ဖိလစ်ပိုင် သူပုန်စခန်းများ အစိုးရတပ် မြေပြင် ဝေဟင် စစ်ဆင်ရေး ဆင်နွှဲ


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Mindanao ကျွန်းမှာ ဒီသီတင်းပတ်အတွင်း လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးဆင်နွှဲချိန်အတွင်း IS- အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ကို လိုလားတဲ့ BIFF အဖွဲ့ဝင် ၁၂ ဦးလောက်ကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းသုတ်သင်လိုက်ပါတယ်။

Mindanao ကျွန်းလယ်က ရွှံ့နွံတောမှာရှိတဲ့ BIFF – Bangsamoro Islamic Freedom Fighters ဘဲန်ဆာမိုရို အစ္စလမ္မစ် လွတ်မြောက်ရေးတိုက်ပွဲဝင်သူတွေရဲ့ စခန်းနှစ်ခုကို သိမ်းပိုက်ဖို့ တပ်ဖွဲ့ဝင်တွေတပ်ချီတက်ချိန်မှာ ရဟတ်ယာဉ်တွေကနေ ဒုံးကျည်တွေ ပစ်ခတ်ပေးတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

သူပုန်စခန်းနှစ်ခုကို စစ်တပ်က ထိန်းချုပ်နိုင်ပြီး သေနတ်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကစပြီး ရှေးရိုးစွဲ မွတ်စလင်ဘာသာရေးဆရာ သုံးဦး ဦးဆောင်တဲ့ BIFF အဖွဲ့ဝင် ၄၀ ကျော်ကို ဖိလစ်ပိုင်တပ်က သုတ်သင်နိုင်အောင် ရဟတ်ယာဉ်တွေနဲ့ သံချပ်ကာကားတွေက ကူပစ်ပေးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဖိလစ်ပိုင် သူပုန်စခန်းများ အစိုးရတပ် မြေပြင် ဝေဟင် စစ်ဆင်ရေး ဆင်နွှဲ ဖိလစ်ပိုင် သူပုန်စခန်းများ အစိုးရတပ် မြေပြင် ဝေဟင် စစ်ဆင်ရေး ဆင်နွှဲ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.