12 July 2013

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားခဲ့သူ ကိုဝေဖြိုး အဖမ်းခံရ

Generation Wave(GW)အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဝေဖြိုး ကို ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့မှုကြောင့် ပြည်မြို့ ရဲစခန်းက ဖမ်းလိုက်တယ်လို့သတင်း ရရှိပါတယ်။ သူ့ကိုပြီးခဲ့တဲ့ ၁ဝ ရက်နေ့က ပြည်မြို့မှာ သင်တန်းတစ်ခုပို့ချဖို့ရောက်နေတုန်း ရဲကတည်းခိုခန်းမှာ လာရောက် ခေါ်ဆောင်ပြီး ဖမ်းဆီး လိုက်တာဖြစ်တဲ့ အကြောင်း GW အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမိုးသွေးက RFA ကိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