12 May 2012

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းစာရှင်းလင်းပွဲ ပထမဆုံးအကြိမ်ပြုလုပ်

ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဦးလှမြင့် ရှင်းလင်း နေစဉ်။ ဓာတ်ပုံ -စောသိန်းဝင်း
ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခန်းမ(၄)တွင် မေ ၁၁ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဌနှင့် ယင်းဌာနမှ အရာရှိကြီးများ တက်ရောက်ခဲ့သည်။

''ယာဉ်ကြော  ရှင်းလင်း ဖို့အတွက် လမ်းတိုးချဲ့တဲ့အခါ ဦးဝိစာရလမ်း အလယ် ကျွန်းက ရေတမာပင် ၁၆ပင် ပါသွားပါ တယ်။ အပင်ကြီး ဖြစ်တော့ အမြစ်တွေက ဘယ်လိုမှ ရွှေ့ပြောင်းစိုက်လဲ မရှင်နိုင်ပါ ဘူး။ အပင်လတ် ခရေပင် ၁၅ပင်ကို ရွှေ့ပြောင်း စိုက်ပါတယ်။ အပင်ခုတ်တာ လိုအပ် ချက်ရှိလို့ လုပ်ရတာပါ။ ရန်ကုန်မြို့တော် စိမ်းလန်းဖို့ စည်ပင်မှာ အများကြီး တာဝန် ရှိပါတယ်။ သစ်ပင်ကို ချစ်တဲ့စိတ်၊ မြတ်နိုး တွယ်တာစိတ်ရှိပါတယ်။ သူများခုတ်ရင် ကာကွယ်ရ တဲ့သူဖြစ် ပါ တယ်။ မတတ်သာ လို့ သစ်ပင်ကို ဖယ်ရခြင်း  ဖြစ်ပါတယ်'' ဟု မြို့တော်ဝန်ဦးလှမြင့်က ရှင်းလင်းပြော ကြားသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် နှစ်စဉ်  သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ပြီး စိုက်ပြီးသစ်ပင် ရှင်သန်မှု ရှိမရှိကိုပါ စစ်ဆေးကာ ယခုနှစ်မိုးရာသီ တွင်လည်း စိုက်ပျိုးရန် ပြင်ဆင်ထား ကြောင်း၊ စိုက်ပြီးသစ်ပင်များ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ရှင်သန်မှု ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျ စေရန်အတွက် ဦးဝိစာရလမ်းကို တိုးချဲ့ရ ခြင်းဖြစ်ပြီး လမ်းတိုးချဲ့ခြင်းမပြုမီ ဧပြီ ၂၀ ရက်မှ စတင်ကာ ရှစ်ရက်ကြာ ကွင်းဆင်း ၍ ဒေတာကောက်ယူခဲ့ကြောင်း၊ ဘယ် ကွေ့ကား များမှာ မလိုအပ်ဘဲ ယာဉ်ကြော ပိတ်ဆို့မှုများရှိနေ၍ ယင်းသို့ဆောင်ရွက်  ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ကြော ရှင်းလင်းရေး အတွက် လေးလမ်းသွား  ကားလမ်းများတွင် လေးလမ်းစလုံး အပြည့်အဝ  ဖွင့်နိုင်ရန်အတွက် မီးပွိုင့်များ၌ ဘယ်ကွေ့  ယာဉ်ကြောနှင့်ညာ ကွေ့ယာဉ်ကြောများကို လမ်းချဲ့ခြင်းနှင့် လမ်းခင်းခြင်းများကို ဆောင်ရွက် ရန်တင်ပြပြီး ပထမဆုံး အနေဖြင့် ဦးဝိစာရမီးပွိုင့်ကို ဆောင်ရွက်ခဲ့ကြောင်း အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှ ဌာနမှူး   ဦးတင်မောင် ကြည်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းမ်

30 comments:

Top Gun said...

ကျွန်တော်တို့က စေတနာနဲ့ကောင်းအောင်လုပ်နေတာကို ကျေးဇူးတင်ပါတယ်။ မှားခဲ့ရင်တောင် စေတနာအမှားပဲ။ ဒါပေမဲ့ အောင်သိန်းလင်း လိုစိတ်ဓါတ်အောက်တန်းမကျပါစေနဲ့ လို့ဆုတောင်းမိပါတယ်။

Justice lover said...

