3 October 2022

ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက်တွင် ဆိုင်ကယ်မောင်းလာသည့် လူငယ်တစ်ဦး စစ်ကာင်စီစစ်သားနှင့် ရဲများ၏ ပစ်သတ်ခြင်းခံရ

3 October 2022 

ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက်ရှိ ဆုံဆည်းရာကုန်စုံဆိုင်အနီး၌ ဆိုင်ကယ်မောင်းလာသည့် လူငယ်တစ်ဦးကို အောက်တိုဘာ ၂ ရက်နေ့ညအချိန်တွင် စစ်ကောင်စီတပ်နှင့် ရဲများက ပစ်သတ်ခဲ့ပြီး အလောင်းကိုလည်း ယူဆောင်သွားကြောင်း ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။

ပစ်သတ်ခံရသူသည် ကလပ်ကုန်းရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် မောင်မရန်ဆိုင်းဂူဆိုသူဖြစ်ပြီး ဆိုင်ကယ်မောင်းနေစဉ် ပစ်သတ်ခံလိုက်ရသည်ဟု ဆိုသည်။

“အရင်ကတော့ အဲမှာ ဘာမှ မရှိဘူး။ မနေ့ညက စကစတွေက အဲနားမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာ။ ၁၀ နာရီကျော်လောက်မှာ မောင်ဆိုင်းဂူလည်း ခါတိုင်းလိုပဲထင်ပြီး ဆိုင်ကယ်နဲ့ဆင်းလာတာ စကစတွေက တားတာ သူကြောက်လို့ ဆိုင်ကယ်မရပ်ပေးဘူး။ အဲချိန်မှာ ပစ်သတ်လိုက်တာ။ သူက သာမန်ပြည်သူ တစ်ယောက်ပဲ။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

မိသားစုက ဖားကန့်ဆေးရုံသို့ သွားကြည့်သော်လည်း မောင်မရန်ဆိုင်းဂူ၏ အလောင်းမရှိတော့ကြောင်းနှင့် အလောင်းကို ယမန်နေ့ညကတည်းက စစ်ကောင်စီရဲများက ဆေးရုံမှ ယူဆောင်သွားပြီဖြစ်ကြောင်း ကြားသိရသည်ဟု ဆိုသည်။


Kachinwaves 

No comments:

Post a Comment