သခွတ်ပွင့်သွားကောက်သော အမျိုးသမီးတစ်ဦး ဓာတ်ကြိုးကို လည်ပင်းဖြင့် ၀င်တိုက်မိ၍ သေဆုးံ


မုံရွာ၊ မေ ၁၈။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ ဓမ္မာရုံ ဘုန်ကြီးကျောင်းအနီးတွင် မေလ ၁၆ ရက် နံနက် ဝေလီဝေလင်းအချိန်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုးံမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ အသက် ၅၆နှစ်အရွယ် ဒေါ်အုန်းမြိုင်ဖြစ်ပြီး ခင်ပွန်းနှင့်အတူ သခွတ်ပွင့်ကောက်ရန် သွားစဉ် ဓာတ်တိုင်မှ ပြုတ်ကျနေသော ဓာတ်ကြိုးအား မမြင်ပဲ ၀င်တိုး၍ လည်ပင်း နှင့်ထိမိ၍ ဓာတ်လိုက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

၎င်းသေဆုးံမှုကို ရေဦးမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွန့်မှ သေမှုသေခင်း ဖွင့်၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
သခွတ်ပွင့်သွားကောက်သော အမျိုးသမီးတစ်ဦး ဓာတ်ကြိုးကို လည်ပင်းဖြင့် ၀င်တိုက်မိ၍ သေဆုးံ  သခွတ်ပွင့်သွားကောက်သော အမျိုးသမီးတစ်ဦး ဓာတ်ကြိုးကို လည်ပင်းဖြင့် ၀င်တိုက်မိ၍ သေဆုးံ Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.