အပင်ကြီးဖြစ်လို့ ဘယ်လိုမှ ရွှေ့ပြောင်းစိုက်လို့မရဘူးဆိုတာတော့ မြို့တော်စည်ပင်က ဗဟုသုတနည်းလို့ပါ။ သူများတိုင်းပြည်တွေမှာ ကိုယ့်ခြံထဲက အပင်ကြီး အကြီးကြီးကို ဂေါက်ကွင်းအသစ်ဆောက်နေတဲ့ ကုမ္ပဏီက လာတောင်းဝယ်တယ်။ ရောင်းလိုက်ယင် သူတို့ဖါသာ လာနှုတ်သွားပြီး ဂေါက်ကွင်းထဲ ပြောင်းစိုက်ကြတယ်။ ကြာပြီပဲ ဒီနည်းပညာတွေက။ သေချာမစဉ်းစားကြတာပါ။ ခေတ်ဟောင်းက အတိုင်း ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပဲလုပ်ခဲ့တာတွေအတိုင်း လုပ်မိနေတာပါ။ ခေါက်ရိုးကြိုးနေကြတာပေါ့။ တကယ်ဆို သစ်ပင် ပင်စည်တစ်ခုစာ အလယ်ကျွန်းလေး ချန်ထားခဲ့လဲ ရတာပဲ။ အေးလေ ဒီလောက်ထိစဉ်စားပြီး လုပ်ခဲ့ကြယင် ဒီတိုင်းပြည်ဒီလိုတောင် ဖြစ်နေမှာ မဟုတ်ဖူး။
ဟူး ... မောပါတယ်။ ပြောရမှာတွေ များလွန်းလို့၊ တစ်လွဲလုပ်တာတွေ များလွန်းလို့။ လုပ်တဲ့သူတွေကတော့ မမောနိုင်သေးဘူး၊ ပြောတဲ့သူတွေကတော့ မောနေပြီ။ လက်တွေလည်း ညောင်းလှပေါ့။

ကိုကို said...

အပင်ကြီးကိုရွှေ.စိုက်ရပါတယ် တရုတ်ပြည်မှာအပင်ကြီးမြန်မာပြည်ကနေ၀ယ်ပီးတောင်
စိုက်သေးတယ်။ညှောင်ပင် အပင်ကြီးရွှေ.စိုက်ပါတယ်တရုတ်တွေက။
ဆွေမျိုးပေါက်ဖေါ်တရုတ်ဆီသွားလေ.လာလိုက်အုးံ။

iban said...

ပြည်သူကို အသိပေးပြီး လုပ်တဲ့အလေ့အထလေး ရှင်သန်နေရင် အကောင်းဆုံးပါ။ ဒါပေမယ့် မြို့တော်စည်ပင်က ဘာလုပ်လုပ် စည်းကမ်းချက်တစ်ခု ထုတ်ပြန်လိုက်ပြီဆိုရင် သူတို့စားဖို့ ဂွင်အသစ်ထွင်သလို ဖြစ်ဖြစ်နေတာဆိုးပါတယ်။ ဥပမာ၊ ဆိုင်းဘုတ်ကိစ္စဆိုရှင် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ စီးပွားရေးသမားတွေက ငွေပေးညှိလိုက်တော့လည်း ဟိုလိုလို၊ ဒီလိုလိုနဲ့ လုပ်ပြန်ရော။ သူတို့ ပိုက်ဆံမရတဲ့ အခြေခံ လူတန်းစားတွေရဲ့ ဆိုင်းဘုတ်သေးသေးလေးတွေကိုတော့ တိတိကျကျ လုပ်ပြပါလိမ့်မယ်။ အဆိုးမြင်တာ မဟုတ်ပါဘူး။
အခုလို ပြည်သူကို လူလိုသူလို သဘောထားပြီး အသိပေးတာကိုတော့ များစွာကြိုဆိုပါတယ်။ ဒီအစဉ်အလာကောင်းလေးကို ဆက်ထိမ်းထားပေးစေချင်ပါတယ်။

Nightingale the angel said...

hont! ခုတ်တုန်းကတော့  ခုတ်ပြီး...
နှမျှောစရာ...

Thurein said...

