YBS (၆၄) ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

YBS (၆၄) ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား ၊ ဒီလိုမဖြစ်ပွားစေဖို့ ပိုမို ကြပ်မတ်သွားမယ်လို့ တာဝန်ရှိသူပြော
YBS (၆၄) ယာဉ်လိုင်းက ယာဉ်တစ်စီး မတ်လ ၂၂ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ဆီပိုက်ပြုတ် ထွက်ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ရန်ကုန်မြို့ တာမွေအ၀ိုင်းထိပ်အနီးမှာ ဖြစ်ပွားခဲ့တာပါ။

 ဒီလိုဖြစ်ပွားခဲ့တာကြောင့် ယာဉ်တွေရဲ့ ကြံ့ခိုင်မှု ၊ ယာဉ်ပေါ်မှာထားရှိသင့်တဲ့ပစ္စည်းတွေကို အရင်ကထက်ပိုပြီး ကြပ်ကြပ်မတ်မတ်စစ်ဆေးဖို့ ညွှန်ကြားသွားမယ်လို့ YBS (၆၄) ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


 ဒါ့အပြင် နွေရာသီ ရောက်ရှိလာ တာကြောင့် ယာဉ်တွေ မီးမလောင်စေဖို့လည်း ပိုမိုဂရုပြုဖို့ အသိပညာပေး သွားမယ်လို့ ပြောပါတယ်။ မကြာသေးခင်လကလည်း YBS (၁၂)ယာဉ်တစ်စီး မြောက်ဒဂုံမြို့နယ်ထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ဓာတ်ပုံ - Chaw Kalayar FB
5 Plus News
https://www.facebook.com/5plusnews/
YBS (၆၄) ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား YBS (၆၄) ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.