ပုသိမ်ကြီးမြို့နယ်၌ ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ


၂၀၁၈ခုနှစ်၊ မေလ ၅ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့် တွင် ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာ (၄၄) လမ်းအရှေ့ဘက် ကွင်းအမှတ်(၅၃၇) လယ်ကွက်ခြံစည်းရိုးကာရံထားသည့် အုတ်တံတိုင်းဘေး၌ အမျိုး သမီးအလောင်း ၁ လောင်း တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

 သတင်းအရ မန္တလေးခရိုင်ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ အမည်(စိစစ်ဆဲ) အသက်(၂၅)နှစ်ခန့် ရှိအမျိုးသမီး ၁ ဦးဖြစ်ပြီး ဂွမ်းကပ်ခြုံစောင် ၁ ထည် အုပ်ထား၍ မျက်နှာအားသောက်ရေအိုးကွဲ အပေါ်ခြမ်းစွပ်လျက် ဝဲလက်မောင်းညိုမဲ၊ နဖူးထိပ်ချိုင့်ဝင် ဒဏ်ရာ များဖြင့် ပုပ်ပွသေဆုံးနေ သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။

ည ၈ နာရီ ၄၅ မိနစ် အချိန်တွင် ပြစ်မှုကျူးလွန်သူ(စိစစ်ဆဲ)အား အုန်းချောနယ်မြေရဲစခန်း (ပ)၈၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ပုသိမ်ကြီးမြို့နယ်၌ ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ ပုသိမ်ကြီးမြို့နယ်၌ ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.