12 May 2012

ကိုကျော်စိုးနိုင် နှင့် အင်တာဗျူး (ရုပ်/သံ)


Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် အမေစု လုံခြုံရေး ကိုကျော်စိုးနိုင်၏ ဖြေရှင်းချက်ကို ထလော့မြန်မာသီချင်းသီဆိုသူ အဆိုတော်နေဇော် က သူကိုယ်တိုင်အင်တာဗျူး၊ သူကိုယ်တိုင်ရိုက်ထားတာပါ။

 ဖေ့စ်ဘုတ်ပေါ်က မှတ်ချက်တခုကိုလည်း ဖြည့်စွက်တင်ပြပေးလိုက်ပါတယ်။ လေးစားထိုက်တဲ့ လေးစားလျှက်ရှိတဲ့ ပြည်တွင်း သတင်းထောက်တွေအများကြီးပါ အရင်ကလည်း ပြောခဲ့ပြီးပါပြီ အခုတော့ ကိုရန်အောင် မန့်ထားတဲ့ ကွန်မန့်လေးနဲ့ဘဲ အဲဒီ Express timeက သတင်းထောက်ကိုမေး လိုက်ပါမယ် မင်းဘာအတွက် သတင်းထောက် လုပ်နေတာလည်း ...? Yan Aung တစ်ဖက်က လက်နက်မပါ ကျည်ကာမပါ အသံလွှင့်စက်မပါ Security Control System မရှိပဲ နေပူမိုးရွာမရှောင် ထမင်းအငတ်ခံပြီး စေတနာ အနစ်နာ ခံယူချက်အပြည့်နဲ့ ကာကွယ်ခဲ့တဲ့သူတွေကြောင့်လည်း ဒီပဲယင်းမှာ အမေစုအရိုက်မခံရတာပါ..။ အမေစု သတင်းဖော်ပြခွင့်ရရေး၊ ဂျာနယ်ရောင်းကောင်းရေး ပုံကောင်းရရေး သတင်းဦးရေးဆိုတဲ့ အတ္တနဲ့ လုံခြုံရေးတွေရဲ့ အမေစုအတွက် ဖိအားတွေ၊ တာဝန်ယူမှုတွေ အနစ်နာခံမှုတွေနဲ့ အနှစ်သာရခြင်း ယှဉ်ကြည့်ကြပေါ့ဗျာ..။ တကယ် ရှားပါးတန်ဘိုးရှိတဲ့သတင်းဖော်ပြချင်တယ်ဆိုရင် နေပြည်တော်မှာ စာဖတ်နေတယ်ဆိုတဲ့ လူကြီးအိမ်ရှေ့မှာ မတ်တတ်ရပ်ပြီး အဲဒီလူကြီး ဘာလုပ်နေသလဲဆိုတာကို ကင်မရာနဲ့ ချိန်ရဲသလား၊ ကချင်တိုက်ပွဲ စစ်မြေပြင်တွေကို တိုက်ပွဲကြားမှာ ကင်မရာကိုင်ပြီး လိုက်ရဲသလား လို့ပဲ မေးချင်ပါတယ်..။ စာပေစိစစ်ရေးက ခွင့်မပြုပေမယ့် ကိုယ်ပိုင် Facebook နဲ့ ပြည်ပမီဒီယာတွေမှာ တင်လို့ရပါတယ်..။ အခု အသံကျယ်နေသူတွေ ဘယ်သူလုပ်ခဲ့ကြဖူးလဲ..။ လုပ်ရဲ ခဲ့ကြသလဲ....။ လုပ်ခဲ့ကြလို့ အဲဒီအချိန်တွေမှာ လက်သည်မပေါ်သေသွားတာတောင် အသံတစ်ချက် ထွက်မယ်မထင်ဘူး..။

53 comments:

နွေမင်းလွင် said...

ဟုတ်တယ်...အဲလိုပြောချလိုက်။ သတင်းထောက်ေ-ာက်ရူး ဒါလေးကိုဖတ်ပြီး နားလည်အောင်ကြိုးစား။မှားမှန်သိရင်ပြန်တောင်းပန်လိုက်။မင်းတို့ ပြန်ပြီးမတောင်းပန်ရင် မင်းတို့ ဂျာနယ် ငါတွေ့ရင် -ီးကုန်းပစ်မယ်။

Justice lover said...

ဒေါ်စုလုံခြုံရေးက ဒီအချိန်မှာ အားလုံးထက် အရေးကြီးတယ်ဆိုတာ နားလည်ကြလိမ့်မယ် ထင်ပါတယ်။ သူသာ မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်သွားယင် အားလုံးရှုပ်ကုန်မယ်။ ဥိးသိန်းစိန် အစိုးရ ပြုတ်ကျသွားမယ်။ ပြည်သူတွေအားလုံး ဒုက္ခရောက်ကုန် ကြမယ်။
သတင်းသမားတစ်ယောက်အနေနဲ့ နားလည်ပေးစေချင်တယ်။ journalist ဆိုတာ သာမာန်လူတွေထက် စဉ်းစားတွေးခေါ်ပုံ အဆင့်အတန်းမြင့်တယ်လို့ ကျွန်တော်တို့လို လူတွေက သတ်မှတ်ထားကြတာ။ တစ်ကယ်လို့ လုံခြုံရေးဖက်က ရိုင်းပြခဲ့တာမှန်ယင်တောင် အခုလို Media လက်နက်ကြီးနဲ့ မပြစ်ပဲ သက်ဆိုင်သည့် NLD အဖွဲ့ကိုသာ တိုက်ရိုက်ဆွေးနွေးတာ ပိုမကောင်းပေဘူးလား။
ဒိထက်ပိုဆိုးတဲ့၊ ပြည်သူတရပ်လုံးကို ဒုက္ခဖြစ်နေစေတဲ့ လုပ်ရပ်တွေ လုပ်နေသည့် အဖွဲ့တွေ ရှိပါတယ်။ Express Time ဂျာနယ်က ယခုကိစ္စလို တစ်လောကလုံးကို ဖွသလိုမျိုး လုပ်ရဲမယ်ဆိုယင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။ အထောက်အထားနှင့်တစ်ကွ အားလုံးရှင်းပြပါ့မယ်။ ဒီအချက်တွေက သတင်းထောက်တစ်ယောက်ကို ဆက်ဆံတာရိုင်းလိုက်တာထက် ပိုဆိုးပြီး တစ်တိုင်းပြည်လုံးကို မွဲစေတဲ့ လုပ်ရပ်တွေဖြစ်တဲ့အတွက် ဖွမယ်ဆို ပိုလို့တောင် ဖွသင့်ပါတယ်။ NLD ဟာ လူထုကို အကြောက်တရားနဲ့ လွှမ်းမိုးဆက်ဆံနေတဲ့ အဖွဲ့မဟုတ်လို့ ကြောက်စရာ မလိုလို့ လုပ်ဖြစ်မိတာနဲ့တူတယ်။ ကြောက်ရမယ့် အဖွဲ့ရဲ့လုပ်ရပ်တွေကိုရော Express Time အနေနှင့် ယခုလို Media bomb ကြဲရဲပါ့မလား၊ စဉ်းစားစရာပါ။
ကိုယ့်ဂျာနယ် ရောင်းကောင်းအောင်တော့ လုပ်တာမဟုတ်ပါဘူးနော်၊ ကျွန်တော်ဆို အယင်က Express Time ဆိုတာ ကြားတောင်မကြားမိဘူး။ အခုတော့ နာမည်ကြီးပြီပေါ့ဗျာ။ ဝယ်ဖတ်ကြည့်ရဦးမယ်။

marga said...