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အနည်းဆုံးတော့ အရင်လို လုပ်ချင်တိုင်း ထင်ရာစိုင်းမလုပ်တော့ဘဲ ပြည်သူဆီက အသံကို နည်းနည်းနားထောင်ပြီး ဘာကြောင့်ဆိုတာ ပြန်လည်ရှင်းလင်းပေးတယ်ဆိုတော့ အရင်ကထက်စာရင် ပိုတိုးတက်လာတယ်လို့မြင်ပါတယ်။ ထင်သာမြင်သာ ရှိလာတာပေါ့။


ဆေးပညာနှင့်ပတ်သက်ပြီး မေးလိုရာမေးနိုင်ပါသည်။
www.academicmedicines.blogspot.com

မျှော်ရဇ် said...

မြိုတော်စည်ပင်က ညဏ်နည်းလိုက်တာ သစ်ပင်တောင် ရွှေ့ မစိုက်တတ်ဘူး။ အခွန်ပဲကောက်တတ်တဲ့ ညဏ်ပဲရှိတယ်။ လေ့လာပါ စာဖတ်ပါဆိုရင်။ တွင်းအောင်ဖို့ ပဲ တွေနေတဲ့ မြို့ တော်စည်ပင်။

Anonymous said...

ကျွန်တော်ဟာနေ့ စဉ် ကားမောင်းပြီးမြို့ ထဲကို
အသွားတစ်ခေါက်အပြန်တစ်ခေါက်သွားရပါတယ်။
ရတမာပင်(၁၆)ပင်ကိုခုတ်ရတာနဲ့ ယာဉ်ကြော
ရှင်းသွားတာနဲ့ ၊အကျိုးအပြစ် ယှဉ်ကြည့်ရင်၊
အကျိုးက ပိုများပါတယ်။
ဒီမြို့ တော်ဝန်ဟာ၊အရင်မြို့ တော်ဝန်နဲ့ နှိုင်းစာရင်
အလုပ်တော်တော်ပိုလုပ်တဲ့သာဓကတွေကြောင့်
ကျေနပ်ပါတယ်။ သူ့ အကြောင်းသေသေချာချာမသိ
သော်လဲ၊ ရန်ကုန်မြို့ ရဲ့ အခြေအနေတိုးတက်လာတာ
ကတော့လက်ခံကြိုဆိုရမှာပါ။
ကောင်းတာကိုလက်ခံပြီး၊မကောင်းတာကိုမကောင်းကြောင်း
မြို့ တော်သူ/သားတွေက ဆွေးနွေးကြရမှာပါ။

သူ၇ိယ said...

အရင်တုံးက“အဆိုးမြင်ဝါဒီ”ဆိုတဲ့စကားလုံးကိုတွင်တွင်သုံးခဲ့တယ်.
ကောင်းတာတွေတစ်ခုမှဖြစ်မလာသေးတော့ပြည်သူတွေအဆိုးမြင်တာဆန်းလား
“အရှက်မဲ့ဝါဒီ”ဆိုတဲ့စကားလုံးကိုလည်းတွင်တွင်သုံးချင်မိတော့တယ်...

lwannaymie said...

ဒီလိုပြည်သူကို ပြန်ရှင်းပြတာ လေးစားဖို့ကောင်းပါတယ်။ နောင်လဲအမြဲမျှော် လင့်ပါတယ်။ ဒါပေမဲ့နည်းပညာနဲ့ စဉ်းစားဥာဏ် အားနည်းမှုတွေအများကြီး တွေနေရပါတယ်။ နောက်ဆုံးကိုယ်မလုပ်တတ်ရင်လည်း (တင်တာ)ခေါ်ပြီး အပင်လိုက်အရှင်ယူမဲ့သူတွေတစ်ပုံကြီးပါ။ နောက်နောင်ပိုစဉ်းစားပြီး ပိုကျိုးစားကြပါ၊ နေရာမြဲပါစေ။ အပေါ်မှအပြုသဘောအကြံဥာဏ်ပေးသော သူများကိုလဲ အားပေးပါတယ်။ (ကောင်းတာလုပ်ရင်မည်သူမဆိုလေးစားတယ်။)

aung linn said...

