ရန်ကုန်ရှိ ဆေးရုံကြီး ၄ ခုတွင် သီလရှင် ဆရာလေးများ ၀မ်းပျက်ဝမ်းလျော ဖြစ်ပွား၍ ဆေးကုသံမှုခံယူ

ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ်ရှိဥာဏစာရီ ကျောင်းတိုက်ရှိ သီလရှင်များ အစာမှား၍ ၀မ်းပျက် ၀မ်းလျော ဖြစ်ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအပါအ၀င် အထွေထွေရောဂါကုဆေးရုံသစ်ကြီး ၊ ဝေဘာဂီဆေး ရုံကြီး ၊ရန်ကုန် အနောက် ပိုင်း ဆေးရုံကြီး တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ရန်ကုန်ပြည် သူ့ဆေး ရုံကြီးတွင် ၃၅ ပါး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

"ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာ ဆရာလေးတို့က ဘယ်လိုမှပြောလို့မရဘူး ၊ အစားကဟိုဟာစား၊ ဒီဟာစား ဆိုတော့ အတိအကျ နာမည် တပ်လို့မရဘူး ၊ သက်ဆိုင်ရာက စုံစမ်းလိမ့်မယ် သူတို့ကောက်ချက်ချတဲ့အတိုင်းပဲ ပြောလို့ရမယ် " ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် သီလရှင် ဆရာလေး တစ်ပါးက ပြောသည်။

သီလရှင် ဆရာလေး အချို့မှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်သဖြင့် ကျောင်းတိုက် သို့ ပြန်လည် ရောက်ရှိနေပြီး အချို့မှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရ သည်။

နွေဦးလင်း-Yangon Media Group


ရန်ကုန်ရှိ ဆေးရုံကြီး ၄ ခုတွင် သီလရှင် ဆရာလေးများ ၀မ်းပျက်ဝမ်းလျော ဖြစ်ပွား၍ ဆေးကုသံမှုခံယူ ရန်ကုန်ရှိ ဆေးရုံကြီး ၄ ခုတွင် သီလရှင် ဆရာလေးများ ၀မ်းပျက်ဝမ်းလျော ဖြစ်ပွား၍ ဆေးကုသံမှုခံယူ Reviewed by သစ်ထူးလွင် on 18:58 Rating: 5

No comments:

Powered by Blogger.