Boycott this journal

Unknown said...

စီးပွားရေးအတွက်. တိုင်းပြည်အတွက်လုပ်နေတဲ့သူတန်ဖိုးကွာခြားလှပါတယ်. မိမိအတ္တတွေအရမ်းရှေ့တန်းတင်တဲ့စီးပွားရေးသမားexpress. Timeဂျာနယ်ကိုပြည်သူတွေမဖတ်ဘဲနဲ့သပိတ်မှောက်ခြင်းဖြင့်မီဒီယာစီးပွားရေးသမားတွေကို. ဝယ်မဖတ်ဘဲသပိတ်မှောက်ကြစို့. စီးကမ်းရှိနားလည်တတ်သောမီဒီယာများကိုမရည်ရွယ်ပါ

ashinpandita said...

အဲဒီဂျာနယ်ကို ပြည်သူပြည်သားများ မဖတ်တော့ပါ သံသယ၀င်မိပါသည် သွယ်ဝှက်သောနည်းဖြင့် ပုတ်ခတ်နေခြင်းဖြစ်နေပါတယ်

Aung Naing said...

ရှိသမျှ Facebook ပေါင်းစုံက Comment တွေကဖတ်ကြည့်ပြီး တွေ့ လာတာကတော့.. Journalist မှန်တယ်လို့ ပြောတဲ့သူတွေထဲမှာ NLD ကိုအလိုလိုနေရင်း မျက်မုန်းကျိုးနေသူ၊ အတ္တရှေ့ တန်းတင်ထားတဲ့ Journalist တွေနဲ့ Irrawaddy တို့ လို နိုင်ငံရေး လုပ်စားနေတဲ့သူတွေက အများစုကိုပဲတွေ့ ရပြီးတော့ NLD မှန်တယ်လို့ ပြောတဲ့သူတွေထဲမှာ NLD ဘာပဲလုပ်လုပ် မှန်တယ်လို့ ပဲ ယူဆနေသူတွေ၊ အရေးကြီးသူတွေအတွက် လုံခြုံရေးဆိုတာ မဖြစ်မနေဆောင်ရွက်ရမယ်လို့ သိထားသူတွေ၊ အမှန်နဲ့ အမှားကို ဘက်မလိုက်ပြောရဲတဲ့သူတွေ၊ လုပ်စား Journal တွေကို မြင်ပြင်းကပ်နေသူတွေ ဆိုပြီးတွေ့ နေရပါတယ်... ဒါပပေမယ်... မောင်ဝံသဆိုတဲ့လူကြီးက နှာစေးပြီး ဟိုမဟုတ် ဒီမဟုတ် ဆိတ်ဂွေးစေ့ စကာပြောနေတာကတော့ ဆိုးတယ်ဗျား... ကျုပ် NLD လူ လုံးဝမဟုတ်ဘူး... ဒါပေမယ့် ဒီတခါတော့ ဦးတင်ဦးနဲ့ ဦးဝင်တင် ပြောတဲ့စကားကိုတော့ မှတ်သားလောက်တယ်ဗျာ... တကယ် လူကြီးပီသပါပေတယ်... သူများကိုလည်း အပြစ်မဆို ကိုယ့်လူကိုလည်း ပစားမပေးဘူး... Express Time Journal က တာဝန်ရှိသူတွေနဲ့  ကာယကံရှင်တွေကတော့ ရှက်တတ်ရင် သေဖို့ တောင်ကောင်းနေပါပြီ... တကယ်ဆိုရင် ဗမာတယောက်ရယ်လို့ တောင် ခေါ်ဖို့ မကောင်းတော့ပါဘူး... နည်းနည်း ဝေဖန်ကြည့်တာ... မကျေနပ်ရင် လဲသေ....

မျှော်ရဇ် said...

ကိုကျော်စိုနိင် ဆက်လုပ်ပါ။ အမေစုအတွက် လုပ်သင့်တာ ဆက်လုပ်ပါ။ ဒါဟာ ခင်ဗျားအတွက် သမိုင်ပေးတာဝန်ပဲ။ အခကြေးငွေရသည်ဖြစ်စေ မရသည်ဖြစ်စေ ခင်ဗျားဟာ တိုင်ပြည်နဲ လူမျိုးအတွက် သူများတွေ အလုပ်နိင်တဲ့ ပေစပ်မှုတွေနဲ လုပ်နေတဲ့ သူတော်ကောင်းအလုပ်ပါ။ ခင်ဗျာကို ကျွှန်တော်တို့  အဖွဲ့ တွေ အားပေးနေတယ်ဆိုတာ သိ့စေချင်ပါတယ်။

Ebrahim said...

တမင်ရည်ရွယ်ချက်ရှိရှိနဲ့ NLD ကို လုပ်ကြံတာလို့ မြင်တယ်။ ဓာတ်ပုံတစ်ပုံကို စက္ကန့်ပိုင်းလောက်နဲ့ အလွန်ဆုံး မိနစ်ပိုင်းလောက်နဲ့ ပြီးသွားရမှာကို လာပြောတဲ့လူကိုတောင် တံတောင်နဲ့ နှစ်ခါတွက်တယ်ဆိုတော့ ဘယ်လောက် စိတ်မရှည်စရာကောင်းလောက်အောင် အချိန်ဆွဲနေလဲဆိုတာ စဉ်းစားမိပါတယ်။ သတင်းထောက်လဲ သတင်းထောက်တာဝန်ရှိသလို လုံခြုံရေးမှာလဲ လုံခြုံရေးတာဝန်ဆိုတာ ရှိတာပဲ။ ဒီလောက်တောင် ပြည်သူအတွက် စေတနာဗလပွနဲ့ ကြိုးစားတင်ပြချင်နေရင် မြစ်ဆုံတုန်းက ဘာဖြစ်လို့ ငြိမ်နေတာလဲ။ ဒေါ်စု အချုပ်ခံထားရတုန်းက အဲဒီဂျာနယ်က ဘာဖြစ်လို့ ဆောင်းပါးတွေနဲ့ မလှုံ့ဆော်ခဲ့တာလဲ။ သူ့သတင်းအတွက် ဓာတ်ပုံဘယ်နှစ်ပုံထည့်မှာမို့ သူတယောက်ထဲကို ကျန်တဲ့ လူတွေ အများကြီးက အချိန်ပေး စောင့်နေရမှာလဲ။ အလကား သက်သက် ဖွချင်လို့ လုပ်တာနေမှာ

Anonymous said...

