12 May 2012

ပြည်သူ့ ဂုဏ်ရည် ဆန်ခါတင် ၅ ဦး (ရုပ်/သံ)

ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူကို ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် အဖ ဦးကြည်သိန်း (တရားရုံးရှေ့နေ) နှင့် အမိ ဒေါ်မိမိလေး (အထက်တန်းပြဆရာမ) တို့က မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ အ.လ.က (၄) သင်္ကန်းကျွန်း၊ ၁၉၉၄ မှ ၁၉၉၆ အထိ အ.ထ.က (၂) သင်္ကန်းကျွန်းတို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။ ဆက်လက်ဖတ်ရှုရန်... http://www.citizenofburma.org/admirable-burmese/currentworks/item/135-ရှေ့နေ-ဦးရန်နိုင်အောင်-ခ-ဦးဖိုးဖြူ မိဘနှစ်ဦးစလုံးက AIDS ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး မိဘမှတဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေသော ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖွင့်လှစ်ထားသည့် ပရဟိတ ဂေဟာဖြစ်သည်။ အစိုးရ၏ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာများ နှင့် အခြားအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် ဂေဟာများရှိသော်လည်း ၎င်းတို့၏ သတ်မှတ်ချက်များနှင့် မကိုက်ညီ၍ ငြင်းပယ်ခံရသော ကလေးများဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်.. http://www.citizenofburma.org/admirable-burmese/currentworks/item/159-သုခရိပ်မြုံ-လူငယ်ဖွံ့ဖြိုးရေး-ပရဟိတဂေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ကို ၁၉၉၅ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ဤသို့ ဖွဲ့စည်းနိုင်ရန် အဓိက တိုက်တွန်းခဲ့သူ ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်... http://www.citizenofburma.org/admirable-burmese/currentworks/item/105-လူမှုအထောက်အကူပြုအဖွဲ့-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့၌ မွေးဖွားခဲ့သည်။ အဖ ဦးချစ်မောင်၊ အမိ ဒေါ်ယဉ်ရွှေ ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် တိုင်းရင်းမေဂျာနယ်ပါ 'တယ်လီဗေးရှင်း ဝေဒနာ' ၀တ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် 'အထူအပါး' ၀တ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ပြီး 'အထူအပါး' ၀တ္ထုကို ဂျပန်နိုင်ငံ ဒိုင်ဒိုဖောင်ဒေးရှင်းက ဂျပန်ဘာသာသို့ပြန်ဆို၍ 'အထူအပါးနှင့် အခြားဝတ္ထုများ' အမည်ဖြင့် ဂျပန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ဆက်လက်ဖတ်ရှုရန်... http://www.citizenofburma.org/admirable-burmese/currentworks/item/145-စာရေးဆရာမ-ဒေါ်သန်းမြင့်အောင် ၁၉၆၈ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဒူဝါလဖိုင်ဇော်ရစ် (ကွယ်လွန်) နှင့် အမိ ဒူဂျန် အင်ဒေါင်လုဘောက် တို့ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သို့ တက်ရောက်ပြီး B.Th ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုဆောင်အဖြစ် ၁ နှစ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်ဖတ်ရှုရန်.. http://www.citizenofburma.org/admirable-burmese/currentworks/item/155-la-phai...

3 comments:

ကေါင်းကေါင်း said...

ကိုဖိုးဖြူကိုမဲပေးချင်တယ်ဘယ်မှာဘယ်လိုပေးရမှာလဲ

shanlay said...

ဟားဟား မင်းတို့ ကိုဖိုးဖြူ ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဟုမ္မလင်းမြို့ ၊ နောင်ပကျစ်ရပ်ကွက် ၊ မြို့လယ်ဘုန်းတော်ကြီးကျောင်းမှာ 2-5-2012 နေ့က ခွင့်မတောင်းပဲ ဘုန်းကြီးဝတ်တဲ့ သင်းပိုင် နဲ့ ရေ၀င်ချိုးလို့ ၊ ဘုန်းကြီးက ရိုက်လွတ်လိုက်တာ သိကြားလား ငတုံးတွေရဲ့

crusekoole said...

ကျွန်တော် က တော့  အားလုံးကို ပေးချင်တယ် ဗျာ ဖြစ်နိုင်ရင်

အားလုံး ဟာ အဖက်ဖက် က နေ ကူညီ လုပ်ဆောင်နေတဲ့  hero
တွေ ပါပဲ

အားလုံး ကို လေးစားစွာဖြင့်  အလေးပြု လျက်

Post a Comment