ထားဝယ်မြို့  ၊ ကြက်စားပြင်ရပ်ကွက်တွင်၊ ၀ါယာကြိုးဖြင့် လူတစ်ဦး ကြိုးဆွဲသေဆုံးမှုဖြစ်ပွား


ထားဝယ် မေ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ နယ်၊ ကြက်စားပြင်ရပ်ကွက် ၊ အောင်မင်္ဂလာလမ်းသွယ်(၁) ၊အမှတ် (--) တွင် ယနေ့  မွန်းတည့် ၁၂း၀၀ နာရီအချိန်ခန့် လှေလုပ်သား ၊ အမျိုးသားတစ်ဦး ၀ါယာကြိုးဆွဲချသေဆုံး ကြောင်း သိရှိရသည်။

အဆိုပါလှေလုပ်သား အမျိုးသားသည် နေအိမ်အပေါ်ထပ်နောက်ဘက်ခန်း ထုတ်တန်းပေါ်တွင် အရှည်(၁၂)ပေခန့်  ရှိ ၀ါယာကြိုးဖြင့် ကြိုးဆွဲချသေဆုံးကြောင်း ကြက်စားပြင်ရာအိမ်မှူး ၏ အကြောင်းကြားချက်အရ ဒုရဲအုပ်သိန်းဖော် နှင့် အဖွဲ့ သွားရောက် စစ်ဆေးရာ အမျိုးသားမှာ ကြိုးပြတ်ကာ ကြမ်းပြင်ပေါ်တွင် သေဆုံးနေကြောင်းသိရှိရသည်။

ဖြစ်စဉ်ကို ၄င်း၏မိခင် အားမေးမြန်းစုံစမ်း ရာ သေဆုံးသူသည် နာတာရှည်ရောဂါခံစားနေရသူ တစ်ဦးဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်းသိရှိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ထားဝယ်မြို့ မရဲစခန်း မှ သေမှု သေခင်းအမှတ်စဉ် ၁၂/၂၀၁၇ အရအမှုဖွင့်၍ အမှုစစ်အဖြစ် ဒုရဲမှူး မျိုးမြင့်ဦး မှစစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )
ထားဝယ်မြို့  ၊ ကြက်စားပြင်ရပ်ကွက်တွင်၊ ၀ါယာကြိုးဖြင့် လူတစ်ဦး ကြိုးဆွဲသေဆုံးမှုဖြစ်ပွား ထားဝယ်မြို့  ၊ ကြက်စားပြင်ရပ်ကွက်တွင်၊ ၀ါယာကြိုးဖြင့် လူတစ်ဦး ကြိုးဆွဲသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.