Express Time ကကောင်တွေက ဘာရည်ရွယ်ချက်နဲ့လုပ်နေတာလဲ

kyawkyawoo said...

ဟုတ်တယ် ဒီဂျာနယ်ကိုဝယ်မဖတ်ကြပါနဲ့

phyo1980 said...

ဘယ်လိုဘဲဖြစ်ဖြစ် အမေစုလုံခြုံရေးသာအရေးကြီးဆုံးပါ။Express Time
ကကောင်တွေမကျေနပ်ရင်လဲသေကျ။ငါတို့ပြည်သူတွေအားလုံးမင်းတို့ဘယ်
လိုအပုပ်ချချ အားလုံးစဉ်းစားတွေခေါ်တတ်တယ်။မင်းတို့ ဂျာနယ်ကိုနာမည်
ကြီးအောင်လုပ်မနေနဲ့ သေတောင်ဝယ်မဖတ်ဘူး

ကေါင်းကေါင်း said...

ဒီဂျာနယ်ရဲ့လုပ်ရပ်ကမရိုးသားဘူးဆိုတာသိသာလွန်းတယ်. ဝိသမexpress time. ရဲ့မရိုးသားသောလုပ်ရပ်ကို ဆန့်ကျင်ပြီဝယ်မဖတ်ကြခြင်းသည်မြန်မာနိင်ငံသားအားလုံးတွင်တာဝန်ရှိနေပြီ

su said...

ကြာတယ်ကွာ၊ အဲဒီဂျာနယ်ကို လုံးဝ လုံးဝ မဖတ်ခြင်းဖြင့် သပိတ်မှောက်၊ အဲဒီဂျာနယ်က သတင်းထောက် အယ်ဒီတာ တာဝန်ရှိသူအားလုံးကို မီဒီယာတစ်လောကလုံးက အဆက်အဆံမလုပ်ကြနဲ့။ ဒါပဲ

AUSTIN said...

လူတစ်ယောက်ဟာဥပတိရုပ်၊သူ့ရဲ့ပြောပုံဆိုပုံတွေကိုကြည့် တာနဲ့တင်ခန့်မှန်းလို့ရနေပါပြီ...ကိုကျော်စိုးနိုင်(ခ)ကိုဘော ကြီးဟာအဲ့ဒီလိုလူစားမိုးမဟုတ်လောက်ပါဘူး.ပျော်ပျော်နေ တတ်တဲ့သူတစ်ယောက်လို့မြင်မိပါတယ်..အားလုံးပဲစဉ်းစား ကြည့်ကြပါ..အမေစုဘေးမှာလုံခြုံရေးယူမယ့်ပုဂ္ဂိုလ်ဟာတော်
ယုံတန်ယုံအဆင့်နဲ့တော့ရမှာမဟုတ်ပါဘူး...အဲ့ဒီသတင်းတော
က်ကအမေစုကိုပါစော်ကားလိုက်တာပဲ....N.L.D အဖွဲ့ဝင်အား
လုံးသတိရှိကြပါ.....

ဥက္ကလာ သတင်းများ said...

express မရိုးသားတာ သေချာပါတယ်

sherlock said...

အမှန်ကတော့ ကိုယ့်တာဝန်ကိုယ် ထမ်းဆောငိရင်းဖြစ်ကြတာပါ.. ဘာပဲလုပ်လုပ် အစွန်းရောက်သွားတာ မကောင်းပါဘူး
နားလည်ပေးပြီး လုပ်ကြရင် အဆင်ပြေသွားမှာပါ
လူတိုင်းမှာ လူ့အခွင့်အရး ဒီမိုကရေစီ ဆိုတာရှိပါတယ်
ကိုယ်လုပ်တဲ့ အလုပ်ဟာ သူတစ်ပါး အများ ထိခိုက်သွားရင်
ဒီမိုကရေစီ မဟုတ်တော့ပါဘူး..မြန်မာနိုင်ငံသားအားလုံး
standard ရှိပြီး အောင်မြင်ပါစေ...

Unknown said...

ET ဂျာနယ်လိုနောက်ကွယ်ကလှုပ်ရှားနေတဲ့ဂျာနယ်လစ်မျက်နှာဖုံးတပ်တွေမွေးထုတ်နေကြောင်းအတွင်းသတင်းအရ..တိကျစွာသိရှိထားရသည်..irrawaddy မီဒီယာအားလည်းတချို့ဂျာနယ်လစ်များသိမ်းသွင်းထားပြီဖြစ်ကြောင်းသိရသည်..သိပ်မကြာခင်ပေါ်လာလိမ့်မည်..NLD လူငယ်နှင့်လုံခြုံရေးများကိုစတင်တိုက်လာခြင်းဖြစ်သည်..ဒေါက်ချာလွန်းဆွေအားလည်း..တဆင့်ခံဆက်သွယ်ထားပြီးကြောင်းး...

clean2013 said...

Express Time ကိုဝယ်မဖတ်တော့ဘူး
ဝယ်လဲ မဖတ်ဖူးဘူး...
;:(

ုkyaw said...

တကယ်တော့ဒီခေတ်မှာသတင်းသမားဆိုတိုင်းလဲ ယုံရတာမဟုတ်ပါဘူး အလုပ်မရှိလို့ရရာအလုပ် လုပ်ရင်းနှစ်ဖက်ချွန်တွေကများနေပါတယ် တကယ်ခံယူချက်နဲ့ဝါသနာကြောင့်လုပ်နေတဲ့လူတွေကနည်းသွားပါပြီး အာဏာရှင်အစိုးရရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာဖျက်ဆီးတဲ့ခေတ်ကြီးထဲမှာကြီးလားတဲ့လူငယ်တွေဖြစ်ကြတဲ့အတွက် ဘာမှနားမလည် သမိုင်းကြောင်းလဲမသိပဲ ကိုယ့်လုပ်ရပ်ဟာမှန်သလား မှားသလားမသိပဲ ပိုက်ဆံရရင်ပြီးရောဆိုပြီးသတင်းလိုက်နေတဲ့လူတွေများနေပါတယ် ဂျာနယ်ပိုင်တိုက်ပိုင်ရှင်တွေရဲ့မျက်နှာသာပေးမှုကိုရအောင်လုပ်ဖို့လောက်ပဲနားလည်နေကြတာပါ ဂျာနယ်တိုက်ပိုင်ရှင်ဆိုတာစီးပွါးရေးသမားကများပါတယ် သူ့ဂျာနယ်တည်မြဲဖို့အတွက် အာဏာရှင်နဲ့နောက်ကွယ်မှာပေါင်းပြီး လုပ်စားနေတာကိုဘယ်သူတွေကသိနိုင်မှာလဲ ဒါကြောင့်ဘာမဟုတ်တဲ့အသေးအဖွဲကိစ္စလေးကို ကိုယ်ကအနစ်နာခံလိုက်ရင်ရတာပဲ ဒါကိုရေးကြီးခွင်ကျယ်လုပ်ပြီးသတင်းတင်နေရင်ဘယ်တော့မှတိုင်းပြည်ကောင်းလာမှာမဟုတ်ဘူး ဒီလောက်သတင်းလောက်ကတော့ရပ်ကွက်ရုံးတွေမှာ (၁၀)အိမ်မှူးတွေ၊မီးသတ်တွေ အနိုင်ကျင့်နေတာလောက်ကတော့မဆိုးသေးဘူးလို့ထင်ပါတယ် အဲဒါတွေကိုတင်ရင်တောင်တင်လို့ကုန်မှာမဟုတ်ဘူး ဒါကြောင့်ငါသတင်းသမားပဲဆိုတိုင်း မစဉ်းစားပဲအလျှင်စလိုမလုပ်ကြဖို့တောင်းပန်ပါတယ်။

