မူလတန်းကျောင်းအုပ်ဆရာတစ်ဦး အသတ်ခံရမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ကျောင်းဆရာတစ်ဦး ဒဏ်ရာများနှင့်သေဆုံး ။ ဓါတ်ပုံ - facebook
ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပွဲတိုင်းကျော်ကျေးရွာတွင် ဇူလိုင် ၅ ရက် ည ၈ နာရီကျော်ချိန်က မူလတန်းကျောင်းအုပ်ဆရာတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမက မြစ်ကောက်မှ ကျောင်းအုပ်ဆရာ ဦးတင်ဝမ်း၏ ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်းမှ တရွာထဲနေအမဖြစ်သူ ဒေါ်တင်ညွန့်အိမ်မှ ၎င်း၏နေအိမ်သို့ပြန်လာစဉ် ဒရင်းဘက်ထိုင်ပေါ်တွင် ဒဏ်ရာများနှင့်လဲနေသည့် ဦးတင်ဝမ်း ကို တွေ့ရသည်။

သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့မှတစ်ဆင့် ရဲစခန်းသို့အကြောင်းကြား၍ သေဆုံးနေသော ဦးတင်ဝမ်း ( ၆၀) နှစ်၏ အလောင်းအား ရဲဆေးစာဖြင့် မတ္တရာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

"အမှုဖွင့်ထားတာတော့ လူသတ်မှုနဲ့ဖွင့်ထားတယ် ။ ဆေးစစ်ချက်ထွက်လာမှ အတည်ပြုပြီး တရားခံဖမ်းမိအောင် ဆောင်ရွက်ရမှာ ။ ခုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ် " မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ညိုညိုစန်းမှ တရားလိုပြုလုပ်တိုင်တန်းရာ မတ္တရာမြို့မရဲစခန်းတွင် ( ပ)၃၇၇/၂၀၁၈ ရာဇသက်ကြီးဥပဒေပုဒ်မ - ၃၀၂ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည် ။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
မူလတန်းကျောင်းအုပ်ဆရာတစ်ဦး အသတ်ခံရမှုဖြစ်ပွား မူလတန်းကျောင်းအုပ်ဆရာတစ်ဦး အသတ်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.