မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ဒီဇင်ဘာ ၁၁ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနောက်ဘက် ၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် အမှတ်(၅၆၈)တပ်မတော်ရေယာဉ်ဖြင့် လုံခြုံရေးတာဝန်ဆောင်ရွက်လျက်ရှိသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ် လှေတစ်စီးအားတွေ့ရှိ၍ ဖမ်းဆီးရာ ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါ လှေကို မီးအချက်ပြခေါ်ယူရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ စက်လှေနှင့်အတူ အောင်အောင်၊ အေးမောင်၊ မောင်လှချေ၊ ငြိမ်းချမ်း၊ သန်းဝင်းချေ တို့ ၅ ဦးအား ဖမ်းဆီးရမိပြီး ၎င်းတို့ ပင်လယ်တွင်း ပစ်ချလိုက်သည့် ဆာလာအိတ် ၅ အိတ်ကို ဆယ်ယူစစ်ဆေးရာ တစ်အိတ်လျှင် ရေစိုနေသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းပြားစီပါ ၅ အိတ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း (ယင်းဒေသတန်ဖိုး ငွေကျပ် ၃၀,၀၀၀ သိန်း) သိမ်းဆည်းရမိခြင်း ဖြစ်သည်။

လှေပေါ်ပါ အောင်အောင်(၃၂) နှစ်၊ အေးမောင်(၄၂) နှစ်၊ မောင်လှချေ (၄၇)နှစ်၊ ငြိမ်းချမ်း(၂၆) နှစ်နှင့် သန်းဝင်းချေ(၃၁) နှစ်တို့ ၅ ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရပါသည်။

by သစ်ထူးလွင်

မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ  မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:33 Rating: 5
Powered by Blogger.