Unknown said...

ရှင်ရှင်းလေးပါ ဒီအချိန်မှာ NLD ဆိုတာ ကမ္ဘာကျော်အဖွဲ့အစည်းပါ NLD နဲ့ပါတ်သတ်လာရင် အများပြည်သူက စိတ်ဝင်စားတယ် NLD ပါတီကို ချစ်လို့ပဲ ဖြစ်စေ မုန်းလို့ပဲဖြစ်စေ ထိပ်တိုက်တိုးတဲ့သူတွေကတော့ အများရဲ့စိတ်ဝင်စားခြင်းကို ခံရမှာပဲ.....အတိုချုပ်ပြောရရင် သူ့ဂျာနယ်ရောင်းကောင်းချင်လို့ တမင်ဖွလိုက်တာပါ စီးပွားရေးသမားတို့ရဲ့ ကောက်ကျစ်သောအကြံ ကိုယ့်အားကိုယ်ကိုးပြီးတော့ နာမည်ကျော်အောင်မလုပ်နိုင်တော့ ဖြတ်လမ်းနည်းနဲ့ လူသိများအောင်လုပ်လိုက်တဲ့ဇကောလောက်မှဇောက်မနက်တဲ့ကောက်ကျစ်တဲ့အကြံပေါ့ဗျာ........ဟားဟားဟား ဒီနေ့ကစပြီးတော့ အဲဒီ Express Time ဂျာနယ်ကို ၀ယ်မဖတ်ကြပါနဲ့လို့ ပြည်သူလူထုတစ်ရပ်လုံးအား နှိုးဆော်တိုက်တွန်းအပ်ပါသည်...........Express Time ဂျာနယ်ဟာ NLD နဲ့တကွ ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခရောက်အောင် လုပ်နေတဲ့ MEDIA အုပ်စုဆိုတာ အများပြည်သူတို့အား သိစေအပ်ပါသည်..........

ngaba said...

သတင်းထောက် ချာတိတ်လေး အင်တာဗျူးနဲ့ ကိုကျော်စိုးနိုင် အင်တာဗျူး နှစ်ခုလုံးကြည့်ပြီးပြီး။
နှိုင်းယှဉ်ကြည့်တော့ ကိုကျော်စိုးနိုင်ရဲ့ မျက်နှာမှာ ရိုးသားမှုတွေ့ရတယ်။ ဟိုကောင်လေး ကြည့်ရတာ မလယ်ရှုပ်ပုံပေါက်တယ်။ ဒါ ကျွန်တော့အမြင်သက်သက်ပဲ။

yoyolay said...

Express time journal ကိုအခုမှကြာဖူးပေမဲ့ တော်တော်စိတ်ပျက်သွားပြီဗျာ သူ့အလုပ်ကိုယ့်အလုပ် ဆို
ပြီးနားလည်မှုလေးတော့ရှိသင့်တာပေါ့ဗျာ ငါမီဒီယာသမားဘဲဆိုပြီး မီဒီယာလက်နက်ကို အလွဲသုံးစား လုပ်တာတော့မကောင်းပါဘူး..

လွင့်မောင်မောင် said...

ဟုတ်ပြီ တို့ကလည်းဒီလိုဘဲ့ပြောချလိုက်ချင်တာ Express Time ကငနဲတွေက ရိုးမှရိုးရဲ့လား ဟိုဘက်ပါတီ(NLDကိုမလိုလားတဲ့ပါတီ)တစ်ခုခုကလက်ဝေခံတွေလားမှမသိတာ
ငါတို့ပြည်သူတွေအတွက်ကတော့ အမေစုဟာ မရှိမဖြစ်လိုအပ်တဲ့အရေးကြီးဆုံးဖြစ်သလို အမေ့ကိုဝန်းရံပေးနေတဲ့ သူတွေလည်းမရှိမဖြစ်လိုအပ်နေတာပါဘဲ့ တို့တွေကမှမလုပ်နိုင်တာ၊ကိုကျော်စိုးနိုင်ရေဆက်လုပ် အားပေးတယ် မသူတော်တွေအမေအနားမကပ်နိုင်အောင် .........

The Nature Myanmar said...

ကိုကျော်စိုးနိုင်မို့လို့ ဒီလောက်စိတ်ရှည်နိုင်တာ...
ဘာသတင်းထောက်လဲ...
ဂျာနယ်လောက သိက္ခာကျတယ်...
မင်းတို့က ကိုယ်လိုချင်တာဘဲ ကြည့်တယ်...လုပ်စားတွေ...
ပြည်သူအကျိုးပြုတဲ့ သတင်းထောက် သင်တန်းကျောင်းဖွင့်ဖို့ လိုပြီဆိုတာ သက်သေပြလိုက်ပဲ...
နိုင်ငံ့ခေါင်းဆောင်မှန်းမသိတဲ့ ကေါင်က သတင်းထောက်လုပ်တယ်တဲ့...စဉ်းစားလို့တောင် မရဘူး...
ဗိုလ်ချုပ်တုန်းကလည်း ပြောနေတဲ့ကြားက ကာကွယ်နေတဲ့ကြားက ဆုံးရှုံးခဲ့ရပြီးပြီ...
ဘာနဲ့ မှ တန်ဖိုးဖြတ်လို့ မရဘူး...
ဒီပဲရင်းမှာလည်းကြည့်...ဒေါ်အောင်ဆန်းစုကြည်ဘေးက အသက်နှင့်လဲပြီး ကယ်ခဲ့ကြလို့သာ အသက်ဘေးကလွတ်သွားတာ...
ဒါကြောင့် တိုင်းပြည်လည်း ဒီအခြေအနေထိရောက်လာရတာ...
အားလုံးဟာ အတိမ်းအစောင်း မခံဘူး...ဒါအမျိုးသားရေး...
Express Time Journal သတင်းထောက်ရဲ့ နားလည်လား...
သတင်းထောက်ကွဆိုပြီး ဂျိုထောင်တာလား...
နိုင်ငံအတွက် အသုံးမတည့်ရင် အားလုံးအမှိုက်ပဲ...
မင်းတို့ဂျာနယ်က အခုမှပေါ်လာတာပါ...တခြားသတင်းထောက်တွေဆီ တပည့်ခံလိုက်အုံး...
စာရွက် အလကားရတယ်များ ထင်နေလား...သစ်တွေဝါးတွေ ခုတ်မှပြုန်းမှရတာ...
နိုင်ငံသစ်အတွက် အမှိုက်လို့ ထင်ရင် အကုန်ရှင်းကြပါ...

