရီခွဲ လောက်က လူ ၅ ယောက် ထိုင်းဘက်ကိုရေကူးလာတဲ့အတွက် ရဲကစစ်ဆေးရှာဖွေဖို့ တားဆီးခဲ့တာပါ။

အဲဒီလူ ၅ ယောက်လုံးမှာ ကျောပိုးအိတ်ကိုယ်စီပါပြီး ကျောပိုးအိတ်တွေကို ရှာဖွေခံဖို့ ငြင်းဆန်ခဲ့ကြပါ တယ်။ အဲဒီနောက် ကျောပိုးအိတ်တွေကို ပစ်ချထားခဲ့ပြီး လူတွေက မြစ်ထဲခုန်ချပြီး မြန်မာပြည်ဘက် ကို ပြန်ကူးသွားကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ထားခဲ့တဲ့ကျောပိုးအိတ်တလုံးစီမှာ မူးယစ်ဆေးပြား ၂ သိန်းစီပါဝင်ပြီး အိတ် ၅ လုံးထဲမှာ စုစုပေါင်း မူးယစ်ဆေးပြား ၁ သန်းပါဝင်ပါတယ်။

မူးယစ်ဆေးအများအပြားကို မြန်မာပြည်ဘက်ကနေ ထိုင်းနိုင်ငံတွင်း တင်သွင်းနေကြတဲ့အတွက် နယ်စပ်တလျှောက်မှာ လှည့်ကင်းပိုမိုချထားမယ်လို့လည်း ထိုင်းရဲက ပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာ မူးယစ်ဆေးပြား ၁ သန်း ထိုင်းဖမ်းဆီး မြန်မာ မူးယစ်ဆေးပြား ၁ သန်း ထိုင်းဖမ်းဆီး Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.