စည်ပင်မှာ လမ်းတံတားမှာ ဦးမြင့်ဇော်ဆိုတဲ့လူရှိတယ်၊citybus stand မှာ ကြော်ငြာ ဆိုင်းဘုတ် အခွန် သွင်းရင် သူကို အ လူငွေ ဆိုပြီး ဆယ်သိန်းလောက်ပေးရတယ်၊ ဆိုင်းဘုတ်နဲ့ ပါတ်သက်ပြီး လဂ်စားတာ အတိအကျသိချင်ယင် ကြော်ငြာလုပ်တဲ့ Agency တွေ အကုန်သိတယ်၊ဗိုလ်မှူးစည်သူလွင်ဆို တဲ့အကောင်လည်းရှိသေးတယ်၊ သူက ဒီနေရာမှာ တော်တော်ကြာနေပြီ ဦးကိုလေးလက်ထက်ကတည်းက လုပ်စားနေတာ၊ဒီကောင်ကိုဖမ်းစစ်လိုက်ယင် စည်ပင်က လဂ်စားတာ အကုန်လုံးပေါ်လာလိမ့်မယ်၊ သမ္မတကြီးကလည်း လဂ်စားတာ တခို အရေးယူ တယ်ဆိုတာ မကြားဖူးဘူး၊

Topsidon21 said...

ဝေးဝေးလံလံသွားကြည့်စရာမလို့ပါဘူး၊ မူဆယ်တဖက်ကမ်းဘဲကူလိုက်ပါ၊
၁၅မိနစ်လောက်သွားလိုက်ရင် ဗမာပြည်ကညောင်ပင်အိုကြီးတွေ ရှင်သန်
ပေါက်ဖွားနေတဲ့ ရွှေလီလမ်းမကြီး ရဲ့အလယ်ကျွန်း မှာ ဘယ်က အပင်တွေ
ကိုနေ့ချင်းညချင်း ဒီလောက်ကြီးအောင် ယူလာစိုက်သလဲလို့မေးလိုက်ပါ။
နောက်ဆိုရင် - မြို့တွင်းနောက်ဖေးလမ်းကြားက ကပ်ပါးညောင်ပင်တွေတောင်
စီးပွားဖြစ်လာလိမ့်မယ်။ စောင့်သာကြည့်နေ။ ကိုယ်တွေကတော့ အလကားပင်ဆိုပြီးခုတ် သတ်ပစ်နေတာ။

kscs said...

လုံးဝကိုမလုပ်သင့်တာပါ.. ဒီလိုလုပ်မှ ဖြစ်မှာမှ မဟုတ်တာ.. ဒီထက်ပိုကောင်းအောင်လုပ်ဖို့ အသိဥာဏ်မရှိရင် နောက်ဆုံး ဒီလမ်းလေးလောက်ကို ဖြစ်ဖြစ် ချို့ယွင်းချက်အနေနဲ့ ထားပေးသင့်တယ်.. ရန်ကုန်မြို့ထဲက စိတ်ချမ်းသာစရာအကောင်းဆုံး ရှုခင်းတွေထဲမှာပါနေလို့ပါ.. ခုတော့ ဒါမျိုးပြန်လိုချင်ရင် နောက်ဘ၀ထဲရောက်မှပဲ ပြန်မြင်ရတော့မယ်.. ခင်ဗျားတို့ ကွင်းဆင်းလေ့လာတယ်ဆိုတာကိုလဲ မယုံကြည်ပါဘူး။ ဒါပဲလုပ်တတ်လို့ ဒါပဲလုပ်တာပါလို့ မပြောရဲဘူးလား.. "စည်ပင်သာယာ" ဆိုတဲ့ နာမည်နဲ့ လုပ်ရပ်က ဘယ်လိုမှ မလိုက်ဖက်လို့ လူမပြောင်းရင်တောင် နာမည်အသစ်ဖြစ်ဖြစ်ပြောင်းလိုက်ပါလား.. တောင်းဆိုတာပါ။

ko htoo said...

