ဖြူးမြို့နယ် တွင် ထင်းကား တိမ်းမှောက်ရာမှ အမျိုးသား(၃)သေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ဖူးမြို့နယ် ညောင်ပင်သာနယ်မြေရဲစခန်းအပိုင်မှာ ဧပြီ(၂၄)ရက် ညနေ(၄)နာရီခွဲခန့်က ထင်းကားတိမ်းမှောက်ရာမှ အမျိုးသား(၃)ဦး သေဆုံးခဲ့ပြီး(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

 ညောင်ပင်သာရဲစခန်းအပိုင် အနောက်တောင်ပေါ် (၁၈) မိုင်ခန့်အကွာ ထင်း/ သစ်တွေတင်ဆောင်လာတဲ့ အပြာရောင်ဖောကားပေါ်မှာ အမျိုးသား(၈)ဦးခန့်လိုက်ပါစီးနင်းလာပြီးခြောက်မြှောင်တောင်မကြီးအဆင်းမှာရှေ့ဘီးပေါက်ရာကနေဘီးကျွတ်ထွက်သွားပြီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။


 ယာဉ်ပေါ်လိုက်ပါသူတွေအနက် ညောင်ပင်သာမြို့နေ(၃)ဦးမှာအခင်းဖြစ်နေရာမှာပဲ သစ်တွေပိသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား( ၅) ဦးတို့မှာ အသီးသီးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

 ဒါဏ်ရာရသူတွေကို ညောင်ပင်သာဆေးရုံကို တင်ပို့ဆေးကုသထားပြီးယာဉ်မှာခန့်မှန်းကာလတန်ဖိုး(၅)သိန်းဖိုးခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်နဲ့ပက်သက်ပြီး ယာဉ်မောင်းကို ညောင်ပင်သာနယ်မြေရဲစခန်းက ယာဉ်(ပ)၁၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၀၄-က ၃၃၇/၃၃၈ နဲ့ အမှူဖွင့်လှစ်အရေးယူဆောင်ရွှက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို: ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဖြူးမြို့နယ် တွင် ထင်းကား တိမ်းမှောက်ရာမှ အမျိုးသား(၃)သေဆုံး ဖြူးမြို့နယ် တွင် ထင်းကား တိမ်းမှောက်ရာမှ အမျိုးသား(၃)သေဆုံး Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.