12 May 2012

NLD နာယက ဘဘဦးတင်ဦး က Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် မိန့်ခွန်းအတွင်း ထည့်သွင်းဖြေရှင်း


(အောက်က စာတွေအားလုံးဟာ ဘဘဦးတင်ဦး ဒီကနေ့ ပုဇွန်တောင်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်းက  Express
Times ဂျာနယ်၏ လက်ရှိ စွပ်စွဲချက် အပေါ်  လူကြီးတစ်ယောက်အနေနဲ့ ကြားဝင်ဖြေရှင်းပေးတဲ့ အနေနဲ့ ထည့်သွင်း
ပြောကြားချက်တွေပါ... ကွင်းစ၊ ကွင်းပိတ် အပြင်က စာသားတွေဟာ ကျတော် မူဝါဒ တစ်လုံးမှမပါဘဲ ဘဘ ရဲ့
ဒီကနေ့ မိန့်ခွန်းကို မပြုမပြင် မူရင်းအတိုင်း တင်တာပါ... အသံဖိုင်  ကျတော့်ဖေ့ဘွတ်သူငယ်ချင်းတွေ လိုချင်ရင်
တော့ အိမ်တိုင်ရာရောက် ကျတော် လာပေးမယ်... )            
                     ဒီနေရာမှာ ကျတော်ကတော့ လူကြီးတစ်ယောက်အနေနဲ့ မျှမျှတတ ပြောရပါမယ်... မနေ့ညက
ကျတော်သတင်းနားထောင်လိုက်တဲ့အခါမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးလိုက်
နေတဲ့ ပုဂိုလ်တစ်ယောက်ဟာ သတင်းထောက်ကို ကိုယ်ထိလက်ရောက်ဖြစ်တဲ့အတွက် ဒါကိုသူတို့ကနေပြီးတော့
သတင်းထောက်များရဲ့ MJN ခေါ်တာပေါ့...သူတို့က မီဒီယာကနေပြီးပြောသွားတဲ့ အဓိပါယ်မှာကတော့ဖြင့်ရင် ကျ
တော်တို့ လုံခြုံရေးအဖွဲ့က ပုဂိုလ်ဟာ ကိုယ်ထိလက်ရောက်ပြုလိုက်တဲ့အတွက်ကြောင့်မို့ ဒီလိုဟာမျိုးနဲ့ပါတ်သတ်
လို့ လုံခြုံမှုယူတဲ့သူတွေကို စိတ်ပျက်မိတယ်လို့ ဆိုတဲ့ အပြောကျတော်ကြားလိုက်ပါတယ်... ဒီနေရာမှာ ကျတော်
ဟာ မျှမျှတတ ပြောပါရစေ လူကြီးတစ်ယောက်အနေနဲ့... ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ ကျတော်တို့
အားလုံးရဲ့ အသက်တမျှအရေးကြီးတယ်ဆိုတာကိုတော့ ခင်ဗျားတို့နားလည်ဖို့လိုတယ်...ဟေးးး ဖြောင်းဖြောင်း
ဖြောင်း (ပရိသတ်၏ တခဲနက် လက်ခုတ်သံ)... အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ သက်ဆိုင်ရာ
ပုဂိုလ်တွေမှာ အဓိကတာဝန်ရှိတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်ပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပေး
နိုင်သလောက် လုပ်ပေးတာလဲ ရှိမယ်... သို့သော် လုံခြုံရေးဆိုတာ ဘယ်တော့မှ ပိုတယ်မရှိဘူး... အင်မတန် အ
မြဲတန်း လိုနေတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တကယ်ကို သတိဝိရိယကြီးမားစွာနဲ့ စောင့်ရှောက်မှသာလျှင် လုံခြုံစွာ
အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်... အဲ့လိုဖြစ်တဲ့ အရေးနဲ့ပတ်သတ်လို့ မျှမျှတတပြောရရင် သဘော
ကတော့ လုံခြုံရေးယူတယ်ဆိုတာဟာ (အနည်းငယ် စဉ်းစားပြီး) ... ခင်ဗျားတို့ အားလုံးသိကြပါတယ် ... ဒေါ်
အောင်ဆန်းစုကြည် ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူလူထုက တခဲနက်ချစ်မြတ်နိုးတာဟာ ကျိကျိတက်
ချစ်မြတ်နိုးပါတယ်... ကျတော်တို့ခောတ် မှီပါတယ်...ဒီလိုပါပဲ အလားတူပဲ ပြည်သူလူထုက ရောက်ရာအရပ်မှာ
တိုးကြိတ်၊ တိုးဝှေ့ပြီး သူတို့ရဲ့ ယုံကြည်အားကိုတဲ့ စိတ်ဓါတ်ကို ပြတာကို တွေ့ဖူးပါတယ်... အဲ့ဒီအခါမှာ ဗိုလ်ချုပ်
အောင်ဆန်းကလဲ ပြည်သူလူထု အားလုံးရဲ့ ချစ်မြတ်နိုးမှုကို ယုံကြည်တယ်...သို့သော်လဲပဲ ဒီထဲမှာ မသမာတဲ့သူ
မကြိုက်တဲ့သူဆိုတာ သူ့သဘောကို မသိနိုင်ဘူး...အဲ့လိုအခါမျိုးမှာတော့ ဒီလိုပဲသတိပေးနေရင် လုပ်ကိုင်နေရင်း
ကြားထဲမှာပဲ ၁၉၄၇ ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ နိုင်ငံခေါင်းဆောင်၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်
ဆန်း ဟာ အသက်ပေးလှုရတဲ့အထိ လုပ်ကြံခြင်းခံရပြီး ကျဆုံးသွားရှာခြင်းခံရတယ်ဆိုတာ ခင်ဗျားတို့ အားလုံးသိ
တယ်...အဲ့ဒါကြောင့်လဲပဲ တိုင်းပြည်မှာ နောက်ဆက်တွဲဖြစ်ပျက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အခက်အခဲ အ
ကျပ်အတည်းတွေဟာ ဒီနေ့အထိရုန်းကန်နေရတယ်ဆိုတာဟာ အဲ့ဒီတုန်းက ရတောင့်ရခဲခေါင်းဆောင်ဟာ မသ
မာ သူတို့၏ လက်ချက်ကြောင့် ဖြစ်သွားတာကြောင့်ဆိုတဲ့ ပယောဂဟာ ဒီနေ့အထိ ဒုက္ခတွေ၊ သုက္ခတွေ အမျိုးမျိုး
ခံနေရတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ် ဟေးးးးးဖြောင်းဖြောင်းဖြောင်းး(ပြည်သူတွေ၏ လက်
ခုပ်သံ) ဒီတော့ဒီနေ့ ကျတော်တို့ဟာ အင်မတန် ကံကောင်းလွန်းလွန်း လို့ ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည်
လို ခေါင်းဆောင်မျိုးရထားတာကို သူမအသက်အန္တာရယ် ဘေးကင်းရှင်းစေရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်
