ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောင်ဆန်းဦးနှင့် မော်နီတာ ဂျာနယ်တို့အပေါ် တရားစွဲဆိုမှု စတင်ကြားနာ

ဦးအောင်ဆန်းဦး နှင့် ဇနီး လဲ့လဲ့နွယ်သိမ်း
နိုင်ငံရေး သတင်းနှင့် ဆောင်းပါးဟောင်း များကို ဦးစားပေး ဖော်ပြနေသည့် မော်နီတာ သတင်းဂျာနယ်နှင့် ဦးအောင်ဆန်းဦး တို့ကို ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုထားမှုအား ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က လက်သင့် ခံသင့်၊ မခံသင့် စတင် စစ်ဆေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။ပုဂ္ဂလိက သတင်းစာစောင် တစ်ခုအပေါ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တရားစွဲဆိုမှု အဖြစ် အဆိုပါ အမှုကို လက်သင့် ခံသင့်၊ မခံသင့်အား ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က ကြားနားခဲ့သည် ဟု ဦးဉာဏ်ဝင်းက ဆိုသည်။တရားမမှု ဖြစ်ပွားနေသော နေအိမ်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် ဇူလိုင် လနှောင်းပိုင်းတွင် မော်နီတာ သတင်းဂျာနယ်၌ ဦးအောင်ဆန်းဦးနှင့် အင်တာဗျူး တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြခဲ့သော အကြောင်းအရာ အခိျု့အား ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်ခြင်း မရှိသောကြောင့် မော်နီတာဂျာနယ် ထုတ်ဝေသူ ဝဏ္ဏကျာ်ထင် ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦး တို့ကို တရားစွဲဆို ပေးရန် ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သတင်း---The Voice Weekly
ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောင်ဆန်းဦးနှင့် မော်နီတာ ဂျာနယ်တို့အပေါ် တရားစွဲဆိုမှု စတင်ကြားနာ ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောင်ဆန်းဦးနှင့် မော်နီတာ ဂျာနယ်တို့အပေါ် တရားစွဲဆိုမှု စတင်ကြားနာ Reviewed by သစ်ထူးလွင် on 05:51 Rating: 5

No comments:

Powered by Blogger.