လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ဝါဆိုဘုန်းကြီးကျောင်း မီးလောင်ရာမှ ကျောင်းထိုင်ဘုန်ကြီး ပျံလွန်

ကန္တာရဝတီတိုင်း(မ်)

မေ ၁၀ ရက် နံနက် (၀၀း၃၀)နာရီအချိန်က လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ရှေးဟောင်းဘုန်ကြီးကျောင်ဖြစ်သည့် ဝါဆိုဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းတွင် သီတင်းသုံးနေသူ ကျောင်းထိုင်ဆရာတော် ၁ ပါး မီးသင့်ကာ ပျံလွန်တော်မူသွားသည်။

မီးလောင်မှုဖြစ်စဉ်မှာ သစ်သားဘုရားစင်ပေါ် မီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဘုန်းတော်ကြီးကျောင်း ပေ (၈၀x၆၀) ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ရေနံကြီးသုတ်၊ နှစ်ထပ်ကျောင်းဆောင် မီးလောင်မှု Level -2 အဆင့် မီးလောင်ကျွမ်းမှုဖြစ်သည်။

မီးလောင်ကျွမ်းရာသို့ ကယားပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ဦးစီး သန္ဓေတပ်ဖွဲ့ဝင် (၄၇)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊ မီးငြိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ် (၄)စီး ၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မိုင်းလုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြငြိမ်း နှင့် ရပ်ကွက်နေပြည်သူတို့မှ ၀ိုင်းဝန်း၍ ငြိမ်းသတ်ခဲ့ရာ နံနက် ၀၁း၀၀ နာရီအချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် (၀၁း၃၀)နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညိန္ဒသီရိ ၊ သက်တော် (၈၅)နှစ်၊ ၀ါတော် (၆၅)၀ါ (ခန္ဓာကိုယ်အောက်ပိုင်း လေဖျန်း၍ လမ်းမလျှောက်နိုင်)သည် မီးလောင်ကျွမ်းခြင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၆၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

နံနက် ၀၂း၁၅ နာရီအချိန်တွင် ဆရာတော်၏ ရုပ်ကလပ်တော်ဟု ယူဆရ အား တွေ့ရှိခဲ့ရာ နံနက် ၀၂း၃၀ အချိန် ရွှေလွိုင်ကော် လူမှုကူညီရေးကားဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်းမှ ပ-၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓါတ်ပုံ-Ko Sai
Kantarawaddy Times
https://www.facebook.com/KantarawaddyTimes/
လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ဝါဆိုဘုန်းကြီးကျောင်း မီးလောင်ရာမှ ကျောင်းထိုင်ဘုန်ကြီး ပျံလွန် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ဝါဆိုဘုန်းကြီးကျောင်း မီးလောင်ရာမှ ကျောင်းထိုင်ဘုန်ကြီး ပျံလွန် Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.