ကာကွယ်စောင့်ရှောက်သွားဖို့ဆိုတာ ကျတော်တို့တွေမှာရော ဒီတာဝန်ရှိသူတွေမှာရော တာဝန်ယူရမယ်ဆိုတာ
အားလုံးကို လေးလေးနက်နက် ကျတော်ဒီမှာပြောချင်တယ် ဟေးးးးဖြောင်းဖြောင်းဖြောင်း(ပြည်သူတွေ၏ လက်
ခုပ်သံ) ဒီတော့ ပြီးခဲ့တဲ့ ကိစ္စမှာ လုံခြုံရေးတာဝန်ယူတယ် ဆိုတာဟာ ဒီနေရာမှာတင်ယူလို့မရဘူး...အတွင်းစည်း
ဝိုင်းမှာလဲ ယူရတယ်...အလတ်စည်းဝိုင်းမှာလဲ ယူရရတယ်... အပြင်စည်းဝိုင်းမှာလဲယူရတယ်...ဟိုးအဝေးကြီး
ကလာတတ်တဲ့နေရာတွေမှာလဲ ယူရတယ်...ဒီနေရာမှာ ဒုက္ခ သုက္ခပေးဖို့ဆိုတာဟာ အဝေးကြီးကလာပြီး ပေး
လဲရတယ်...နောက်ပြီး အခုခောတ်ခါမှာလဲ သိတဲ့အတိုင်းပဲ ခောတ်ရဲ့ ကိရိယာ တန်ဆာပလာတွေဟာ အင်မတန်
ဆန်းပြားတဲ့ အတွက် အန္တရယ်တွေဟာကြီးမားပါတယ်...ဒါကြောင့်မို့ အန္တရယ်ကြီးမားတဲ့ အတွက် လုံခြုံစောင့်
ရှောက်ရန်တာဝန်ရှိတဲ့ ကလေးတွေဟာ အင်မတန်ကို ပင်ပန်းကြီးမားစွာနဲ့ အစောင့်အရှောက် ပေးနေရတယ်
လုပ်နေရတယ် ဆိုတာကိုတော့ ပထမ နားလည်စေချင်ပါတယ်...အခု ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရောက်တဲ့နေ
ရာမှာဆိုရင် ပြည်သူလူထု ဟာ အင်မတန် ချစ်မြတ်နိုးတယ်...အင်မတန် လှိုက်လှိုက်လှဲလှဲ ရှိတယ် ... ပန်းဆက်
ချင်တယ်...လက်ဆောင်ပေးချင်တယ်... ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ ကျတော်ဟာ အတူတကွခရီးတွေ အများ
ကြီးသွားခဲ့ဖူးပါတယ်...သူ့ရဲ့စေတနာ ပြည်သူလူထုအားလုံးထံချဉ်းကပ်ပြီး ဖက်လှဲတကင်းနေချင်တယ် ဆိုတာ
ကို ကျတော်ကောင်းကောင်းသိတယ်...သူ့နားကိုလာတဲ့သူ တားတာ ပြုတာကို သူမကြိုက်ပါဘူးးး...သူ့နားလာ
တဲ့ ပုဂိုလ်၊ သူနဲ့ ရင်းနှီးလိုတဲ့ ပုဂိုလ် သူနားချဉ်းကပ်လာတာကို ကာကွယ်တာ သူမကြိုက်ပါဘူး... ဒါကို ကျတော်
ကောင်းကောင်းသိတယ်...သို့သော်လဲပဲ ကျတော်တို့မှာတာဝန်ရှိတာကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့သွား
တာ ၊ လုပ်တာ၊ ကိုင်တာ လွယ်အောင် အနီးကပ်လုံခြုံရေးအဖွဲ့က ကလေးတွေကိုထားရပါတယ်...ဒီကလေးတွေ
ကလဲ တကယ်သူယုံကြည်စိတ်ချပြီးတော့ တောက်လျှောက်သူအသုံးပြုလာတဲ့ ကလေးတွေဖြစ်တဲ့ အတွက်
ဒီကလေးတွေဟာ ပင်ပန်းကြီးစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရာလာရာမှာ အခုမြင်တယ်မလားးး ရောက်
တယ်ဆိုရင် ကြိုပြီး တိုးရယ်ဝှေ့ရယ် နေရာတကာတိုင်းးးပါပဲ...အင်မတန်ကြီးမားတဲ့ လူအုပ်ကြီးဖြစ်ရင် ကျတော်
တို့က စိုးရိမ်ပူပန်ရစမြဲပါ...အဲ့ဒါကြောင့်မို့ ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာလဲပဲ လုပ်ကိုင်ခဲ့တဲ့ကလေးသည် သူ့
ခေါင်းထဲမှာ လုံခြုံမှုနဲ့ပါတ်သတ်လို့ ကာကွယ်ရမယ်ဆိုတဲ့ တာဝန်ရှိတဲ့အတွက် သူတို့ဟာ အင်မတန် ပင်ပန်းကြီး
စွာ လုပ်ကိုင်တာပဲ ဖြစ်ပါတယ်...အဲ့ဒီတော့ အဲ့ဒီအပိုင်းနဲ့ ပတ်သတ်လို့လဲ နားလည်ဖို့ဆိုတာ ကျတော်ပြောချင်
ပါတယ်...နောက်တစ်ခါ တစ်ချို့ လုံခြုံရေးယူတဲ့ ကလေးတွေ အနေနဲ့ ပင်ပန်းကြီးလွန်းတဲ့ အခါမှာ သူတို့ဟာ
စိတ်လိုက်မာန်ပါ တွန်းတာ ဖြစ်တတ်ပါတယ်...အဲ့လို တွန်းတာ ဖြစ်တယ်ဆိုတဲ့ သဘောသဘာဝကလဲပဲ ...
တခြားကြောင့် မဟုတ်ပါဘူးး... ဒီလုံခြုံရေးနဲ့ပတ်သတ်တဲ့ အပိုင်းမှာ အကြီးမားဆုံးတာဝန်ရှိတယ် ဆိုတာ ဖြစ်
တဲ့ အတွက် လုပ်ရကိုင်ရတာ ဖြစ်ပါတယ်...တခါ သတင်းထောက်ပိုင်းက ပုဂိုလ်တွေကိုလဲ ကျတော်တို့က မျှမျှ
တတ ပြောချင်တာကတော့ အခုလို ခုနက ပြောတဲ့အတိုင်းဖြစ်တာ ဆိုရင်လဲပဲ ကျတော်တို့ဘက်က အကြောင်း
ချင်းရာအလိုက် ဒါမျိုးနဲ့ပတ်သတ်ပြီး ဆင်ခြင်နိုင်အောင် တတ်နိုင်သမျှလုံးပန်းဖို့ သဟဇာတ ဖြစ်ဖို့ ကျတော်
တို့ ကြိုးစားဆောင်ရွက်တာ ရှိပါတယ် ... သို့သော် တစ်ဖက်ကလဲပဲ သတင်းစာလောက သတင်းထောက်လော
က ပိုင်းကလဲပဲ တချို့ကလဲ မှန်ပါတယ် တကယ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်ပုံရချင်လို့ သိမ်းထားချင်လို့ တရို
တသေ ထားချင်လို့ ရိုက်တဲ့သူလဲ ရှိတယ်...တချို့ကတော့ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း
ပညကြောင့် ရိုက်ရတာလဲ ရှိတယ်...ရှိတဲ့ အခါမှာ သူတို့ကလဲ အလုအယက်ရိုက်ကြတဲ့ အခါကျတော့ ဒါနဲ့
ပတ်သတ်တဲ့ အပိုင်းမှာတော့ဖြင့် အနီးကပ်ဖြစ်တဲ့အခါမှာတော့ ဘယ်သူရယ်ဘယ်ဝါရယ်မသိဘဲ တတ်နိုင်သမျှ
သူတို့က တားရဆီးရတာ ဖြစ်တယ်...အဲ့လိုတားရဆီးရရင်းနဲ့ ကတောက်ကဆ ဖြစ်တယ်လို့ ကျတော်နားလည်
တဲ့ အတွက် ဒါနဲ့ပတ်သတ်တာ အားလုံးကိုလဲ တဘက်က နားလည်ပေးပါလို့ ပြောချင်တယ်...

