28 September 2022

မြောင်မှာ စစ်အုပ်စုကို ဒရုန်းနဲ့ သုံးကြိမ်တိုက်ခိုက်၊ စကစ နှစ်ယောက် သေ၊ သုံးယောက် ထိဟုဆို၊


စက်တင်ဘာ - ၂၈

“ရဲဘော်တို့အတွက် အကြွေး ပြန်ယူမယ် စစ်ဆင်ရေး”အဖြစ် စစ်ကိုင်းတိုင်း မြောင်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီနေ့ ဒရုန်းနဲ့ သုံးကြိမ် တိုက်ခိုက်ရာ စကစ နှစ်ယောက် သေပြီး သုံးယောက် ဒဏ်ရာရသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၈)ရက် နေ့လည်(၁)နာရီနှင့် (၁)နာရီခွဲ အချိန်တွေမှာ ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ဆီတင်သင်္ဘော အစောင့် စစ်အုပ်စုနှင့် မြောင်မြို့နယ် ကြည်ရွာမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ အုပ်ကြီးနဲ့ အဖွဲ့တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“Mission (၁) စစ်သင်္ဘော၏ အင်ဂျင်ခန်းပေါ်သို အီနာဂါ ကျဲချခဲ့ရာ အင်ဂျင်မှာ ပျက်စီးကာ သင်္ဘောထိုးရပ်သွားခဲ့ပြီး စစ်ခွေး နှစ်ကောင် သေသွားပါသည်။  Mission (၂) ကြည်ရွာမှာ သတင်းကြီးလှသည့် လက်နက်ကြီး တကားကားနဲ့ ပြည်သူကြား ဇောင်းကြွနေတဲ့ Dalan  ပျူကောင် စောထွန်းခိုင်၏တူ စစ်ခွေး ဥက္ကဋ္ဌ ပြည့်ဖြိုးကျော်  အိမ်ရှေ့သို အီနာဂါ ကျဲချခဲ့သည်။ ပျူသင်တန်းတက်ပြီး အာဏာလု အကြမ်းဖက်က ရာထူးတိုး အမြီးနံ့နေပြီး ငါနဲ့မတည့်သူ အကုန် ဖမ်းဆီးနှိပ်စက်နေတဲ့ အာဏာရူး လက်သစ်လေး ဖြစ်ပါသည် ။ မစ်ရှင်ပစ်မှတ်တွင် ပျူစစ်ခွေး နှစ်ကောင် ဆီမီးခုံဆေးရုံ မှ ငရဲပြည်သွားရန် ရာခိုင်နှုန်း များနေပါသည်။ Mission (၃)နေ့လယ် (၁း၂၀) နာရီအချိန်တွင် ဇောင်းကြွနေတဲ့ Dalan  ပျူကောင် အုပ်ကြီး ပြည့်ဖြိုးကျော်ကို ကာကွယ်ရင်း မျက်နှာချင်းဆိုင် စာသင်ကျောင်းတွင် နေထိုင် သောက်စား  ပျော်ပါးနေသော အကြမ်းဖက် စစ်ခွေးများကိုလည်း တချိန်တည်း အီနာဂါ ကျဲချခဲ့ပါသသည်။ အကြမ်းဖက် စစ်ခွေးးများသည် လက်နက်များ ပိုက် ပြီး ထွက်ပြေးခဲ့ကြပြီး  မစ်ရှင်ပစ်မှတ်တွင်  စစ်ခွေး တစ်ကောင် ဆီမီးခုံဆေးရုံမှ ငရဲပြည်သွားရန် ရာခိုင်နှုန်း များနေပါသည်” လို့ မြောင် PDF CDSOM က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို မြောင် CDSOM ရဲ့ Drone Team၊ Wings Of The Irrawaddy၊ Chaung U Revolution Army – CRA ချောင်းဦးမြိုနယ် တော်လှန်ရေးတပ်နှင့် Young Fighters People Defense Force – YFPDF စတဲ့ မဟာမိတ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။


Mandalay Free Press - MFP

No comments:

Post a Comment