အောင်ကျော် said...

ကိုကျော်စိုနိင် ဆက်လုပ်ပါ။ အမေစုအတွက် လုပ်သင့်တာ ဆက်လုပ်ပါ။
. မောင်ဝံသဆိုတဲ့လူကြီးက နှာစေးတာ သာကူးမို့လို့ပါ။

nandar said...

အမေစု ရဲ့လုံခြုံရေးလုပ်တဲ့သူတွေဟာအရမ်းသနားစရာကောင်းပါတယ်။ ဖားပြီးဖြီးပြီပြောခြင်းမဟုတ်ပါ။ တကယ်လက်တွေ့မြင်ခဲ့ရတာပါ။ ဒီပဲယင်းအရေးအခင်းတွင် လက်တွေ့မြင်ခဲ့ရတာပါ။ သူတို့ကနေပူမရှောင်မိုးရွာမရှောင် အမေစုကိုကာကွယ် နေခဲ့တာပါ။ သူတို့မောရမှန်းမသိခဲ့ပါဘူး။ အမေစုကိုဝိုင်းရိုတ်တော့သူတို့က အုပ်မိုးပေးခဲ့တာပါ။ ဒါကြောင့် တချို့ နေရာမှာတင်လဲနေလို့အစိုးရကအဖမ်းခံရ တချို့ကသေကြတယ်။ တချို့ကထွက်ပြေးလာကြပေမဲ့ ခေါင်းတွေအိနေအောင်အရိုက်ခံကြရပါတယ်။ ခေါင်းကဒဏ်ရာတွေနဲ့ပြေးလာသူတွေကို ဒေသခံတွေကဖွတ်ပေးပြီး ဘုတလင်ရောက်အောင် ပို့ကြလို့ဘုတလင်ကဘုန်းတော်ကြီးတကျောင်းမှာ ပုန်းရင်းဆေးကုကြရပါတယ်။ သက်သာလို့ပြန်တော့အဖမ်းခံခဲ့ရပါတယ်။ သူတို့ကပေးဆပ်နေသူတွေပါ။ ဒါကြောင့် သူတို့တွေကိုအားကျခဲ့တယ်။ အမေစုကိုယ်ရံတော်မဟုတ်တောင် NLD မှာအဖွဲ့ဝင်ခြင်ခဲ့တယ်။ အမှန်တိုင်းဝန်ခံရရင်ထောင်ကြမှာတော့အရမ်းကြောက်ခဲ့တယ်။ အခုအမေစုနားမှာ ၀ိုင်းဝန်းကူညီသူတွေကမှ တကယ့်သူရဲကောင်းတွေပါ။ သူတို့ဘ၀ရဲ့မပြေလည်မှုတွေကို မေ့ထားပြီး တိုင်းပြည်အတွက်သတေးနေသူတွေပါ။ ကိုယ်မလုပ်နိုင်ရင်တောင်သူတို့ကို ကူညီသင့်ပါတယ်။ အဓိက ကတော့ မီဒီယာတွေ ကသူတို့ရဲ့ဘ၀တွေကွိုပိုပြီး ပြည်သူတွေသိအောင် စာနာနားလည်လာအောင် လုပ်ပေးရမှာ။ အခုတော့.....

လောကပါလ said...

EXpress Time Journalကိုတစ်ခုလောက်မေးချင်တယ်ဗျာ၊ရိုင်းတယ်ဆိုရင်တော့ဆောရီးဗျာ မင်းတို့ပထွေးတွေစစ်အာဏာရှင်တွေတုန်းက အဲဒီလို လုပ်ခဲ့ဘူးသလား။မော်တောင်မကြည့်ရဲခဲ့ဘူးမလား။အနီးကပ်သတင်းယူခွင့် ဓာတ်ပုံရိုက်ခွင့်မပြောနဲ့ သူတို့ဘယ်နားမှာ ဘာတွေလုပ်နေတယ် ဆိုတာတောင်သိခဲ့ရလား။အရင်ဆုံး မင်းတို့အဖေ လုံထိန်းတွေက နားရင်းအုပ်ခံရမှာသေချာတယ်။မီဒီယာလေး နဲနဲပွင့်လင်းလာတယ် ချိုက ကြွချင်လာပြီ။မင်းတို့လိုကောင်မျိုး သတင်းထောက်တွေ စစ်အစိုးရအာဏာရှင်တွေနဲ့ပဲတန်တယ်။ခုလဲ ကိုကျော်စိုးနိုင် မို့လို့ ပေါ့ အဲဒီနေရာမှာ ငါဆိုရင် မင်းလိုကောင်မျိုး စောက်ခွက်ပဲ ဖြတ်ရိုက်ပစ်မှာ။

Anonymous said...

အားလုံးအားလုံးသော ကွန်မင့်တွေကို လေးစားပါတယ် Express Time က သတင်းထောက်များကို ပြောချင်တာကတော့ ပွင့်လင်းကာစ မြန်မာနိုင်ငံ မှာ ကိုယ်ကြိုးအတွက်မရှာဘဲ အများအကြိုးအတွက် ရှာတာဘဲ ဖြစ်စေချင်ပါ သည် အပေါ်က ကွန်မင့်ရှင်များပြောသလိုဘဲ စစ်အစိုးရရဲ့ သတင်း ဓာတ်ပုံ တွေ ကိုယ်ရေးတွေ ဒါမှမဟုတ် သမတ သို့မဟုတ် ဒုတိယ သမတ သို့ စစ်ဦးစီးချုပ်တွေရဲ့ ဓတ်ပုံတွေ လုပ်နည်းလုပ်ဟန်တွေကို ပြည်သူအများသိအောင် ဖော်ထုတ်ပါလား ခုမှအသံကောင်းဟစ်ပြီး မီဒီယာ ဥပဒေတွေကို ခုတုံးမလုပ်ပါနဲ့ တကယ်တမ်း မီဒီယာ ဥပဒေတွေကို လေးစားလိုက်နာတယ်ဆိုရင် အရင့် အရင်က ကိစ္စတွေကို ဖော်ထုတ်ပြသပါလား ခုခါမှ နာမည်ကြီးချင် ရောင်းအားကောင်းချင်တာနဲ့ အရမ်းမလုပ်ကြပါနဲ့ ကိုယ်ကြိုး စီးပွားအတွက်နဲ့ သူတကာကို ခုတုံးလုပ်ပြီးမတက်ချင်ပါနဲ့ ဒေါ်စုရဲ့ လုံခြုံရေးဟာလဲ ဒီမိုကရေစီ လိုလားသော လူအများရဲ့လုံခြုံရေးနဲ့ဆိုင်ပါတယ် သို့အတွက်အကြောင့် မိမိ အတ္တတွေ ကိုယ်ကြိုးတွေကို ရှေ့တန်းမတင်ဘဲ အများအကြိုးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားကြပါ လူဖြစ်ခိုက်မှာ လူပီသကြပါစေ.......

tanaka said...