ကိုမောပြေ

45 comments:

နွေမင်းလွင် said...

မဟုတ်တာတွေပြောတဲ့ ဂျာနယ်ကို ပြည်သူတွေကနေ သပိတ်မှောက်သင့်တယ်. မီဒီယာသိကခာကျတယ်။ မီဒီယာ အသိုင်းဝန်းကနေခေါ်ယူ ဆုံးမပေးသင့်တယ်။

Min Lu said...

ကျွန်တော် NLD ပါတီဝင်တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ဘေးလူတစ်
ယောက်အနေနဲ့ဝေဖန်တာပါ။ သတင်းထောက်တွေအများကြီးထဲမှာသူနဲ့ကျမှ
ဒီလောက်အထိဖြစ်ရတယ်ဆိုတော့ သူကဘယ်လောက်တောင်သတင်းလော
ဘကြီးလို့လဲ၊ လူထုခေါင်းဆောင်တစ်ယောက်နားကိုကပ်ချင်ရင် လူလိုနားလည်စေချင်ပါတယ်။ သည်းခံနိုင်မှုမရှိရင် ဒီအလုပ် မလုပ်ပါနဲ့။ခင်
ဗျာ့းဂျာနယ်တစ်စောင်နဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို မလဲနိုင်ပါဘူး။
တခြားဂျာနယ်တွေကိုတော့မဆိုလိုပါဘူး။နောက်မပတ်သက်နဲ့ပေါ့ဗျာ။

Anonymous said...

ဘဘပြောတာမှန်ပါတယ် . . ဒါလေးတောင် နားမလည်းရင် သတင်းထောက်မလုပ်နဲ့ တော့လို့ သာပြောလိုက်ပါ . . . ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့ ဒီလိုလူမျိုးတွေကို ဘယ်လို သွန်သင်ရမလဲတောင်မသိဘူး . . .ExpressTimes ဂျာနယ်ကတော့ မရိုးသားဘူးလို့ ထင်တယ် . .အသရေဖျက်ချင်လို့  ဒါမှမဟုတ် သူ့ ဂျာနယ် လူသိအောင်လို့ popular ဖြစ်အောင်လုပ်တယ်လို့ ထင်တာပဲ . . နာမည်ကြီးချင်ရင်လဲ တစ်ခြားနည်းပဲ သုံးပါလို့ ပြောပါရစေ . . ဒီသတင်းကြောင့် ဂုဏ်သိက္ခာရှိတဲ့ ဂျာနယ် တစ်ခုတော့ မဖြစ်နိုင်တော့ဘူး . . ရှက်ဖို့ ကောင်းတယ် ရမလားလို့ လုပ်ကြည့်တာ သိသာတယ် . .

Shwe Mg said...

ဘဘဦးတင်ဦး မိန့်ခွန်းပြောတာ အရမ်းနားထောင်လို့ကောင်းပါတယ်..အားမာန်အပြည့်နဲ့ပြောတာဆိုတာပါ.ကျွန်တော်တာမွေသားပါ...တာမွေမှာ NLD ရုံးဖွင့်ပွဲတုန်းကလည်း...သတင်းထောက်တစ်ယောက်ပေါ့ဗျာ...အန်တီစုကတိုက်ခန်း ပထမထပ်ကနေပြီး...မိန့်ခွန်းပြောနေတယ်...ဒါကိုသတင်းထောက်တစ်ယောက်က ဘေချင်းကပ်တိုက်ခန်းကနေပြီး..ကို့ယို့ကားယားတဖြတ်ဖြတ်နဲ့......အန်တီစုပုံကိုဓာတ်ပုံရိုက်နေတာ...မိန်ခွန်းနားထောင်နေတဲ့ ပရိတ်သက်တောင် အဲ့ကောင်ကိုဒေါသထွက်လာတယ်...သတင်းသမားကလည်း ဆင်ခြင်ပေါ့ဗျာ.ကိုယ့်ကြောင့်သူများအနှောက်ယှက်ဖြစ်သွားလားဆိုတာ....

Topsidon21 said...

ယနေ့မှစပြီး Express Time Journal ကိုအားလုံးသပိတ်ဝိုင်းမှောက်ပါတယ်။
ဘယ်သူမှဝယ်မဖတ်ပါနဲ့၊လူထုခေါင်းဆောင်ကိုသွယ်ဝိုက်သောနည်းနဲ့
ဆော်ကားတာဖြစ်လို့ ပြည်သူ့ချင်ဖတ်ဇတ်ထွင်နေတာပါ။
တတိုင်းပြည်လုံးဝိုင်းသပိတ်မှောက်ပြီး အဲဒီဂျာနယ်ကိုလုံး၀၀ယ်မဖတ်ကြပါနဲ့...

twttaygn said...

အမေစု လုံခြုံရေးကို သတိရှိရှိ အားလုံးနားလည်ကာကွယ်ပေးကြပါခင်ဗျား။

sean said...

ဘာ အိပ်ပရက် လဲ အခုမှာ ကြားဘူးတယ် အမှန်ပါ တကယ်ပါ အခုမှ ကြားဘူးတာပါ.. အင်း မကြားဘူး လို့ န့မည်ထွက်အောင် စတန့်ထွင်တာ ဘဲ ဖြစ်မှာပါ..

aungkooo said...

ဘာပဲဖြစ်ဖြစ်ပေါ.ကျနော်တော. သည်ဂျာနယ်နံမည် ခုမှကြားဖူးသွားတာ

Noel said...

အဆင့်အတန်းမရှိသော.. ဒူးနေရာဒူး တော်နေရာတော် မသိသော.. အခြေအနေ အချိန်အခါ မသိဘဲ..ကိုယ့်သတင်းရအတွက်သာ မျက်ကလူးဆန်ပြာ.. ရယူတတ်သော.. သတင်းသမားများ.. အလိုမရှိ..

Theravadisscusion said...

express time ဆိုတော့ myanmar express နဲ့ နာမည်ချင်း ဆင်နေတယ်။ ကြံ့ဖွတ်တွေ တမင်ဇာတ်လမ်းဆင်တာလား မသိဘူး။ ဒီဂျာနယ်နာမည်တော့ မကြားဖူးဘူး။ နာမည်ကြီး ဂျာနယ်တွေက ငြိမ်တယ်။ ဂျာနယ်လစ်အဖွဲ့ဖွဲ့ပြီးမှ ဒီလို လုပ်တာဆိုတော့ ကြိုတင်ကြံရွယ်မှုလဲ ရှိနိုင်တယ်။ NLD က လူတွေ သူတို့ ဆင်ကွက်ထဲ မရောက်ပါစေနဲ့

ashinpandita said...

အဲဒီ Express Time Journal ဆိုတဲ့ ဂျာနယ်ကို လုံးဝမဖတ်သင့်တော့ပါ သံသယလည်းဝင်မိပါတယ် ပြည်သူပြည်သားအားလုံး အဲဒီဂျာနယ်ကို သပိတ်မောက်ခြင်းဟာ အကောင်းဆုံးပါပဲ သွယ်ဝှက်တဲ့နည်းနဲ့ အမေစု ပါတီကို အပုတ်ချပြုလုပ်နေခြင်းဖြစ်တယ်

မျှော်ရဇ် said...