ပြည်သူ့အသံကို တလေးတစားပြန်ဖြေကြားတာ ကြိုဆိုသင့်ပါတယ်။ ကျွန်တော် အသက်လေးဆယ်ကျော်ပါပြီ၊ အရင်အစိုးရအဆက်ဆက် ကျွန်တော့်တစ်သက် မတွေ့ဘူးခဲ့တဲ့ အစိုးရက ပြည်သူကိုအလေးထားမှုမျိုး စတင်ကျင့်သုံးလာတာကို တန်ဖိုးထားသင့်ပါတယ်။ ကျားကျားမီးယပ်လို့ မျက်စေ့မှိတ်ပြောတာမျိုးဟာ နှစ်ဦးနှစ်ဘက် အကျိုးယုတ်စေပါတယ်။ ကိစ္စတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိနိုင်ပါတယ်။ သစ်ပင်ကလေး လေးငါးဆယ်ပင်အတွက် လူများစွာ နေ့စဉ်ဒုက္ခရောက်နေရတာ ဖြစ်သင့်ပါရဲ့လား။ တက္ကသိုလ်ထဲက သစ်ပုတ်ပင်လို အထင်ကရအပင်မျိုးဆို တစ်မျိုးပေါ့။ ရေတမာပင်ဆိုတာ လွမ်းသူ့ပန်းခွေကလွဲလို့ ဘယ်နေရာမှ သုံးတာမတွေ့ဘူးပါ။ လူ့အလို ဘယ်နတ်မှမလိုက်နိုင်ပါဘူး။

ကိုကို said...

စည်ပင်လားအခွန်ပဲကောက်စားတယ်

zhkk said...

နောက်နောင်ကို မခုတ်ခင်က အကြံညာဏ်ယူကြပါဗျာ၊ သစ်ပင်တွေကို မဆင်မချင်မခုတ်ရဆိုတဲ့ ဥပဒေတခုလွှတ်တော်မှာပြထန်း ပေးကြပါ။

VOICE OF MYEIK said...

အပင်ကြီး တွေကို ရွေ့ပြောင်းစိုက်တာ မမြင်ဘူး ဘူး ထင်ပါရဲ့။
အသိဥာဏ် နဲ လိုက်ပါဘိ.မြို့တော်စည်ပင်ရယ်။
အင်တာနက်ခေတ်ကြီးမှာ..ဂူဂယ် search box ထဲ တင် ရှာကြည့်လိုက်ပါ ဗျာ။

Aung Kyaw kyaw myo said...

လမ်းေုကာင်း၎ေုကာင်းမှာ တည့်သွားတဲ့ လမ်း ၁လမ်းက ကွန်ကရစ်တုံးတွေ ချပြီးပိတ်ထားတာကကော လမ်းေုကာ ချောမွေ့ ဖို့ အတွက်လား..ဘာအတွက်လဲ..

minsoeaung said...

မြို့တော်ဝန်ကြီး
အရင်နဲ့မတူ လှလို့ဝ လို့ပါလား။ဆေးကောင်းများရှိရင်
ပြောပါအုံး။
ဒီလိုတာဝန်ယူတတ်တဲ့စိတ်တွေအားလုံးမှာရှိပါစေ။
မိမိတာဝန်ယူဆောင်ရွက်တာ ပြည်သူလက်မခံရင်ထွက်
တယ်လို့ပြောတဲ့ဝန်ကြီးတွေဖြစ်ကြပါစေ။

stone said...

မြို့တော်ဝန်ကြီးရယ် အကြံလေးပေးပါစေဗျာ အလုပ်လုပ်တာတော.လုပ်တာပေါ့ နည်းစနစ်ကျကျလုပ်ဆောင်မှသာတံဘိုးရှိသောအလုပ်ဲပြီးမြောက်ခြင်းဖြစ်မှာပါ နောက်ကွယ်မှာလုပ်ချင်တိုင်းလုပ်တတ်သောသင့်လက်အောက်မှဝန်ထမ်းသူခိုးများ ထိရောက်စွာအရေးယူနိင်မှသာသင့် လုပ်ငန်းတွေအောင်မြင်ပြီးမြောက်မှာပါသူခိုးများနှင့်သင်အပေးအယူလုပ်မည်ဆိုလျှင်ရှေ့ကသွာသောနွားကြီးအတိုင်းဘဲသင်လည်းနာမည်ပျက်ဦးမှာပါ။

stone said...

