လင်မယားချင်းစကားများရာက လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ ဒီဇင်ဘာ ၁၂

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့၊ လမ်းမတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း(၆၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ဒေါ်အမာကြည်(၆၁)နှစ်သည် နေအိမ်တွင် ဒဏ်ရာများ ရရှိ သေဆုံး နေကြောင်းသိရသည်။

အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းမှ သွားရောက်ကြည့်ရှုရာ ဒေါ်အမာကြည် တွင် ကျောကုန်းဝဲဘက် ညိုမဲဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မေးမြန်းရာ ခင်ပွန်းဖြစ်သူ ဦးအုန်းမောင်(၆၄)နှစ်မှ လင်မယားချင်းစကားများစဉ် ကျောကုန်းကိုလက်သီးဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိသေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူသတ်မှုအား အရေးယူပေးရန် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဦးအုန်းမောင် အား ဇလွန်မြို့မရဲစခန်း(ပ)၃၃၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

by သစ်ထူးလွင်

လင်မယားချင်းစကားများရာက လူသတ်မှုဖြစ်ပွား  လင်မယားချင်းစကားများရာက လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.