မြန်မာမှန်ရင် ခွေဟောင်တိုင်းထမကြည့်ပါနှင့် ( ဥပမာ- ပြည်ပက ပြည်ပြေးခွေးတွေနှင့် ပြည်ထွင်းက ဘေးတိုက်ခွေးများ) ပြည်သူတွေအရမ်းနစ်နာပါတယ်။ အဘတင်ဦးပြေားသလို ရှားရှာပါးပါး တန်ဖိုရှိတဲ့ အမေစုကို အားလုံးက ၀ိုင်ဝန်ပြီ ကာကွယ်စောက်ရှောက်ရမှာကို စစ်တပ်ထဲကလည်းသိ့နေပြီ ပြည်သူတွေကလည်သိ့နေပြီ (မသိ့တာက-ဂလေဂချေ ပြည်ပြေးအုပ်စုနဲ ပြည်တွင်းက ဘေးတိုက်တွေပါ။) ရင်ဘောင်လည် မတန်း နောက်ကလည်းမလိုက် ဘေတိုက် ဘေးတိုက် အမျိုးယုတ် ပြည်ဖျက်တွေပါ။

kta said...

ဟေးးးး အထက်က comment အားလုံးကို ထောက်ခံတယ် ဘဘဦးတင်ဥိးပြောတာကိုလည်း လက်ခံတယ် ဒါဘဲ

koala said...

ဒီဂျာနယ်မကြားဘူးဘူး နာမည်ကြီးချင်လို့လား..ဆိုးပါ့ကွာ

ကေါင်းကေါင်း said...

Express time. ဝိသမစီးပွာရေးစုန်းပြူးဂျနယ်ကိုဝယ်မဖတ်ခြင်းဖြင့်. ဆန်ကျင်ခြင်းဖြင့်. သပိတ်မှောက်ရမည်မှာမြန်မာနိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်

KENNETH said...

မိန့်ခွန်းကို ပြန်ရေးထားတဲ့စာမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ ရက်ကို ဇွန်လ ၁၉ ရက်လို့ရေးထားပါတယ်...မမှားသင့်ပါ။

AUSTIN said...

ဘဘ ကျန်းမာပါစေ၊ချမ်းသာပါစေ....တရားမျှတတဲ့မိန့်ခွန်းပါ...

Myint Myint Lwin said...

အဲဒီဂျာနယ်ကိုလုံးဝဝယ်မဖတ်ကြပါနဲ.လို.တိုက်တွန်းချင်ပါတယ်။

Anonymous said...

NLD ဘက်ကလုံးဝထောက်ခံတယ်.ကလေကချေ Express Time ကသတင်းထောက်၊ လုပ်ဇာတ်လာမခင်းနဲ.

Anonymous said...

အဲဒီသတင်းထောက်ကော၊အဲ့ဒီသတင်းဂျာနယ်ကပါ၊
NLDနဲ့အမေစုတို့အပေါ်မျက်မှန်စိမ်းတတ်ထားတဲ့လူတွေ
ဖွဲ့ထားတာဖြစ်မယ်

yoyolay said...

Express Time Journal ဆိုတာအခုမှဘဲကြားဘူးတာပါ ဖတ်လဲမဖတ်
ဖူးပါဘူး ဒါပေမဲ့ခုလိုသိသွားတော့ နောက်ဆို Express Time Journal ဟေ့ ဆိုတာနဲ့ လှည့်မကြည့်ချင်တော့ပါဘူး ..

DEMO.je said...

ညီအကိုများရဲ့ စကားကြားရတာဝမ်းလဲသာပါတယ်အားလဲရပါတယ်
ဒီလိုနားလည်မှု အများကပေးကြရင်သိပ်ကောင်းမှာပဲဗျာ
ကျွန်တော်က သင်္ဃန်းကျွန်း NLDပါတီဝင်လူငယ်အဖွဲ့ကလူငယ်တယောက်ဖြစ်ပါတယ်
လုံခြုံရေးယူရတဲ့အပိုင်းတွေမှာလဲ အကျွမ်းတ၀င်မရှိတဲ့မြို့နယ်တွေမှာဆို
ပိုပြီးအခက်အခဲတွေ့လှပါတယ် တာမွေမှာဆိုရင် ပြောရမယ်ဆိုအဆိုးဆုံးပဲဗျာ မြို့ခံလူငယ်တွေရဲ့
လစ်လျော့မှု၊မသိနားမလည်မှုတွေကြောင့်အပြန်ခရီးမှာ အသက်၆၀လောက်ရှိတဲ့အဘွားအရွယ်အသက်ကြီးအမျိုးသမီးတယောက်
လူကြားထဲမှာပစ်လဲခဲ့ရတယ် သူတို့ကိုလဲပြောချင်ပါတယ် တာမွေလူငယ်တွေအနေနဲ့လဲမပေါ့လျော့ပါနဲ့
အတတ်နိုင်ဆုံးလစ်ဟာမှုတွေမရှိစေချင်ဘူး
အနီးအနားမြို့က လာပြီးလုပ်အားပေးတဲ့ကျွန်တော်တို့မှာလဲခေါင်းဆောင်အားကာကွယ်ရနဲ့
ပြည်သူတွေလဲဒုက္ခမရောက်အောင်လုပ်နေရဆိုတော့ အလွန်ပင်လုပ်ကိုင်ရခက်ခဲ့ပါတယ်
ကျွန်တော်အနေနဲ့ပြောရရင်ပေါ့နော်လုံခြုံးရေးအနေနဲ့လိုက်ပေးခဲ့တဲ့
ဖွင့်ပွဲတွေမှာအခက်အခဲဆုံးကတာမွေရုံးဖွင့်ပွဲပါပဲ အချောင်သမားတချို့
လဲတွေ့ရှိခဲ့ရတယ် လက်ပူးလက်ကျပ်တွေ့ခဲ့ပင်မဲ့လဲအများကြားမှာလေဆိုပြီး ဒီလူကိုအဝေးတွန်းပို့ခဲ့ရတယ်ဗျာ
အဆိုးဆုံးကတော့ကျွန်တော်ညီလိုခင်ရတဲ့လူ အဖွဲ့ဝင်ကိုချွန်ထက်သောအရာနဲ့ဝင်ထိုးခဲ့တယ်ဗျာ
ဒီတော့ကျွန်တော်တို့အနေနဲ့ပြောရရင်လုံခြုံရေးယူရမယ့်အပိုင်းမှာဒီထက်ပိုတင်းကြပ်ရမှာလား မယူပဲအများဆန္ဒအရလွတ်လပ်စွာတွေ့ခွင့်တွေပေးရမလား
ကျွန်တော်တို့ထိခိုက်ရတဲ့အပေါ် စိတ်ထဲမထားပါဘူး
ဒါပင်မဲ့အခက်အခဲဖြစ်ခဲ့တာကိုအများသိစေချင်ယုံလေးပဲဖြစ်ပါတယ်ခင်ဗျာ

မိုးတိမ် said...

