မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို

ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေသတ်မှတ်ချက်များအရ မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆက်ဆံရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့(SAC-M)က ယနေ့ (ဒီဇင်ဘာ၁၄) ထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီသည် ပြည်သူလူထုအကြား ကြောက် မက်ဖွယ်အခြေအနေကို တွန်းပို့ရန် ရည်ရွယ်သည့် ပြင်းထန်သော ရာဇဝတ်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး နောက်ဆုံး တွင် ပြည်သူများက ၎င်း၏ နိုင်ငံရေးအစီအစဉ်တွင် ပါဝင်လာရန် လုပ်ဆောင်နေကြောင်း SAC-M က သုံးသပ်သည်။

“ဖေဖော်ဝါရီမှာ စတင်တဲ့ အာဏာသိမ်းမှုအလွန်အကြမ်း ဖက်ချိန်ကစလို့ မြန်မာပြည်သူတွေက  အကြမ်းဖက်စစ်တပ်အဖြစ် ခေါ်ဝေါ်ခဲ့ကြတာပါ။ သူတို့မှန်ပါတယ်။ အကြမ်းဖက်တွေကပဲ ဒီ ဆိုးရွားယုတ်မာတဲ့လုပ်ရပ်တွေကို ကျူးလွန်ကြတာပါ”ဟု SAC-M မှ Yanghee Lee က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားအစိုးရများကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း SAC-Mက တိုက်တွန်းသည်။

မကြာသေးမီက စစ်ကိုင်းတိုင်း၌ လူ ၁၁ဦး မီးရှို့အသတ်ခံရသည့်ဖြစ်စဉ်နှင့် ဆန္ဒပြသူများကို သေစေနိုင်သည်အထိ ကားဖြင့်ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်များမှာ စစ်တပ်၏ ၁၁ လကြာ လူမဆန် စွာ အကြမ်းဖက်လုပ်ရပ်များထဲမှ နောက်ဆုံးပေါ် ကျူးလွန်မှုများဖြစ်သည်ဟု SAC-M က ဥပမာ ပေးသည်။

People's Spring 

မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာရန် နိုင်ငံတကာကို SAC-M တောင်းဆို Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.