ဇနီးနှင့် သမီးကို ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေးတိမ်းရှောင်သူအား ဖမ်းဆီးရမိ


ကျိုင်းတုံ မတ် ၂၉

ကျိုင်းတုံမြို့နယ် ပန်မောက်ကျေးရွာတွင် မတ် ၂၆ ရက် ည ၇နာရီ ခန့်က လင်မယား ချင်း စကားများရန်ဖြစ်ကာ ခင်ပွန်းဖြစ်သူ က ဇနီးဖြစ်သူ မယေတနှင့် သမီးဖြစ်သူ မယေမိန်းတို့ကို ဓားဖြင့်ခုတ်သတ်ကာ နေအိမ်တံခါးသော့ခတ်၍ ထွက်ပြေးတိမ်း ရှောင်နေသဖြင့် မတ် ၂၉ ရက် နံနက် ၁၁ နာရီခွဲက သေဆုံးသူမယေတ၏ ဖခင် ဖြစ်သူက ကျိုင်းတုံမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် အမှုဖွင့် ခဲ့သည်။

ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရာသို့ သွားရောက် စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ အားဖာ(ခ)အားရှို့သည် ကျိုင်းတုံမြို့နယ် လွိုင်မွေကျေးရွာအုပ်စု ဟိုလတ် (၁)ရွာအနီး တောထဲ၌ ရောက်ရှိ နေကြောင်း သတင်းရရှိ၍ စခန်းမှူးနှင့် အဖွဲ့ သွားရောက်ဖမ်းဆီးရာ ဟိုလတ် (၁)ရွာ အနီးတောထဲ၌ ယနေ့ မွန်းလွဲပိုင်း က ဖမ်းဆီးရမိခဲ့သည်။

လင်မယားချင်းစကားများ ရန်ဖြစ် ရာမှ စိတ်မထိန်းနိုင်ဘဲ ဇနီးနှင့် သမီးကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း၊ အခင်း ဖြစ်ချိန် အသုံးပြုခဲ့သည့် အရှည် ၂ဝ လက်မ၊ ဗြက်တစ်လက်မရှိ ဓားကို သိမ်းဆည်းရမိပြီး အားဖာ(ခ)အားရှို့ကို ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဇနီးနှင့် သမီးကို ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေးတိမ်းရှောင်သူအား ဖမ်းဆီးရမိ ဇနီးနှင့် သမီးကို ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေးတိမ်းရှောင်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.