ဘဘပြောသွားတာကို ကျနော်သဘောကျပါတယ် ....အကျိုးသင့်အကြောင်းသင့်ပြောသွားတာမို့လို့ပါ .... ကဲတစ်ခုစဉ်းစားကြည့်ရအောင် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ သမ္မတကြိးဦးသိန်းစိန်ဆိုရင်ကော ..... အပေါ်မှာကွန်မင့်ပေးတဲ့သူတွေ ဖေ့ဘွက်ပေါ်မှာ ဖိုရမ်တွေမှာ ဘလော့တွေမှာ ပိုးစိုးပက်စက်ဆဲနေပြောနေကြတဲ့သူတွေ ဘယ်လိုပြောကြမလဲ... ကျနော် NLD ပါတီဝင်ပါ

maungjit said...

အပေါ်မှာ ရေးထားတာတွေကြည့်ပြီး အဲ့ဒီသတင်းထောက်ကြီးရေ မင်းရှက်တတ်မယ်ဆိုရင် လဲသေဖို.ကောင်းနေပြီကွာ။ဒီလောက်တောင်မှ မစဉ်းစားတတ်ရင် ပြည်သူတွေကို ဘယ်လို မင်းဂျာနယ်ထဲမှာ ကောင်းမွန်တဲ.ရည်ရွယ်ချက်ရှိတဲ. Message တွေပေးမလည်း။။ အော် သတိလေးပေးလိုက်ဦးမယ် Message ရဲ.အဓိပ္ပါယ်အမှန်ကိုရော် သိရဲ.လား။။ ပြန်ရှာလိုက်ဦးနော်

66koaungaungtun@gmail.com said...

အဲဒီမီဒီယာဘာဖြစ်နေဘဲ၊မင်းလိုအစုတ်အပျက်မီဒီယာတစ်ယောက်နဲပြည်သူခေါင်းဆောင်တစ်ယောက်ရဲ့လုံခြုံရေးကိုတာဝန်ယူနေရတဲ့သူအဆင့်အတန်းချင်းကွာပါတယ်၊ကြည့်လဲပြောပါကွာ။

Anonymous said...

မင်းတို့လူထုခေါင်းဆောင်ကိုစော်ကားလိုက်တာပဲ့။မင်းကနအဖသတင်းထောက်လား။အမေစုကိုစော်ကားတာ ငါတို့ပြည်သူကိုစော်ကားတာနဲ့တူတူပဲ့။
ပြည်သူအားလုံးဒီဂျာနယ်ကိုသပိတ်မှောက်ကြပါ။ ထွီး ရောလိုက်တာ။

zaw said...

Express Time Journal ကိုဘယ်သူမှဝယ်မဖတ်ကျပါနှစ် လုံးခြုံရေးသဘောကိုနားမလည် ကိုယ်လိုချင်တာကိုယ်သိပြီး ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့လူစားမိုးတွေထုတ်တဲ့ဂျာနယ်ကိုဝယ်မဖတ်ကျပါနဲ့ အလားကားမြတ်ခိုင်ရဲ့တပည့်တွေနေမှာပေါ့ စားဖားတွေလေ ဟိုဘက်ကလူတွေ

Anonymous said...

ဒီဂျာနယ်ကိုပြည်သူတွေလုံးဝမဖတိကြပါနဲ့

aung naing said...

NLDကသတင်းထောက်ပေါင်းထောင်သောင်းချီနဲ့ဆက်ဆံခဲ့ပြီးပြီ၊ဒီလိုနောက်ပေါက်အသေးအမွှားကချော်ကချွတ်expreess timeနဲ့တွေ့မှဒီလိုအပြောခံတာဘယ်သူမှားလဲစဉ်းစားနိုင်တယ်။

aungdin said...

ကျွန်တော်တို့လူမျိုးတွေပြင်ရမယ်အချက်တခုကိုပြောပါရစေ နေရာတစ်ခုအခြေနေတစ်ခုမှာ နေရာလေးရရင်ဘယ်သူမှဂရုမစိုက်ဘူးလုပ်ချင်ရာလုပ်ပြစ်လိုက်တတ်ကြတဲ့စိတ်ဓါတ်ပါ ငါသတင်းထောက်ပဲဆိုတဲ့စိတ်နဲ့လွှတ်လပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးခုလည်းလုပ်ချင်ရာကိုလုပ်လိုက်တာပါပဲ ဘာလို့ပြောရလဲဆိုတော့ကျွန်တော်အတွေ့ကြုံတစ်ခုရှိဘူးတယ် မလေးနိုင်ငံကိုကျွန်တော်အသွား လေယဉ်ကမလေးကိုရောက်တော့ လာကြိုတဲ့သူတွေကိုစောင့်နေရတယ် အဲဒီမှာမလေးရဲကနေစရာပေးတန်းစီစောင်ခိုင်းထားတယ် အရင်တခေါက်မလေးရောက်ဖူးတဲ့လူပါလာပါတယ် သူကစကားလည်းတတ်တော့လူတွင်ကျယ်လုပ်ပြီး ဘေးကလက်တန်းပေါ်သွားထိုင်ပါတယ် အဲဒီမှာမလေးရဲကလာပြီးပါးရိုက်သွားပါလေရော အဲဒီတော့ကိုယ်လူမျိုးဆိုပြီးဝင်ပြောလို့လဲ့မရပါဘူး ကိုယ်ဘက်ကမှားနေတာကို ငြိမ်နေလိုက်ရတာပါပဲ အဲဒီလိုတွေဟာလုံးဝမဖြစ်သင့်တာတွေပါ ။ ခုကိစ္စလည်းဒီလိုပါပဲ ။ ခုလည်းသူရဲ့နားမလည်မှု့ကြောင့် လိုက်ဖြေရှင်းနေရတော့ အခြားအရေးကြီးတဲ့အလုပ်တွေအတွက် အချိန်တွေအများကြီးနစ်နာပါတယ်။
ဒီလောက်မှသီးမခံနိုင်ဘူးဆိုရင် ဒီအလုပ်ကိုမလုပ်နဲ့လို့ပဲပြောချင်ပါတယ်။

KPU -RAKHINE said...

အမေ စု လုံခြုံ ရေး ယူ၇တဲ့ သူတွေဟာ မျက်စိရယ် လက် ရယ် ခွန်အားရယ် ပဲ ရှိပါ တယ် ။။ နားလည် ပေးကြ ပါ . နောက် ပြီး ဒီနိုင်ငံ ၇ဲ့ အပြောင်းအလဲ (( အာဏာရှင် စနစ် ပျောက်ဖို့ ) တနည်းအားဖြင့် နှစ်ပေါင်း (50)လောက် ၀ဋ် ဒုတ်ခ ခံ နေ၇တဲ့ တိုင်းသူ ပြည်သားတွေ )
ကို ကောင်းတဲ့ ဖက် ကို ပြောင်းလဲ ပေးနိုင်ဖို့ အတွက် ဘယ်သူနဲ့ မှ နှိုင်းယှည် လို့ မရ နိုင်တဲ့ ကမ္ဘာ သိ ဒေါ် စု ကို စောင့် ရျောက် ၇တဲ့ သူတွေပါ . တခုခု ဖြစ် ခဲ့ ရင် ကမ္ဘာ အလယ် မှာ ပါ မြန်မာ တွေ အရှက် ရ ရ မှာပါ ။(နအဖ -နဲ့ သူ့ လက် ကိုင် တုတ် တွေပဲ ၀မ်းသာ မှာ ပါ ။။)

tyo said...

expreess time နဲ myanmar express သတင်းဌာနသည် အစိုးရကြောထောက်နောက်ခံ သတင်းဌာန များဖြစ်ပါသည်။ ထို့ကြောင့် ထိုသတင်းဌာနမှ သတင်းများသည် NLD နှင့် အစိုးရအတိုက်အခံ ပါတီများကို ကဲ့ရဲ့ရှုပ်ချသော သတင်းများသာ ဖော်ပြလျှက်ရှိသည်။ သတိထားကြ ပါကုန်။

sainyi said...