Express ကကောင်တွေသန်းရွှေနဲ့တရုတ်ကြီးရဲ့လူတွေပဲဖြစ်မယ်။သူတို့သတင်းတွေဖတ်
လည်းပြည်သူလူထုဘယ်တော့မှအယုံအကြည်မရှိပါဘူး။

soegyi said...

express time ကိုသပိတ်မှောက်ကြပါစို့ လုံးဝ လုံးဝ မဖတ်ကြပါနဲ့တော့ မိတ်ဆွေအပေါင်းတို့

Ven.Khe said...

ကဲ...အမေစုကိုချစ်တဲ့သူတိုင်း ...
အဲဒီဂျာနယ်ကိုသပိတ်မှောက်တဲ့အနေနဲ့..
ဘယ်သူမှဝယ်မဖတ်ကြဖို့ပဲရှိတော့တယ်...
ညီညွတ်မှုရှိဖို့လြို့ပီ...အားလုံး..သဘောတူရင်..
ခုချိန်ကစပြီး...သပိတ်မှောက်ကြစို့...။

mg said...

မြစ်ဆုံကိစ္စတုန်းက ဒီဂျာနယ်မပေါ်သေးဘူးထင်ရတယ်။ ဒီဂျာနယ်က ဦးခင်ရွှေ သူရေးခိုင်းတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေဖိတ်ခေါ်ပီးဆွေးနွေးပွဲ လုပ်တဲ့သတင်းကိုသတင်းထောက်တွေက မရေးပဲ ဝန်ကြီးများရုံးကို ဟိုတယ်ပြောင်းဖွင့်ဖို့ တင်ဒါခေါ်တာကို သတင်းထောက်တွေ ဝိုင်းဆော်တာကို တန်ပြန်ဖို့ ထုတ်ဝေလိုက်တဲ့ ဂျာနယ်ပါ။ သတင်းထောက်တွေကို ဆီဒိုးနားမှာဖိတ်ပီးကောင်းကောင်းမွန်မွန် ပြုစုပီး ရေးခိုင်တာတော့မရေးပဲ ဝန်ကြီးများရုံးကိစ္စကိုတော့ ဝိုင်းအော်လိုက်ကြလို့ သတင်းသမားတွေဟာ အဆိုးမြင်သမားတွေ၊ ပေးတာယူ ကျွေးတာစားပီး နားမလည်ဘူးလို့ပြောသွားတယ်၊ သိပ်မကြာခင်မှာ ဒီဂျာနယ်ကို ထောင်လိုက်တယ်လို့ ထင်ပါတယ်။

may said...

ဟုတ်တယ် မင်းတို့အမေလင် နအဖ ဆိုရင်ရော အဲလိုလုပ်ရဲလား
တမင်သက်သက် လူပါးလာဝတာ။အဲဒီဂျာနယ်ကိုလုံး၀၀ယ်မဖတ်ကြနဲ့။

ဒီထွန်း(NLD) said...

တစ်သောင်းဖိုးလောက် ပါးရိုက်ပစ်လိုက်မယ်။

အညာသားကြီး said...

EXPRESS TIME ဂျာနယ်ကို အခုချိန်မှ စ၍ လုံးဝ လုံးဝ လုံးဝ ၀ယ်ဖတ်ဖို့မပြောနဲ့ ကိုင်၍တောင် မကြည့်တော့ပါ.....

KPU -RAKHINE said...

express time က ဦးခင် ရွှေ ပိုင်တာ ဆိုတော့ လဲ
အ၇င် ခောတ်အဆက်ဆက် ဒီလိုပဲ အာဏာ ရှိသူ ပိုက် ဆံ ရှိသူတွေ နဲ့ ပေါင်းပြီး လူထု ကို (မှန်တဲ့ သူတွေကို) အနိုင်ကျင့် ကြ တာပဲ
အခုလဲ ဦးခင် ရွှေ အားကိုးနဲ့ ပေါ့  ......
နာ မည် ကြီးချင် ရင် ဦးသန်းရွှေ ဦးမောင်အေး တို့  သတင်းကို လိုက် ပါ
လို့  အကြံ ပေးပါ ရစေ express time က ဦးခင် ရွှေ ။။။

tyo said...

express time & myanmar express ဟာ အစိုးရကြောထောက်နောက်ခံ သတင်းဌာန တွေပါ။ သူရဲ့ရည်ရွယ်ချက်ကတော့ NLD နဲ့ အခြားသတင်းဌာနတွေကို စိတ်ဝမ်းကွဲစေဖို့ နှင့် NLDရဲ့ဂုဏ်သိက္ခ္ခာ ကျဆင်းအောင်လုပ်ဖို့ပါ။

သူ၇ိယ said...

အမေစုကိုလေးစားရင်...အမေစုကိုယ်ရံတော်တွေကိုလည်းလေးစားရမယ်...
အမေစုဆက်အလုပ်လုပ်နိုင်ဘို့လုံခြုံရေးကိုအသက်ပေးပီးတာဝန်ယူထားတာ..
အမေစုကလွဲရင်ကျန်တဲ့လူဂရုမစိုက်ဘူးဆိုရင်သတင်းထောက်မဟုတ်တာသေချာပီ..ဒါအကြံအဖန်ကောင်မျှသာ..

Anonymous said...

ဒို့အမေကိုကာကွယ်ပေးသူတွေကိုလေးစားပါတယ်။
တကယ့်လူတော်တွေပါ။အမေနဲ့တကွN.L.Dပါတီဝင်တွေကို
နားလည်ပေးကြရမယ်။ခုလိုသတင်းသမားအစုတ်ပလုပ်က
စော်ကားလို့စိတ်မပျက်လိုက်ပါနဲ့..ဒီ့ထက်တိုးပြီးအမေ့ကိုကာကွယ်နိုင်ပါစေ..
အမေအသက်ရှည်ပါစေ...
အမေ့ကိုတိုက်ခိုက်ကြသူများကျဆုံးပါစေ...

