မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရိုင်အဆင့် တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး |
Zero Line အတွင်း နေထိုင်နေသူ ၅ထောင်ကျော်ကို မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုဖို့ မြန်မာ အစိုးရဘက်က မူအားဖြင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်းနဲ့ သူတို့ကို ပြန်လက်ခံမယ့် နေ့ရက် အတိအကျကိုတော့ မသတ်မှတ်ရသေးကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေးဆိုင်ရာ မင်းကြီး အဘူကာလမ် က ပြောပါတယ်။
Zero Line Area နေနေသူ ၆ထောင်ကျော် ရှိမယ်လို့ အရင်က ခန့်မှန်းခဲ့ပေမယ့် တထောင်လောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးသွားခဲ့ပြီလို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း ပြည်ထဲရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲ နောက်ပိုင်း အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၆လတာကာလအတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူပေါင်း ၇သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် Zero Line Areaတွင်း ခိုလှုံနေသူတွေအရေး ဆွေးနွေး
Reviewed by THITHTOOLWIN
on
06:57
Rating: