ဒေါ်အောင်ဆန်းစုကြည် ကချင်သွားမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၇၊ မတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံအားပေးစဉ် / Photo: RFA

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တည်ထောင်ထားတဲ့ မူးယစ်ဆေးဝါးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်းကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ နေ့ချင်းပြန် သွားရောက်ဖွင့်လှစ်ဖို့ရှိတယ်လို့ အတိုင်ပင်ခံရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီ မူးယစ်ဆေးဝါးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်းဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းထားတာုဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့အနီးက စစ်ဘေးရှောင်စခန်းတွေကိုလည်း သွားရောက်ဖို့ရှိတယ် လို့လည်း သိရပါတယ်။

ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာပြီးနောက်ပိုင်း ဒုတိယမြောက် ကချင်ပြည်နယ် ခရီးစဉ်လည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လက ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ဒေါ်အောင်ဆန်းစုကြည် ကချင်သွားမည် ဒေါ်အောင်ဆန်းစုကြည် ကချင်သွားမည် Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.