ခွေးခိုးစားရာမှ လူသတ်မှု မအီမြို့ ၌ ဖြစ်ပွား
သံတွဲ သြဂုတ်-၃
သြဂုတ်၂ ရက်နေ့က သံတွဲခရိုင် မအီမြို့တွင် ခွေးခိုးစားသည်ဟုဆိုကာ လူသတ်မှု ဖြစ်ပွားကြောင်းသတင်းရရှိသည်။
 ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက်နေ့  ည ၉ နာရီခန့်က မအီမြို့ ဆားပြင်ကျေးရွာအုပ်စု ကမာကျေးရွာတွင် မောင်ဖြူ(ခ) ခင်မောင်လွင်မှ ၄င်း၏ ခွေးအား တစ်ရွာတည်းနေ မျိုးသန့် က ခိုးယူစားသည်ဟုယူဆပြီး မျိုးသန့် အား ရဲဒင်းဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ မျိုးသန့် မှာ ရင်ဘတ်တွင် ပြတ်ချဒဏ်ရာ (၅)လက်မခန့် ၁ချက် ၊ နောက်ကျောတွင်(၅)လက်မခန့် ၁ ချက် နှင့် ၀ဲဘက်ရင်အုံ ပြတ်ချဒဏ်ရာ (၁)ချက်ရရှိကာ နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တရားခံမောင်ဖြူ(ခ) ခင်မောင်လွင်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။
အဆိုပါ တရားခံအား လမူးနယ်မြေရဲစခန်းမှ အမှုဖွင့်ထားပြီး ရဲအုပ်စိန်သန်းမောင်က တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Powered by Blogger.