မြို့တော်ဝန်ကြီးရယ် အကြံလေးပေးပါစေဗျာ အလုပ်လုပ်တာတော.လုပ်တာပေါ့ နည်းစနစ်ကျကျလုပ်ဆောင်မှသာတံဘိုးရှိသောအလုပ်ဲပြီးမြောက်ခြင်းဖြစ်မှာပါ နောက်ကွယ်မှာလုပ်ချင်တိုင်းလုပ်တတ်သောသင့်လက်အောက်မှဝန်ထမ်းသူခိုးများ ထိရောက်စွာအရေးယူနိင်မှသာသင့် လုပ်ငန်းတွေအောင်မြင်ပြီးမြောက်မှာပါသူခိုးများနှင့်သင်အပေးအယူလုပ်မည်ဆိုလျှင်ရှေ့ကသွာသောနွားကြီးအတိုင်းဘဲသင်လည်းနာမည်ပျက်ဦးမှာပါ။

အမှန်တရားကိုသိသူ said...

ကျွန်တော်ကတော့ သစ်ပင်တွေကို တန်ဖိုးထားပါတယ်။
ဒါပေမယ့်
သစ်ပင်တွေထက် တကယ့်လမ်းတွေ ကျပ်ပိတ်နေတာကို လမ်းတွေအားလုံး တဖက် (၃)လမ်းသွား ၊၆လမ်းသွားလမ်းမတွေ ဖြစ်အောင် ရန်ကုန်မြို့က ဦးဝိစာရလမ်းတို့လို နေရာတွေ ၊အင်းလျားလမ်း ၊ပါရမီလမ်း ၊ ဘောင်ဒရီလမ်း ၊စသဖြင့် ယခုကားအသွားများ လူသုံးများနေတဲ့ နေရာတွေမှာ ပလက်ဖောင်းတွေကို ရေမြောင်းပေါ်တင်ပြီး တတ်နိုင်သမျှ လမ်းချဲ့မှသာ စိတ်ပျက်ဖွယ် ယာဉ်ကျောပိတ်ဆို့တာ ကို ကာကွယ်နိုင်မယ်ထင်ပါတယ်။
သစ်ပင်တွေ ခုတ်လှဲပြီး အခုလုပ်ထားတဲ့ ဦးဝိစာရနဲ့ တော်လှန်ရေးပန်းခြံထောင့် နေရာ ပုံမကျပါ.။
ကွေ့ကားအတွက်တလိုင်း သီးသန့် မပိတ်ထားသင့်ပါ။
လမ်းပိုရှုပ်သွားပါတယ် ။

patrioticburmese said...

စည်ပင်က ဆရာကြီးတွေရေ လူကြီးတစ်ယောက်အနေနဲ့ စကားကိုထင်သလို မပြောကြပါနဲ့။ အခုလို ပြည်သူကို လေးလေးစားစား နဲ့ ရှင်းပြတာကိုတော့ ကျေးဇူးတင်ပါတယ်။ အပင်ကြီးလို့ ရွှေ့စိုက်လို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ စည်ပင်က သက်ဆိုင်ရာ ဝန်ထမ်းတွေ ကို နိုင်ငံခြားကို လေလာရေးလွှတ်ပြီး Landscaping နဲပတ်သက်တာတွေ လေ့လာစေချင်ပါတယ်။ဒီနိုင်ငံတွေမှာ ဘယ်လောက်ကြီးတဲ့ အပင်ပဲဖြစ်ဖြစ် ရွှေ့စိုက်နေကြပါတယ်

Maunglusoe said...

အပင်တောင်မရွေ နိုင်ဘူး အင်ဂျင်နိယာတွေေ၇ာဟုတ်ရဲ့ လား
ရှက်ဖို့ ကောင်းတယ် ကွာ
အပြင်ကပန်းဥယဉ်ကအပင်ေ၇ာင်းစားနေတဲ့ သူတွေတောင်ေ၇ွ့ တတ်တယ်

mystic bamar said...

အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး၊ ပြည်သူများ ၏ နားလည်မှုယူဒါ ကောင်းသော အလေ့အထ ဖြစ်ပါသည်။ သို့သော် ကျွမ်းကျင်သူ များဖြင့် အလျှင်တိုင်ပင် သင့်ပါတယ်၊ အကြောင်းမှာ ယ္ခု ခေတ်တွင် သစ်သားအိမ်ကြီးတလုံး ကို တနေရာ မှ တနေရာသို့ ရွှေ့ပြောင်းနိုင်ပါသည်။ ထိုနည်းတူစွာ သစ်ပင်ကြီးများ ကိုလည်း ခုတ်စရာ မလိုပဲ အမြစ်ကိုတူး၍ ရွှေ့ပြောင်းနိုင်ပါတယ်။ သစ်ပင်တပင် ရရှိရန် ဆယ်စုနှစ် နှင့် ချီ၍ စောင့်ရပါတယ်။

youthmedia said...

