မြောက်ဥက္ကလာခုံးကျော် တံတားတွင် ပြိုကျမှုဖြစ်ပွားသဖြင့် တံတား ကြံ့ခိုင်မှုအပေါ် ပြည်သူများ စိုးရိမ်

ရန်ကုန်၊ ဇွန် ၁၂- ရန်ကုန်မြို့ မြောက် ဥက္ကလာပမြို့နယ် ခုံးကျော်တံတား၏ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ဇွန် ၁၂ရက် နံနက် ၈နာရီခန့်က တံတား ၏ ဘေးသားနံရံတချို့ ပြိုကျမှုတစ် ခုဖြစ်ပွားခဲ့ သည့်အတွက် ယင်းတံတား အပေါ် နေ့စဉ်ဖြတ်သန်းနေသူများ စိုးရိမ်မှုဖြစ်ပေါ်နေကြကြောင်း သိ ရသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ဇွန် ၁၂ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ သည့် အဆိုပါပြိုကျမှုဖြစ်စဉ်တွင် တံတား လက်ဝဲခြမ်းလက်ရမ်း (ကမ္ဘာ အေးဘုရားဘက်မှလာလျှင် လက်ဝဲ ခြမ်း)မှာ သုံးပေခန့်ပြိုကျခဲ့ပြီး အဆိုပါ ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မျက်မြင်သက်သေများက ပြောသည်။

''အဲလိုပြိုကျတဲ့အတွက် ရထား လမ်းတော့ နည်းနည်းပိတ်သွားခဲ့တယ်'' ဟု အဆိုပါ တံတားအနီးမှ ကွမ်းယာ ဆိုင်ရှင်တစ်ဦးက ဆိုသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားမှုအပြီး တွင် သက်ဆိုင်ရာ မှလာရောက်ကာ ရထားလမ်းပေါ်တွင် ကျရောက်ခဲ့ သည့် အဂင်္တေသားများကိုရှင်းလင်း ဖယ်ရှားခဲ့ကြပြီး ပြိုကျခဲ့သည့်တံတား ဘေးနံရံနေရာကိုလည်း အန္တရာယ်ရှိ အမှတ် အသားတချို့ ချထား ခဲ့ကြသည် ကိုတွေ့ရသည်။

''ဒီတံတားက ကြံ့ခိုင်မှုအားနည်း နေပါပြီ။ ယာဉ်တွေက အမြဲမပြတ် သွားနေရတော့ အန္တရာယ်လဲ ရှိပါ တယ်။ ခုတောင် ပြိုကျတဲ့အထဲမှာ ကားတွေပါမသွားလို့ တော်သေးရဲ့။ ပါများပါသွားခဲ့ရင် အကြီးအကျယ် ထိခိုက်ဒဏ်ရာရစေမှာပါ''ဟု တံတား ပြိုကျသည်ကို မျက်မြင်တွေ့လိုက်သူ ဒေသခံတစ်ဦးက ပြောသည်။

နှစ်ကာလ ကြာမြင့်လာပြီဖြစ် သည့်အတွက် အဆိုပါတံတားမှာယို ယွင်းပျက်စီးလာနေပြီး တံတားပေါ်မှ ခရီးသည်တင်ကားများ၊ တက္ကစီကား များနှင့် အိမ်စီးကားများသွားလာပါက တံတားတစ်ခုလုံး ယိမ်းထိုးနေသကဲ့ သို့ ခံစားကြရကြောင်း ခရီးသွားပြည် သူများက ပြောဆိုလျက်ရှိသည်။

''တံတားက ဟောင်းနွမ်းစုတ် ပြတ်နေပြီ။ အဲဒီတံတားပေါ်က ကား စီးရင် တံတားတစ်ခုလုံး ယိမ်းထိုး နေသလို ခံစားရတယ်။ တံတားပြိုတဲ့ အထဲ ဘယ်နေ့ ကိုယ်သွားမလဲဆို တာတောင် တွေးရင်းကြောက်နေရ တယ်''ဟု မြောက်ဥက္ကလာပမြို့တွင် နေထိုင်သည့် ဒေါ်ခင်အေးမော်က ပြောသည်။

၂၀၁၄ခုနှစ် နှစ်စပိုင်းကလည်း ခရီးသည်တင် ဘီအမ်ကားတစ်စီး အဆိုပါတံတား၏ ဘေးနံရံပေါ်မှ တံတားအောက်ဘက်သို့ထိုးကျမှုဖြစ် ပွားခဲ့မှုကြောင့် ဒရိုင်ဘာတစ်ဦး ပွဲချင်း ပြီးသေဆုံး၍ လူ သုံးဦးထိ ခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

မာန်ယုကျော်(ရွှေဝမြေ)
[--Democracy today Daily Newspaper--]

ပြိုကျခဲ့သည့် မြောက်ဥက္ကလာပ ခုံးကျော်တံတားအား တွေ့ရစဉ်။  ဓာတ်ပုံ- ရဲနောင်(ဖယ်ခုံ)

မြောက်ဥက္ကလာခုံးကျော် တံတားတွင် ပြိုကျမှုဖြစ်ပွားသဖြင့် တံတား ကြံ့ခိုင်မှုအပေါ် ပြည်သူများ စိုးရိမ်  မြောက်ဥက္ကလာခုံးကျော် တံတားတွင် ပြိုကျမှုဖြစ်ပွားသဖြင့် တံတား ကြံ့ခိုင်မှုအပေါ် ပြည်သူများ စိုးရိမ် Reviewed by သစ်ထူးလွင် on 15:02 Rating: 5
Powered by Blogger.