စစ်ခေါင်း​ဆောင်နှင့် အရာရှိများ ကိုယ်ကျိုးအတွက်သုံးသော တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည် NUG ထုတ်ပြန်

အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ အရာရှိများ အကျိုးစီးပွားအတွက် အသုံးပြုသည့်တပ်ပိုင်မြေများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြန်လည်သိမ်းယူရမည်ဟု ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်းမြေဆိုင်ရာ အခြေခံမူများကို ထုတ်ပြန်လိုက်ရာ ယင်းသို့ဖော်ပြခြင်းဖြစ်ပြီး ပြန်လည်သိမ်းယူသော တပ်ပိုင်မြေများကို လေလံတင်ရောင်းချခြင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် ဖွံ့ဖြိုးမှုစီမံကိန်းများကို အကောင် အထည်ဖော်ခြင်း တို့ကိုလုပ်ဆောင်ရမည်ဖြစ်သည်။

တပ်ပိုင်မြေများကို စိစစ်ရာတွင် တပ်ပိုင်မြေများ၏ စစ်ရေးလိုအပ်ချက်နှင့် ရည်မှန်းချက်များဆိုင်ရာ ကိုက်ညီမှု၊ အများပြည်သူလူထု၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုံခြုံမှု၊ အကြမ်းဖက်စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် သုံးစွဲခြင်းမှ ကာကွယ်ပေးနိုင်မှု စသည့်အချက်များကို မူတည်စိစစ်ရမည်ဟု ထုတ်ပြန်ထားသည်။

People's Spring 

စစ်ခေါင်း​ဆောင်နှင့် အရာရှိများ ကိုယ်ကျိုးအတွက်သုံးသော တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည် NUG ထုတ်ပြန် စစ်ခေါင်း​ဆောင်နှင့် အရာရှိများ ကိုယ်ကျိုးအတွက်သုံးသော တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည် NUG ထုတ်ပြန် Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.