မြောက်ကိုရီးယားအရေး အမေရိကန် သတိပေးချက် တရုတ်ဝေဖန်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားအရေး ဆွေးနွေး
မြောက်ကိုးရီးယားနိုင်ငံရဲ့ နောက်ဆုံး နျူကလီးယားစမ်းသပ်မှုပြုလုပ်ပြီးတဲ့နောက် မြောက်ကိုးရီးယားနဲ့ စီးပွါးရေးလုပ်ကိုင်တဲ့ ဘယ်နိုင်ငံနဲ့မဆို ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ပစ်မယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာတရုတ် နဲ့ အမေရိကန် တို့ရဲ့ ကြီးမားတဲ့ကုန်သွယ်မှုအပေါ် အန္တရာယ်ဖြစ်စေတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဝေဖန်ထိုးနှက်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ နောက်ထပ်ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖိအားပေးနေတာနဲ့ အမျှ အမေရိကန်နဲ့ တရုတ်တို့ကြား နှစ်စဉ် ဒေါ်လာ ဘီလီယံ ၆၅၀ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးအပေါ်ထိခိုက်နိုင်တဲ့ စီးပွါးရေးဆိုင်ရာ ခြိမ်းခြောက်ပြောဆိုထားတဲ့ အစီအစဉ်တွေကို သမ္မတ Trump ကရှေ့ ဆက် လုပ်ကိုင် သွားမလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် Nikki Haley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တနင်္လာနေ့မှာ မိန့်ခွန်းပြောဆိုရာမှာ မြောက်ကိုးရီးယားခေါင်းဆောင် ရဲ့ မစ်ဇိုင်းဒုံး လက်နက်တွေကို မတော်မတရား အသုံးပြုနေတာတွေနဲ့ နျူကလီးယား ဆိုင်ရာ ခြိမ်းခြောက်ရန်စမှုတွေဟာ စစ်မဖြစ်ဖြစ်အောင် တွန်းပို့နေတာဖြစ်တယ်ဆိုပြီး ပြောဆိုသွားပါတယ်။

အာခံနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရင်ဆိုင်ရာမှာ သံတမန်ရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ကိုင်နေတာတွေ သိပ်နောက်ကျမသွားခင် ပိုပြင်းထန်ပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေ နဲ့လုပ်ဖို့လိုပြီလို့လည်း Nikki Haley ကပြောဆို သွားပါတယ်။ မြောက်ကိုရီးယားအပေါ် ဆန့်ကျင်တဲ့ လုပ်ရပ်တွေမှာ တရုတ်နိုင်ငံဘက်က ဘယ်လို ထောက်ခံအားပေးမလဲဆိုတာကိုတော့ တရုတ်ပြောခွင့်ရသူက ဖြေကြားခြင်း မရှိပဲ နိုင်ငံတော်ကောင်စီဝင်တွေရဲ့ ဆွေးနွေးမှုအပေါ်မူတည်တယ်လို့ ပြောဆိုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြောက်ကိုရီးယားအရေး အမေရိကန် သတိပေးချက် တရုတ်ဝေဖန် မြောက်ကိုရီးယားအရေး အမေရိကန် သတိပေးချက် တရုတ်ဝေဖန် Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.