ကျန်းမာရေးမကောင်း၍ အနှိပ်ခံသော မိန်းမပျိုလေးအား အနှိပ်သည်မှ အကြိမ်ကြိမ်မုဒိန်းကျင့်

အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မုံရွာ၊ စက်တင်ဘာ ၄။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းရွာတွင် ကျန်းမာရေးမကောင်း၍ အနှိပ်ခံသော အသက် ၁၉ နှစ်အရွယ် မိန်းမပျိုလေး အား အနှိပ်သည်မှ အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့် သဖြင့် စက်တင်ဘာ ၃ ရက်နေ့က ဖောင်းပြင်မြို့မရဲစခန်းသို့ ပြုကျင့်ခံရသူကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သောလပိုင်းက တရားလိုမှာ အမျိုးသမီးရောဂါကြောင့် ခြေလက်တို့ ကွေးနေသဖြင့် မိခင်မှ ဖောင်းပြင်မြို့နယ်၊ သငါရွာနေ အသက် ၅၅ နှစ်အရွယ် အနှိပ်သည်အား အိမ်ခေါ်၍ နှိပ်ပေးစေခဲ့သည်။ ထိုစဉ်ကတည်းက အိပ်ခန်းအတွင်းနှိပ်ပေးစဉ် ပါးနှစ်ဖက်အား နမ်းပြီး အော်ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောပြီး သားမယားအဖြစ် စတင်ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်စာ အရသိရသည်။

၎င်းနောက်တွင်လည်း ငါးကြိမ်ခန့် ရက်ခြား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့တွင် လည်း ပြုကျင့်ရန်ကြိုးစားနေစဉ် အတူနေ ယောက်မဖြစ်သူက တွေ့သွားပြီး မေးမြန်းသဖြင့် ပြုကျင့်ခဲ့မှုများ ပေါ်ပေါက်ခဲ့သည်။

အနှိပ်သည်အား ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူနှင့် ကျုးလွန်ခံရသူတို့ အခင်းဖြစ်စဉ်က ၀တ်ဆင်ခဲ့သော ပုဆိုး၊ လုံခြည်များကို သိမ်းယူပြီး အမှုတည်ဆောက်ကာ စစ်ဆေးမှုရဲလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း ဖောင်းပြင်ရဲစခန်းမှ သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
ကျန်းမာရေးမကောင်း၍ အနှိပ်ခံသော မိန်းမပျိုလေးအား အနှိပ်သည်မှ အကြိမ်ကြိမ်မုဒိန်းကျင့် ကျန်းမာရေးမကောင်း၍ အနှိပ်ခံသော မိန်းမပျိုလေးအား အနှိပ်သည်မှ အကြိမ်ကြိမ်မုဒိန်းကျင့် Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.