Show said...

တကယ်တော့သူတို့အလုပ်သူတို့လုပ်ကြတာပါ
ဘယ်သူလွန်သလဲဆိုတာသူတို့ပဲသိလိမ့်မယ်
အမေစုလုံခြုံရေးတာဝန်ယူထားတဲ့သူတွေဟာအရမ်းပင်ပန်းကြပါတယ်
တခါတလေဒေါသအလျောက်ဖြစ်တာတွေလည်းရှိမှာပါ
ဒါပေမယ့်ဒီJournalistကဒီပြသနာကိုအကုန်လုံးသိအောင်စာတွေပို့တာဗျ
ရွေးကောက်ပွဲတုန်းကဦးတင်ရီလိုနေမှာပေါ့
အမေစုကိုကန့်ကွက်လိုက်တာသူနာမည်ကြီးသွားတယ်လေ
အရင်တုန်းကသူ့ကိုဘယ်သူကသိမှာတုန်း
ခုလဲဘာပြောပြောဒီJournalကိုလူသိသွားတာပေါ့
ဒါ သူတို့အတွက်အမြတ်ပဲလေ မဟုတ်ဘူးလား

konamazu said...

ကျွန်တော် တခုလောက်သိချင်ပါတယ်။သတင်းထောက်ဆိုတာ ၁ ကိုမြင်တာတောင် ၂ ပြောလို့ရပါသလား။ဂျာနယ် အယ်ဒီတာချုပ်တွေအနေနဲ့လည်း သတင်းထောက်ပြောသမျှ လိုက်လုပ်တတ်ပါသလား။အမေစုရဲ့ပါတီဝင်တွေက တာဝန်လိုသဘောထားပြီး အမေစုနား နေကြတာမဟုတ်ပါဘူး။တကယ့်ကို မေတ္တာစစ်တခုထဲနဲ့ အသက်ကိုပဓာနမထားပဲနေကြသူတွေပါ။မှားမှန်းသိရင်တောင်းပန်ပါ သတင်းထောက်ချာတိတ်လေးရာ။

ဖြိုးသီဟ said...

ယခုချိန်မှာတော့လူပုဂ္ဂိုလ်တွေထဲမှာတော့အမေစုအသက်ထက်ရေးကြီးတဲ့သူတယောက်မှမရှိဘူးကျုပ်တို့နိုင်ငံကိုအကောင်းဆုံးဖြစ်အောင်မွမ်းမံပေးနိုင်သူဟာမေစုတယောက်ပဲရှိတယ်အမေစုဟာမြန်မာပြည်သူလူထုရဲ့အရှင်သခင်အသက်သွေးဖြစ်တယ်ကိုယ်ကြိုးအတွက်တစွန်းတစက်မှမပါပဲပြည်သူတွေအတွက်သူဘဝကိုပေးဆပ်ထားပြီးသားဆိုတာကမ္ဘာအသိဆိုတာဘယ်သူငြင်းနိုင်ဦးမှာလဲဒါကြောင့်အမေစုရဲ့ကျန်းမာရေးအတွက်ကျုပ်တို့အားလုံးဝိုင်းဝန်းစောင့်ရပါမယ်

Nay Nwaye said...

ကျွန်ုပ်နှင့် ကျွန်ုပ်၏ဝန်ထမ်း ၃၀ မှ ဒီ Express Time ဂျာနယ် ကိုနောင်ဘယ်သောခါမှ ဖတ်တော့မည်မဟုတ်ပါကြောင်း။

myanmar girl said...

သတင်းထောက်တွေလည်း သတင်းထောက်ပီပီသသ လုပ်ကိုင်ပြောဆိုကြရင်
ကောင်းမယ်ထင်ပါတယ်။အခုတော့ မက်ဆင်ဂျာ ဂျာနယ်မှာ ဖတ်လိုက်ရတာ
စကားပြောတာ ရန်လိုနေပါတယ်(Express Time ဂျာနယ်မှ သတင်းထောက် သုံးယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီး သတင်းထောက် ဖြစ်ပါတယ်)။နားလည်ပေးနိုင်ရင် ကောင်းမှာပါ။ဟိုဘက်က
လုံခြုံရေးယူထားရတဲ့အခြေအနေမှာကို လိုက်တွက်ကယ်လို့ မရပါဘူး။တိုင်းသိပြည်သိ ဂျာနယ်နာမည်ကြီးချင်တာပါလား။ဘယ်အလုပ်မဆို ကိုယ့်ကိုကိုယ့် လိပ်ပြာလုံဖို့ အရေးကြီးပါတယ်။ဂျာနယ်သတင်းထောက်များအားလုံးကို မဆိုလိုပါ။ကိုယ့်အသိုင်းအ၀န်း ကောင်းဖို့ လူအားလုံးကောင်းမှ ရမှာပါ။
တခြား သတင်းထောက်တွေလည်း ကိုယ့်ပတ်ဝန်းကျင်မှ လူများမှားနေရင်လည်း ပြုပြင်ပေးကြပါ။အဲဒါမှ အရာအားလုံးအဆင်ပြေမှာပါ။နှစ်ဦးနှစ်ဘက် အဆင်ပြေသွားရင် ကောင်းမှာပါ။

Dရဲရင့် said...

သူများတွေလောက်တော့ ကျွန်တော်ဥာဏ်မမှီပါ။ဒါပေမဲ့တခုလောက်တော့ပြောချင်ပါတယ်။တစ်ကိုယ်ကောင်းသိပ်မဆန်ကြပါနဲ့၊ဘာလုပ်ဖို့အများကြီးချမ်းသာချင်နေကြတာလဲ၊ကျွန်တော်ဥာဏ်မမှီပါ၊ကိုတေဇရေ-ဆင်းရဲသားတွေကိုသနားကြပါအုံးဗျာ၊ကိုယ့်မှာရှိတာတွေမပေးချင်ရင်တောင်မှသူများတွေယူဖို့အတွက်ချန်ထားပေးကြပါအုံးဗျာ။အကုန်မယူချင်ကြပါနဲ့။လောဘမကြီးကြပါနဲ့။ဝေမျှနိုင်ကြပါစေ။တင်းတိမ်နိုင်ကြပါစေ။

ရွာသား said...

ဘာဘဲ့ပြောပြောဒီ Express Time ဂျာနယ်တော့နာမည်နည်းနည်းကြီးသွားပြီ၊တုံးတယ်လို့ပြောချင်ပြောခုမှဘဲ့ဒီဂျာနယ်နာမည်ကြားဖူးတယ်၊မြန်မာပြည်မှာထုတ်ပြီးဘိုနာမည်ဆိုတော့ကျုပ်တို့ရွာသားတွေကလည်းဘိုလိုသိပ်မတတ်ဆိုတော့အစကတည်းကသိရင်လည်းဝယ်ဖတ်မှာမဟုတ်ပါဘူး

Ko Min Chit Thu said...