အစနှင့်ကထင်တယ်လေဒီဂျာနယ်တိုင်ပိုင်ရှင်နဲ့ ဂျာနယ်လစ်ဟာ NLD ကိုစေတနာမှန်နဲ့ သတင်းယူတာမဖြစ်နိုင်ပါဘူးလို့ လေ ခုတော့ပိုင်ရှင်ဟာဘယ်
ူသုလဲအောက်မေ့တယ် လယ်သမားတွေ၇ဲ့ မြေ ဧက ရှစ်၇ာကျော်ကို မတ၇ားသိမ်း
ထားတဲ့  ဇေကမ္ဘာ ခင်ရွှေဖြစ်နေတာကိုး

Anonymous said...

ရှားပါးတဲ့ခေါင်းဆောင်ကောင်းတဦးကို
ဒီ့ထက်ကြီးမားတဲ့လုံခြုံရေးနဲ့ဝိုင်းဝန်း
စောင့်ရှောက်သင့်တာပါ။
လက်နက်ကိုင်ပြီးနံပါတ်ဒုတ်နဲ့ပြည်သူကို
နိုင်ထက်စီးနင်းပုံစံနဲ့လည်းလုံခြုံရေးယူနေတာမဟုတ်ပါဘူး။
ဒီဂျာနယ်သည်ကြံ့ဖွတ်ကရင်းနှီးမြှုပ်နှံထားတာလို့သိရတယ်။
တာမွေကျောက်မြောင်းဈေးရှေ့မှာကျမကိုယ်တိုင်သွားရောက်
အားပေးခဲ့ပါတယ်။ခြေဖနောင့်ကိုခွဲစိပ်ကုသထားတဲ့ဒဏ်ရာနဲ့
မတ်တပ်ကြာကြာရပ်လို့မရသေးပါဘူး။ဒါပေမဲ့..
ကျမခြေထောက်ကိုလုံခြုံရေးတွေတက်တက်နင်းလို့ပြင်းပြင်းထန်ထန်
နာကျင်ခဲ့ပေမဲ့ကျမတို့ပြည်သူအကျိုးကိုတကယ်အလုပ်လုပ်နေတဲ့
အမေ့ကိုစေတနာရင်းမှန်နဲ့လုံခြုံရေးယူပေးနေတဲ့သူတွေကို
စိတ်မဆိုးရက်ပါ။အမေ့မျက်နှာကိုမြင်ချင်လွန်းလို့
၃နာရီကတည်းကသွားစောင့်နေခဲ့သူပါ။
မထိုင်ပဲမတ်တပ်ရပ်လိုက်တာညနေ၅နာရီကျော်ကျော်ထိ
ကျမခြေထောက်တခုလုံးကိုက်ခဲလာလို့
ဆေးခန်းပြေးပြီးဆေးထိုးခဲ့ရတယ်။
ကျမနာကျင်တာစာမဖွဲ့လောက်သလို..
ခုလိုသတင်းဂျာနယ်သမားတွေအနေနဲ့မိမိကိုယ်ကျိုးကို
သူ့နေရာနဲ့သူယူပါ။ခုလိုပြည်သူအတွက်အလုပ်လုပ်ကိုင်ပေးနေသော
ရိုးဖြောင့်သောသူများကိုမစော်ကားသင့်ဘူးဆိုတာ
သတိပေးချင်ပါတယ်။ရှင်သာပြည်သူထဲကပြည်သူ့အကျိုးအမှန်တကန်
လိုလားသူဆိုရင်ခုလိုရေးသားမယ်မထင်ပါ။
အမေ့လိုခေါင်းဆောင်မှုအောက်မှာလုပ်ကိုင်နေကြသူများသည်
သူတို့အသိစိတ်နဲ့သူတို့လုံခြုံရေးယူကြသူပါ။
လစာပေးလို့တဦးတယောက်ရဲ့အမိန့်ပေးမှုကြောင့်
လုပ်ကိုင်နေကြသူများမဟုတ်ပါ။စေတနာအရင်းခံပါသည်။

fortuneleader said...

နှိင်ငံ့ခေါင်းဆောင်ရဲ့လုံခြုံမှုဟာတိုင်းပြည်ရဲ့လုံခြုံမှုပါပဲ။နိုင်ငံ့ခေါင်းဆောင်ရဲ့လုံခြုံမှုကိုမနှစ်မြို့တဲ့မီဒီယာဟာတိုင်းပြည်ရဲ့သူလျှိုပါပဲ။ EXPRESS TIME JOURNAL ကကြည့်ရတာသူများထက်ထူနှဖူးမှာဟိုဟာပေါက်ချင်တာနဲ့တူပါတယ်။ဒါနောက်ဆုံးဖြစ်ပါစေ။

Unknown said...

ဒီလောက်လေးတောင် ခံနိုင်ရည် အသိတ၇ား မရှိလိုက်တဲ့ Express Times ဂျာနယ်ရေ တကယ်ပဲ မင်းတို့သီတင်းထောက်ကို ထိုးကြိတ်တယ်ပဲထားအုံး မင်းတို့သာမျိုးချစ်စိတ်အမှန်တကယ်ရှိကြမယ်ဆိုရင် ပြည်သူလူထုရဲ့အကျိုးစီးပွားကို ငဲ့ကွက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူတွေရဲ့ အားကိုးလေးစားမှု တစ်ကမ္ဘာလုံးရဲ့ လေးစားမှုကို ရရှိနေတဲ့ ပုဂ်ဂိုလ်တစ်ယောက်ရဲ့မျက်နှာကိုကြည့်မယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ ဟိုးလေးတကြော်ဖြစ်လာမှာမဟုတ်ဘူးကွ........မင်းတို့Express Times ဂျာနယ်ကကောင်တွေက တိုင်းပြည်နဲ့လူမျိုးအတွက်အလုပ် လုပ်နေတာလား? လောဘဖောတိုက်ပြီးတော့ သီတင်းကို မရအရယူပြိးစီးပွားရှာ ငွေရရှိရေးကိုပဲရှေ့တန်းတင် ကြည့်တတ်တဲ့ မင်းတို့လို လုပ်စားဂျာနယ်တစ်စောင်အတွက်နဲ့ NLD ကအများသိအောင်ရှင်းပြနေရတာ ငါတို့နိုင်ငံတော်နဲ့ ပြည်သူလူထုတိုးတက်ကောင်းစားရေးအတွက် အချိန်တွေကုန်ပြီး အရမ်းနစ်နာတယ်ကွ......မင်းတို့လို ဂျာနယ်အဆင့်လေးလောက်နဲ့ NLD ကိုဘယ်လိုမှနှိုင်းယှဉ်လို့မရဘူးဆိုတာ နားလည်ထားလိုက်.....လမင်းကိုခွေးဟာင်နေသလိုပဲ.......မင်းတိုExpress Times ဂျာနယ်က NLD ကိုတိုက်ခိုက်ပြီး ငါတို့ပြည်သူတွေကို ချောက်ထဲတွန်းချနေတာလား ? ဒါမှမဟုတ်ရင် မင်းတို့ Express Times ဂျာနယ်ကအလုပ်မဖြစ်လို့ နာမည်ကြီးရအောင် စတန့်ထွင်လိုက်တာလား ?????? ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ပဲတိုက်ခိုက်တိုက်ခိုက်စမ်းပါ မင်းတို့ရဲ့ ဂျာနယ်ကိုတော့ ဘယ်တော့မှဝယ်မဖတ်တော့ဘူးဆိုတာ ယုံထားလိုက်.......ပြည်သူလူထုတစ်ရပ်လုံးကိုလဲ Express Times ဂျာနယ်ကိုဝယ်မဖတ်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်.......

winshein said...

