ရပ်ကွက်အတွင်း ရဲအယောင် ဆောင်ငွေလိမ်တောင်းသူကို ဖမ်းဆီး


ရန်ကုန် ဧပြီ ၂၅

ရပ်ကွက်အတွင်း ရဲအယောင် ဆောင်ပြီး ငွေလိမ်တောင်းနေသူ တစ်ဦးကို ယခုလ ၂၂ ရက် ညနေ ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲ စခန်းက သိရသည်။

ရပ်ကွက်အတွင်း ရဲအယောင် ဆောင်ကာ ခြိမ်းခြောက်ငွေတောင်း နေကြောင်းခိုင်လုံသောသတင်းများ အရ မုံရွာမြို့မရဲစခန်းက တာဝန်ရှိ သူများသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ မုံရွာတောင် ပိတောက်ကုန်းရပ် မီး ကင်းတဲအနီးတွင် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် စဥ့်ကူ ရွာနေ လှထွေး(၅၅နှစ်)က လူ တစ်ဦးထံမှ ၄င်းက ရဲဟုပြောဆို ပြီးငွေကျပ် ၁၅ဝဝဝ တောင်းယူ နေခြင်းကို လက်ပူးလက်ကြပ် ဖမ်း ဆီးနိုင်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်း မှတ်တမ်းများအရ သိရသည်။

၎င်းအားဆက်လက် စစ်ဆေး ရှာဖွေရာ ရဲဟုပြောဆိုပြီး ခြိမ်း ခြောက်ရယူထားသော ငွေကျပ် ခြောက်သောင်းကျော်၊ ဖုန်းနှစ်လုံး၊ ရွှေဆွဲကြိုးအတုတစ်ကုံး၊ ခလရ -၂၃၅ က တပ်ကြပ်တစ်ယောက်၏ တပ်ပြင်ထွက်လက်မှတ်တစ်ခု၊ ဦးလှထွေးအမည်ပါ ယာဉ်မောင်း လိုင်စင်မူရင်း တစ်ခုနှင့်ဆိုင်ကယ် တစ်စီးတို့ကိုသိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ပြီး လှထွေးကို (ပ) ၄၅၉/ ၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကလည်း မုံရွာနယ်မြေရဲစခန်းအပိုင်အတွင်း ရဲမေအယောင်ဆောင်ကာ ငွေ တောင်းသော အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောင်ထူးမြတ်ခိုင်
The Union Daily
https://www.facebook.com/uniondaily.net
ရပ်ကွက်အတွင်း ရဲအယောင် ဆောင်ငွေလိမ်တောင်းသူကို ဖမ်းဆီး ရပ်ကွက်အတွင်း ရဲအယောင် ဆောင်ငွေလိမ်တောင်းသူကို ဖမ်းဆီး Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.