ပါရာပါဇီ..တွေကြောင့်..ဒိုင်ယာနာ၊သေခဲ့ရသည်၊ဒါဟာဒို့အတွက်အရေးမကြီးပါ။စည်းမရှိ၊ကမ်းမရှိ၊သင်တန်း၊ဒီပလိုမာအစရှိသည်တို့နည်းလမ်းတစ်ကျတက်
ရောက်ထားခြင်းမရှိသောသတင်းထောက်များကြောင့်ဒေါ်စုတစ်ခုခုဖြစ်ခဲ့ရပါက၊
ပြည်သူ့အတွက်ကိုယ်ကျိုးနဲကုန်လိမ့်မည်၊မီဒီယာဟာအရေးကြီးမဏ္ဍိုင်ပါ၊၀မ်းစာ
အဓိကမဟုတ်ပါ၊သတင်းဦးမရရင်နေပါ၊တိုင်းပြည်ပြသနာမတက်လာဖို့အရေးကြီး
ပါသည်၊သတင်းထောက်ရော၊အယ်ဒီတာပါမဏ္ဍပ်တိုင်မတက်ပါနှင့်၊
-ကိုယ်ကိုကိုယ်မေးပါ၊ကိုယ့်လောဘဇောနှင့်တိုင်းပြည်အချစ်တော်အသက်
ညီမျှမှုရှိမရှိ၊ထိုအရာသိက၊ကပြည်သူကိုတောင်းပန်ပါ၊မသိကဆိုးကျိုးသာရတော့မည်။

Ko Min Chit Thu said...

ပါရာပါဇီ..တွေကြောင့်..ဒိုင်ယာနာ၊သေခဲ့ရသည်၊ဒါဟာဒို့အတွက်အရေးမကြီးပါ။စည်းမရှိ၊ကမ်းမရှိ၊သင်တန်း၊ဒီပလိုမာအစရှိသည်တို့နည်းလမ်းတစ်ကျတက်
ရောက်ထားခြင်းမရှိသောသတင်းထောက်များကြောင့်ဒေါ်စုတစ်ခုခုဖြစ်ခဲ့ရပါက၊
ပြည်သူ့အတွက်ကိုယ်ကျိုးနဲကုန်လိမ့်မည်၊မီဒီယာဟာအရေးကြီးမဏ္ဍိုင်ပါ၊၀မ်းစာ
အဓိကမဟုတ်ပါ၊သတင်းဦးမရရင်နေပါ၊တိုင်းပြည်ပြသနာမတက်လာဖို့အရေးကြီး
ပါသည်၊သတင်းထောက်ရော၊အယ်ဒီတာပါမဏ္ဍပ်တိုင်မတက်ပါနှင့်၊
-ကိုယ်ကိုကိုယ်မေးပါ၊ကိုယ့်လောဘဇောနှင့်တိုင်းပြည်အချစ်တော်အသက်
ညီမျှမှုရှိမရှိ၊ထိုအရာသိက၊ကပြည်သူကိုတောင်းပန်ပါ၊မသိကဆိုးကျိုးသာရတော့မည်။

U Tun Zaw Oo said...

ခင်ဗျားတို့ရဲု့ အလယ်ခေါင်တည့်တည့်မှာ ဘာဖြစ်မလဲ စောင့်ကြည့်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ် ဆိုတာ .. .. .. .. ..

C2 said...

Professionalဆိုတာ ဘာလဲ သိသင့်နေပါပြီ။
သတင်းထောက်က သတင်းထောက်အလုပ်လုပ်ရမှာမှန်ပေမယ့် လုံခြုံရေးကတော့ လုံခြုံရေးအလုပ်ကိုလုပ်ရမှာပါ၊
၁၉၄၇မှာ လုံခြုံရေးတွေ Professionalမဖြစ်တဲ့အတွက် နိုင်ငံခေါင်းဆောင်တွေဆုံးရှုံးခဲ့ပြီးပါပြီ၊ ဒုတိယအကြိမ်အမှားအဖြစ်မခံနိုင်တော့ပါ၊
Express Time မှလည်း ဖြစ်ရပ်မှန်ကိုသေသေချာချာ စုံစမ်းပြီးမှ NLDသို့ ကန့် ကွက်သင့်ပါသည်၊ ပွဲဆူအောင်လုပ်တာကတော့ ပိုပြီး သင့်ကို အထင်သေးပါလိမ့်မယ်၊ (((ဦးမြတ်ခိုင် လို လူကြီးတယောက်ကဦးစီးထုတ်တဲ့ ဂျာနယ်တောင် တိုင်းပြည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးသက္ကရာဇ်ကို မှန်အောင်မထည့် နိုင်ဘဲ ဗိုလ်ချုပ်ပုံ မျက်နှာဖုံးတပ် 1913 မွေးသက္ကရာဇ်ဖော်ပြထုတ်ထားတာ ရှိပါတယ်))) ဘာဖြစ်လို့ လဲ ...ငွေလိုချင်လို့ပါ ဆိုတာ နားလည်ပါတယ်
သူများထက် ဦးချင်၊ ထူးချင် ၊ရောင်းချင် လို့ ငွေလိုချင် တာပါ
ဒါတွေကို အခု ခေတ်လူငယ်တွေ သိနေပါပြီ။
ဘယ်ဂျာနယ်က ရိုတ်စားလဲ၊ ဘယ်ဂျာနယ်က စာပေ သစ္စာရှိလဲ
လူငယ်တွေခွဲခြား တတ်နေပါပြီ ဗျာ.

evil said...

မှန်တယ်ဆိုချလေကွာ။ အခု ဂျာနယ်တွေက တုတ် ကုန်ပီ။ ဘာလို့ ငြိမ်နေတာလဲ။ မှန်တယ်ထင်ရင် စာနယ်ဇင်းရှင်းပွဲလုပ်ပြီး တရားဝင်ရှင်းလေ။ ကွန်မန်တွေပေးထားတာလဲ မတွေ့ရတော့ဘူး။

evil said...

ဒီမှာပေးတဲ့ message နဲ့ ကွန်မန့်တွေဟာ တကယ်တော့ မီဒီယာနဲ့ nld ကို ဝေးသွားစေပါတယ်။ အမေစု အနေနဲ့လဲ ဒီပုံစံ မဖြစ်စေချင်လောက်ပါဘူး။

evil said...

C2 ပြောတာလဲ ကောင်းပါတယ်ခင်ည။ ကျွန်တော်လဲ သဘောပေါက်ပါတယ်။ လတ်တလော ဘယ်စာပေက သစ္စာရှိလဲဆိုရင် opposition တွေကောင်းကြောင်းရေးတဲ့ စာပါ ခည။ ဘယ်စာက ရိုက်စားလဲဆိုရင် ဝpposition ရဲ့ အပြစ်တွေကို ရေးတဲ့စာပါ ခည။

Post a Comment