မြန်မာနိုင်ငံကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကိုတင်မည်ဟု ပြောဆိုခဲ့သည့် ကုလသမဂ္ဂမှ အမျိုးသမီး မြန်မာနိုင်ငံသို့ ရောက်ရှိ


နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးထိရောက်အောင်ကြိုးပမ်းပြီး အရေးယူနိုင်အောင်ထိ ဆောင်ရွက်သွားမည်ဟု ဒက္ကားမြို့ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ကြုံးဝါး ပြောဆိုသွားခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူး၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စပရာမီလာ ပတ်တန် (Pramila Patten) သည် ယခုအခါ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတော် တာဝန်ရှိသူများနှင့် တွေ့ဆုံနေသည်ဟု သတင်းရရှိသည်။

မစ္စပရာမီလာ ပတ်တန်သည် ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒက္ကားမြို့သို့ သုံးရက်ကြာ လာရောက် လည်ပတ်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်မှ နယူးယောက်မြို့သို့ မထွက်ခွာမီ ဒက္ကားမြို့ တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားသွားခဲ့သည်။

သူမက ၎င်းသတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလီ(သူ့အခေါ်ရိုဟင်ဂျာ) အမျိုးသမီးများနှင့် မိန်းခလေးငယ်များကို မြန်မာစစ်တပ်၊ ဗုဒ္ဓဘာသာဝင် လူအုပ်များ၊ တစ်ခြား လူနည်းစု တိုင်းရင်းသားများက မုဒိမ်းများပြုကျင့်ကြောင်း စွပ်စွဲ ပြောဆိုသွားခဲ့သည်။

မြန်မာစစ်သားများသည် ဘင်္ဂလီအမျိုးသမီးတစ်ဦးအား ၄၅ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးကိုကိုးကားကာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

တစ်ချို့ အမျိုးသမီးများမှာ ဗလ္လက်ကာရ ပြုကျင့်ခံခဲ့ရရာမှ သေဆုံးမှုများလည်း ရှိခဲ့သည်ဟု မစ္စပရာမီလာ ပတ်တန်က ပြောဆိုသွားခဲ့သည်။

မြန်မာစစ်တပ်သည် ဘင်္ဂလီ (သူအခေါ် ရိုဟင်ဂျာ) များကို တိုင်းပြည်မှ နှင်ထုတ်ရန် ဘင်္ဂလီအမျိုးသမီးများကို မုဒိမ်းကျင့်မှုကို လက်နက်တစ်ခု သဖွယ် အသုံးပြုခဲ့သည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ကြောက်လန့်ဖွယ်ရာ စနစ်တကျ ရက်စက်ကျူးလွန်မှုများမှာ ဘာသာရေးနှင့် လူမျိုးရေးကြောင့် ဖြစ်ကြောင်း ပြောဆိုပြန်သည်။

သူမအား မြန်မာအစိုးရက တိုင်းပြည်သို့ ၀င်ခွင့်ပိတ်ပင်ထားသည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

ယခုအခါ အဆိုပါ အမျိုးသမီး မစ္စပရာမီလာ ပတ်တန်မှာ မြန်မာပြည်သို့ ရောက်ရှိနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။

တွေ့ဆုံပွဲတွင် အမျိုးသမီးများ အခွင့်အရေး ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

(သူမပြောကြားချက်များကို အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါသည်။)

Rohingya women gang-raped: UN
http://www.theindependentbd.com/arcprint/details/123338/2017-11-13

U.N. official says will raise sexual violence against Rohingya with ICC
https://www.reuters.com/article/us-bangladesh-myanmar/u-n-official-says-will-raise-sexual-violence-against-rohingya-with-icc-idUSKBN1DC0N7

Narinjara
https://www.facebook.com/Narinjara
မြန်မာနိုင်ငံကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကိုတင်မည်ဟု ပြောဆိုခဲ့သည့် ကုလသမဂ္ဂမှ အမျိုးသမီး မြန်မာနိုင်ငံသို့ ရောက်ရှိ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကိုတင်မည်ဟု ပြောဆိုခဲ့သည့် ကုလသမဂ္ဂမှ အမျိုးသမီး မြန်မာနိုင်ငံသို့ ရောက်ရှိ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.