ဒေါ်ပြည့် said
ရာဂျစ်ဂန္ဒီ သေတာ ပန်းစီးထဲဗုံးထဲ့ပြီးပေးလို့ပါ အမျိုးသမီးက အသေခံပေးတာပါ ဘယ်သူ့မှမယုံရလို့ ဒေါ်စု
အတွက်ဆိုရင် လုံခြုံရေးကအမြဲမှန်တယ် ဒေါ်စုသေလို့ လုံးဝမဖြစ်ပါ သန်း ၅၀ ပြည်သူ လူပီပီသသနေနိုင်ဘို့ ဒေါ်စုဟာ
သိကြားမင်းပါ လုံခြုံရေး လူငယ်များကို ကျေးဇူးတင်စွာနဲ့ နေ့
တိုင်းမေတ္တာပို့ပါတယ်။

aung ye lin said...

အဲဒီဂျာနယ်မဖတ်ဘူးကွာ။

tkm said...

ဒီကောင်တွေကတော့ကွာ..
အခုမှတိုးတက်မလို့ရှိသေးတယ်
ဘာမဟုတ်တာလေးကြီးအောင်လုပ်အုံးမလလို့လား..
အပေါ်ကကွန်မက်အားလုံထောက်ခံတယ်ဟေ့
ဗိုလ်ချုပ်ပဲကြည့်လေ.....

Violin Angle said...

NLDမှမဟုတ်ပါဘူး တစ်ခြားပါတီ တစ်ခြားအဖွဲ့အစည်းတွေက ပွဲတွေလုပ်ရင် သတင်းထောက်တွေသတင်းယူဖို့နေရာကိုသတ်မှတ်ထားပြီးသားပါ အဲဒီသတ်မှတ်နေရာကလွဲရင် သတင်းယူလို့မရပါဘူး လူ့လောကမှာနေတာဆိုရင် သူ့စည်းသူ့ဘောင်ရှိတယ် သတင်းထောက်ကသတင်းယူရင် သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာရမှာပေါ့ သတင်းထောက်တိုင်းကိုမဆိုလိုပါ ကောင်းမွန်ပြီး စည်းကမ်းရှိတဲ့သတင်းထောက်တွေလည်းရှိပါတယ် အမေ့လုံခြုံရေးကအရေးကြီးပါတယ် ကျွန်မသာ အဲဒီလုံခြုံရေးနေရာမှာဆိုရင်လည်း ပြောမိတာတွေရှိမှာပဲ ဘယ်သူရယ် ဘယ်ကသတင်းလာယူတယ်လို့သိတာမဟုတ်ဘူး သတ်မှတ်ထားတာထက်ကျော်လွန်လာရင်တော့ ပြောတဲ့သူမှာအပြစ်မရှိဘူး ဘဘပြောတာတွေကအမှန်တွေချည်းပါပဲ အမေ့အကြောင်းသတင်းလိုက်ယူနေတာတွေအများကြီးပါပဲ ဘယ်သတင်းထောက် ဘယ်ဂျာနယ်ကမှအဲဒီအသံမျိုးမထွက်လာဖူးဘူး ပြည်တွင်းမီဒီယာမှမဟုတ်ဘူး ပြည်ပမီဒီယာကလူတွေလည်းသတင်းယူနေတာပဲ အဲလိုအသံမျိုးကြားဖူးလား သေချာစဉ်းစားပြီးမှပြောပါ ဒီလိုအပြောအဆိုမခံချင်ရင်တော့ သတ်မှတ်ထားတဲ့အတိုင်းသတင်းယူ မဟုတ်ရင်တော့ သတင်းထောက်မလုပ်စားနဲ့ပေါ့ အကောင်းဆုံးအကြံပေးလိုက်တာ

tapaungthi said...

Topsidon21 said...

ယနေ့မှစပြီး Express Time Journal ကိုအားလုံးသပိတ်ဝိုင်းမှောက်ပါတယ်။
ဘယ်သူမှဝယ်မဖတ်ပါနဲ့၊လူထုခေါင်းဆောင်ကိုသွယ်ဝိုက်သောနည်းနဲ့
ဆော်ကားတာဖြစ်လို့ ပြည်သူ့ချင်ဖတ်ဇတ်ထွင်နေတာပါ။
တတိုင်းပြည်လုံးဝိုင်းသပိတ်မှောက်ပြီး အဲဒီဂျာနယ်ကိုလုံး၀၀ယ်မဖတ်ကြပါနဲ့...

ခင်ရွှေရဲ့ဂျာနယ်တိုက်ပါ ဒီလောက်ဆို NLD နဲ့ အမေစုကို တိုက်နေတာသဘောပေါက်ကြပါ..။ လုံးဝကန့်ကွက်တယ်..။
အကွက်ချလုပ်နေကြတာပါ စောက်ရူးတွေ ခင်ရွှေတို့အဖွဲ့ရဲ့ စောက်ရူးလုပ်ရပ်တွေပါ ပြည်သူတွေသတိရှိကြပါ..။
မကောင်းတဲ့လုပ်ရပ်မှန်သမျှ ဒီသောက်ရူးတွေထဲကထွက်တယ်..။
အမေစုကို သတိနဲ့ထား ကာကွယ်ကြပါ နောက်ပိုင်းလည်း ဘယ်လို အကြံပက်စက်ကြအုံးမလဲမသိပါ..။

ladyjune said...

ဘဘဦးတင်ဦးပြောသွားတာကို သိပ်ကိုသဘောကျပါတယ်.မည်သူကိုမျှသာတယ်နာတယ်မပြောဘူးလေ..ဒါမှ ခေါင်းဆောင်ကောင်း အစစ်ပါ.ကဲ...အခုဆို ဖတ်ပြီးတော့ နားလည်နိုင်ကြပါစေ...ဘဘဦးတင်ဦးကို ကျေဇူးတင်ပါတယ်။

devil said...

ဖြေရှင်းချက်အားလုံးအပေါ် ပြည်သူတစ်ယောက်အနေနဲ့ ကြေနပ်မှုရှိပါတယ်။ မေးချင်တယ်ပဲပြောပြော အကြံပေးချင်တယ်ပဲပြောပြော တစ်ခုပါ... နိုင်ငံအတွက် တကယ်ကို အရေးပါတဲ့ အမေစုအတွက် လုံခြုံရေးလုပ်ပေးနေသူတွေဟာ လုံခြုံရေး specialize တွေပါလား။ လုံခြုံရေးနဲ့ပက်သက်တဲ့ Train တွေပေးခဲ့ဖူးပါသလား။ ပေးခဲ့ရင် ဘယ်လောက် အတိုင်းအတာထိ ပေးခဲ့ပါသလဲ။ သူတို့မှာ လုံခြုံရေး အမြင် ဘယ်လောက်အထိ ရှိပါသလဲ။ နိုင်ငံအတွက် အရေးကြီးတဲ့ သူတစ်ဦးဘေးမှာ ၀န်းရံမဲ့ နီးနီး ၊ လတ်လတ်၊ ဝေးဝေး ဘယ်လုံခြုံရေးမဆို ဒီအခြေခံတွေတော့ ရှိရပါမယ်။ နိုင်ငံအတွက် အရေးကြီးတဲ့ သူတစ်ဦးရဲ့ဘေးက လုံခြုံရေး ဟာ သာမန်ထက်ပိုတဲ့ အရည်အသွေးရှိရမှာပါ။ ပြသနာကိုလဲ အခုလို တက်မလာအောင် ဖြေရှင်းတတ်ဖို့လဲလိုပါတယ်။ အနီးကပ်လုံခြုံရေးလုပ်ကြတာဟာ လွယ်တဲ့ ကိစ္စ တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် အနာဂတ်အတွက် ပိုပြင်ဆင်သင့်ပါတယ်။ တကယ်တော့ လုံခြုံရေးဆိုတာ တကယ့် Specialize လုပ်တာတောင် ကျိုးပေါက်မြဲဆိုတာ သိပြီးသားဖြစ်မှာပါ။ လုံခြုံရေးကျိုးပေါက်ဖို့က သိပ်လွယ်ပါတယ်။ သူ့အသက်ကို ပေးရဲဖို့ပဲလိုတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့နဲ့ အနေအထားအရ အစွန်းရောက်မှုတော့ နဲပါတယ်။ မဖြစ်ဘူး ပြောလို့မရတာကြောင့် လုံခြုံရေးအတတ်၊ လုံခြုံရေးအမြင်နဲ့ ဖြေရှင်းတတ်မှုတွေကို အခုထက်ပိုတိုးတက်အောင် ပြင်ဆင်ထားသင့်ပါတယ်လို့ အကြံပြုပါရစေ။ လူကြီးအနားမှာနေတဲ့သူတွေဟာ ပြသနာတစ်ခုကို ထိန်းသိမ်း ဖြေရှင်းတတ်မှုရှိမှသာ ကိုယ့်လူကြီးဟာ ဒါတွေကို စိတ်ထဲမှာထား ဖြေရှင်းစရာ မလိုပဲ စိတ်လွတ်လပ်စွာနဲ့ သူ့ရဲ့ အဓိကအလုပ်တွေကို အနှောက်အယှက်ကင်းကင်း လုပ်နိုင်မှာပါဆိုတာကို အပြုသဘော အကြံပြုပါတယ်။

evil said...

အခုလို ကျနော့် ကွန်မန့်ကိုဖော်ပြပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အခုခေတ်က အရင်လိုမဟုတ်ပဲ ပြည်သူဆုံးဖြတ်တဲ့ခေတ်ကို ရောက်လု နီးနေ ပါပြီ။ ပြည်သူဆုံးဖြတ်လိုပလည်းပဲ nld ဟာလွှတ်တော် ထဲကို ရောက်နေပါပြီ။ ဒီနေရာမှာ အရေးကြီးတာက အဂတိတရား ပါ။ အမေစုအနေနဲ့လဲ မီဒီယာနဲ့ ဒီပုံစံ မဖြစ်စေချင်လောက်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ မီဒီယာရဲ့ မီးမောင်းထိုးပြမှုတွေ လွှတ်တော်တက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ထဲမှာ ဘယ်လိုပဲပြောပြော မီဒီယာကြောင့်လဲ ပါတယ်ဆိုတာ ငြင်းနိုင်မယ် မထင်ပါဘူး။ ပြီးတော့ အမေစု ခရီးစဉ်မှာ ပြသနာတက်ခဲ့တာတွေ အများကြိးပါ။ ဥပမာ မန္တလေးမှာ ဘုန်းကြီးနဲ့ ဖြစ်တဲ့ ကိစ္စမျိုးပေါ့။ မန္တလေးနဲ့ ဘုန်းကြီးဆိုတာ တွဲမြင်ရတာ အရင်ကတည်းကပါ။ ဘယ်ဂျာနယ်မှာများ အဲဒီသတင်းကိုဖတ်ရပါလဲ။ ကောင်းမွန်တဲ့ Relation ကို ကျွန်တော်တို့ ဘာလို့ ဖျက်စီးချင်ကြတာလဲ။ အဘ ပြောသွားတဲ့ထဲမှာလဲ တကယ်တော့ ကိုယ့်ဘက်ကို အဓိက ကာကွယ်သွားတာပါ။ တကယ်ဆိုရင် အကောင်းဆုံးက ထိပ်တိုက်ရှင်းကြပါ။ အမှန် အမှားကို သူတို့ 2 ယောက်လောက် ဘယ်သူမှ ပိုမသိပါဘူး။ မှာတဲ့သူကို အပြစ်ပေရမယ်။ မကာကွယ်နဲ့။ 2 ဘက်လုံးပဲ ။ နိုင်ငံကို ဦးဆောင်ဖို့ဆန္ဒ ရှိတဲ့ အဖွဲ့အနေနဲ့ (သူတို့ သိပီးသားပါ။) နိုင်ငံနဲ့ချီလာရင် မှန်နေရင်တောင် ရင်းသင့်ရင် ရင်းရပါတယ်။ နိုင်ငံနဲ့ လူတစ်ယောက်နဲ့ ရွေးကြေးဆို ဘယ်သူ့ကို ရွေးမှာလဲ။ ရွှေထီးဆောင်းတာတွေ၊ အောက်ကျတာတွေ လာမပြောပါနဲ့တော့။ ဘာလို့လဲဆိုရင် ဒီစိတ်နဲ့ နိုင်ငံကို ဦးဆောင်နေရင် နိုင်ငံပဲနစ်နာပါမယ်။ ဒါကြောင့် ဒီကိစ္စတွေ ဒီကွန်မန့်တွေကြောင့် ကောင်းမွန်တဲ့ Relation ကို မပျက်ပါစေနဲ့လို့ တိုက်တွန်းပါတယ်။ ဘာလို့လုဆိုတော့ ဒီကွန်မန့်တွေက အနှစ်သာရ မရှိသလို လမ်းမှားကို ပို့နေသလိုပဲလို့ စိတ်ထဲတွေးမိလို့ပါ။ မှားရင်လဲ ဝေဖန်ပါဗျာ။ ကျွန်တော့်ကို ဝေဖန်လို့ ကျွန်တော် ဘာမှမဖြစ်ပေမဲ့ အခုဝေဖန်တဲ့ ကွန်မန့်တွေကြောင့် နိုင်ငံရေးကို ထိခိုက်စေရင် ကျွန်တော်တို့မှာ အပြစ်ရှိနေရင် ကျွန်တော်တို့ သာမြေးတွေအထိ ခံရလိမ့်မယ်ဆိုတာမမေ့ပါနဲ့ဗျာ။ လှော်တာလဲလှော်ပေါ့။ တစ်ဘက်စွန်းရောက်အောင်တောပ မလှော်ပါနဲ့လို့......

evil said...

violin ပြောသလို သူတို့ပြန်ပြောထားတယ်။ ဘာတဲ့..သူတိုပလဲ အခုလို ဘယ်ပါတီမှာမှ မဖြစ်ဖူးဘူးတဲ့။ သံတော်ဆင့်မှာထင်တယ်...

Post a Comment