ချစ်တယ် ချစ်တယ် ပြောပြီး နောက်ဆုံး အသေခုတ် တလိုက်တာ စည် ပင် ပါလား

သွေးသောက် said...

အပင် ၁၆ ပင်ကိစ နဲ့ ပတ်သက်ပြီးဝင်ရေးတဲ့ သူကော၊အဲဒီကိစ ကိုသတင်းစာရှင်းလင်းပွဲလုပ်တဲ့သူတွေကောအားနေကြလား၊ဒီထက်အရေးကြီးတဲ့ကိစတွေလုပ်ဖို့ အချိန်တွေချန်ထားဦး၊၃နာရီ ကျော်မှလမ်းအလယ်ခေါင်ပေါ်တက်ဈေးရောင်းတဲ့သူတွေကိုရှင်းပါ၊ကားမှတ်တိုင်ကဈေးသည်နဲ့ အငှားယာဉ်တွေကိုရှင်းပါ၊လမ်းတွေမချဲ့ မှီကားမှတ်တိုင်တွေကိုလမ်းဘေးသို့ ရွှေ့ ပြီးတည်ဆောက်ပါ၊ပြီးစလွယ်လမ်းပေါ်တက်ပြီးမျဉ်းဝါမဆွဲပါနှင့်၊

Anonymous said...

ကျမ ကတော့ အခုလက်ရှိမြို့တော်ဝန် ဦးလှမြင့်ရဲ့ လုပ်ဆောင်ပေးနေတာတွေကို အသိအမှတ်ပြုပြီးကျေးဇူးလဲတင်ပါတယ်။
ယခင် ရန်ကုန်မြို့ကို စုတ်ပြတ်သတ်သွားအောင်လုပ်ထားတဲ့ ဦးအောင်သိန်းလင်း နဲ့ တခြားစီပါ။
လမ်းတွေကို အကုန်နီးပါး ခင်းပေးနေတာ အ၇မ်းဝမ်းသာပါတယ်။
ွှအခုဆို ဗဟိုလမ်းတို့ ကအစ စုံနေအောင်ခင်းပေးနေတာပါ။
ဘာပဲပြောပြော နောက်နောင်လဲ ယခုထက် ရန်ကုန်မြို့ကြီးကောင်းရာကောင်းကျိးဆောင်ရွက်ပေးပါလို့ မြို့တော်ဝန်ကြီးဦးလှမြင့်ကိုတောင်းဆိုပါတယ်ရှင်။

mad dog said...

ကိုကိုလှမြင့် ကလည်း တယုတ်ကြီးကိုေ၇ာင်း ကြည့်လိုက်ပါလား။ အမြစ်ကနေ ဘယ်လိုတူးပြီးသယ်တယ်ဆိုတာ တွေ့သွားလိမ့်မယ်။

ko oo said...

ဦးဝိစာရလမ်းတစ်လျှောက်ကို ချဲ့မယ်ဆိုရင် ဘေးဘက်ကိုချဲ့သင့်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဝိစာရ လမ်းတစ်လျှောက်လုံးသည် အစိုးရပိုင်မြေများတော်တော်ရှိပါတယ်။ ဒါဆို ဘေးနှစ်ဘက်ကို ပိုပြီးချဲ့သင့်ပါတယ်။ ရှိပြီးသားအပင်တွေ ကိုတော့မခုတ်သင့်ပါဘူး။ ဦးဝိစာရလမ်းက ရန်ကုန်မြို့ရဲ့အထင်ကရလမ်းပါ။ အဆင့်လဲမှီပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကိုလဲ ဆွဲဆောင်နိုင်ပါတယ်။ သစ်ပင်ဝိုင်းဝိုင်းလေးတွေနဲ့မို့ပါ။ ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့စဉ်းစားသင့်ပါတယ်။

Post a Comment