18 June 2013

မလေးရှားပြန်မြန်မာ များကို အလုပ်ရှာပေးမည်ဟု ဝန်ကြီးဆို

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော မလေးရှားပြန် အလုပ်သမားများကို အလုပ် ရှာပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ မလေးရှားနိုင်ငံက ပြန်လာသည့် လုပ်သားများကို ၄င်းတို့တတ်ကျွမ်းသည့် လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိအောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ပြီး ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးကို ယခုရက်ပိုင်း အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကောင်တာတစ်ခုဖွင့်ကာ နေရာချထားရန် စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